ချန်ပီယံလိဂ် ပြိုင်ပွဲမှပါ ထွက်လိုက်ရပြီ ဖြစ်တဲ့ ယူနိုက်တက်် 0-1 အေတီကို ပွဲစဥ်မှာ ဘယ်သူတွေ ကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့် ၊ ဒုတိယ အကျော့ ပွဲစဥ်အဖြစ် စပိန် ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းကို ရင်ဆိုင်ခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

ဒီပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ပြိုင်ဖက် အသင်းနဲ့ အပြန်အလှန် ယှဥ်ပြိုင် ကစားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ လက််တွေ့မှာတော့ ခံစစ်ပိတ်ကစားတဲ့ အသင်းကို ဂိုးသွင်းဖို့ Plan ကြို မဆွဲနိုင်ခဲ့ကြပါဘူး ။

အေတီကို အသင်းကတော့ ပွဲချိန် 41 မိနစ်မှာပဲ အဖွင့်ဂိုး ရယူနိုင်ခဲ့တဲ့နောက် ခံစစ်ကို ပိုမို အသားပေး ကစားခဲ့ပြီး ယူနိုက်တက်တို့ ဂိုးသွင်းလို့ မရနိုင်အောင် ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ခဲ့ပါတယ် ။ အခုတော့ အေတီကို တို့ဟာ နှစ်ကျော့ပေါင်း 0 – 1 ဆိုတဲ့ ရလဒ် နဲ့ နောက်တစ်ဆင့် တက််ရောက်နိုင်ခဲ့ပါပြီ ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှပါ ထွက်ခွာလိုက်ရပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် တစ်ခုသာ ကစားရဖို့ ကျန်နေပါတော့တယ် ။ ဒီပွဲစဥ်မှ ဘယ်သူတွေ ကောင်းပြီး ဘယ််သူတွေ ညံ့ခဲ့သလဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (6)

0-0 ဖြစ်နေချိန်မှာ ဒီပေါလ် ရဲ့ အလန်းစား ကန်ချက်ကို ဟန့်တားပြနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ လိုဒီ ရဲ့ သွင်းဂိုးကိုတော့ ဟန့်တားနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

ဒါးလော့ (4)

တိုက်စစ် ကစားပုံ ကောင်းခဲ့ပေမဲ့ ဖြတ်တင်ဘောတွေ ညံ့ခဲ့ပါတယ် ။ ဂိုးသွင်းယူနိုင်ခွင့်တွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး ။ လိုဒီ ကို ဟန့်တားနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

ဗာရန်း (7)

မသေမသပ် ကစားနေခဲ့တဲ့ မက်ဂွားယားရဲ့ နေရာကို ဖြည့်စွက် ကစားပေးနိုင်ခဲ့ပြီး အစောပိုင်း မိနစ်တွေမှာလည်း တကယ့်ကို ကောင်းမွန်တဲ့ ရှင်းထုတ်မှုတွေ တည်ငြိမ်စွာပဲ လုပ်ပြနိုင်ခဲ့ပါတယ် ။ ဂိုးရဖို့တောင် နီးစပ်ခဲ့ပါသေးတယ်။

မက်ဂွားယား (4)

ဂိုးဧရိယာထဲမှာ ကစားပုံ လျော့တိလျော့ရဲဖြစ်နေခဲ့သလို ဘောလုံးကိုင် ကစားချိန်မှာလည်း လေးကန်နေခဲ့ပြီး ပေးပို့မှု အချို့ အလွဲလွဲ အချော်ချော် ဖြစ်ခဲ့ရပါသေးတယ် ။

တဲလက်စ် (5)

အစောပိုင်း မိနစ်တွေမှာ ဆန်ချိုနဲ့ အကောင်းဆုံး တွဲဖက် ကစားပေးနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ မှေးမှိန် ပျောက်ကွယ်သွားခဲ့ပါတယ် ။

မက် တော်မီနေး (4)

အစွမ်းကုန် ကြိုးစားပေးမဲ့ ကစားသမားမျိုးဖြစ်ကြောင်း ပြသနိုင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည် ကတော့ သာမန်သာ ဖြစ်နေခဲ့ပါတယ် ။

ဖရက်ဒ် (6)

စပါး နဲ့ ပွဲစဥ်မှာ ကောင်းခဲ့တဲ့ ဖရက်ဒ် က ဒီပွဲမှာလည်း ယုံကြည်မှု အပြည့်နဲ့ စတင်နိုင်ခဲ့ပြီး တိုက်စစ်ဆင် ကစားမှုတွေ လုပ်ပြနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စွမ််းဆောင်ရည် ကျဆင််းသွားခဲ့ပါတယ် ။

အီလန်ဂါ (5)

တစ်ဂိုးတော့ သွင်းယူနိုင်ခဲ့သင့်ပါတယ် ။ ဒါပေမဲ့ ဘောလုံံး ဆုံးရှုံးမှု များခဲ့ခြင်းကြောင့် အရာမထင် ဖြစ်ခဲ့ရပါတယ် ။ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ပျက်ကွက်ခဲ့ပါတယ် ။

ဘရူနို (5)

ချွန်ထက်မှု ကင်းမဲ့ခဲ့ပါတယ် ။ အခွင့်အရေး ဖန်တီးမှု ၊ ဂိုးပေါက် ခြိမ်းခြောက်မှုအချို့ လုပ်နိုင်ခဲ့ပေမဲ့ အသုံးမတည့်ခဲ့ပါဘူး ။ လူစားလဲခံခဲ့ရပါတယ် ။

ဆန်ချို (4)

ဒီလ ကစားခဲ့တဲ့ ပွဲစဥ်တွေ အတွင်း အညံ့ဆုံး ပွဲစဥ် တစ်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ် ။ အစောပိုင်း မိနစ်တွေမှာ ခြေစွမ််းပြနိုင်ခဲ့ပေမဲ့ လော်ရန်တေးကို ကျော်ဖြတ်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ရော်နယ်ဒို (5)

ကြိုးကြိုးစားစား ကစားပေးခဲ့ပြီး စိတ်အားထက်သန်မှုတွေလည်း ပြသခဲ့ပါသေးတယ် ။ ဒါပေမဲ့ အေတီကို ခံစစ်ကို ဒုက္ခပေးနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ပေါ့ဂ်ဘာ (5)
ရပ်ရှ်ဖို့ (4)
မာတစ် (5)
ကာဗာနီ (4)
မာတာ (5)

#Sports_Myanmar