ချန်ပီယံလိဂ်က ထွက်ရမှုနဲ့ ပတ်သက်ပြီး ဒိုင်လူကြီး ကို အပြစ်တင်ဝေဖန်ခဲ့တဲ့ PSG နည်းပြ ပိုချက်တီနို

PSG အသင်းရဲ့ နည်းပြ ပိုချက်တီနို ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် က ဒိုင်လူကြီး ဖြစ်သူရဲ့ ဆုံးဖြတ်ချက် အပေါ် စိတ်ဆိုး ဒေါသထွက် ခဲ့ပြီး ရီးရဲ မက်ဒရစ် ကို ရှုံးနိမ့် စေခဲ့တဲ့ အဓိက အပြောင်းအလဲ ကို ဖြစ်စေ ခဲ့တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

PSG ဟာ စပိန်မြေကို သွားရောက်ပြီး ရီးရဲ မက်ဒရစ် နဲ့ ရင်ဆိုင် ကစားကာ နှစ်ကျော့ပေါင်း ရလဒ် အရေးနိမ့်ပြီး ချန်ပီယံလိဂ် ကနေ ထွက်ခွာ ခဲ့ရ ပါတယ် ။

ပထမ အကျော့ ကို ၁-၀ နဲ့ အနိုင် ရထားတဲ့ PSG ဟာ ဒီပွဲရဲ့ ပထမပိုင်းအပြီးမှာ တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ရဲ့ သွင်းဂိုးကြောင့် နှစ်ကျော့ပေါင်း ၂-၀ နဲ့ ဦးဆောင် ထားနိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဒုတိယပိုင်း မှာ ရီးရဲ ကစားပုံ ပိုကောင်း လာခဲ့ပြီး ဘန်ဇီးမား က တယောက်တည်း ၃ ဂိုး သွင်းကာ နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ ရီးရဲမက်ဒရစ် တို့ ကွာတား ဖိုင်နယ် ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။

ဘန်ဇီးမား ရဲ့ ပထမ ဂိုးမှာ ပြင်သစ် တိုက်စစ်မှူးဟာ PSG ဂိုးသမား ဒွန်နာရမ်မာ ကို ပြစ်ဒဏ် ကျူးလွန် ခဲ့တယ်လို့ ပိုချက်တီနို က အခိုင်အမာ ပြောဆို သွားခဲ့ ပါတယ် ။

ဘန်ဇီးမား ရဲ့ ဖိအားပေးမှုကြောင့် ဒွန်နာရမ်မာ ဘောလုံး ဆုံးရှုံး ရာကနေ ရီးရဲ တို့ ပထမဂိုး ရရှိ ခဲ့တာလည်း ဖြစ်ပါတယ် ။

“လုံး၀ မမျှတဘူးလို့ ခံစား မိပါတယ် ။ ဘာကြောင့်လည်း ဆိုတော့ ပထမ ဂိုးကြောင့်ပါ ။

ဘန်ဇီးမား က ဒွန်နာရမ်မာ ကို ပြစ်ဒဏ် ကျူးလွန် ခဲ့တာ အသိသာကြီးပါ ။ ဒီဂိုး မတိုင်ခင်က ကျွန်တော်တို့ က ပွဲကို ချုပ်ကိုင် ထားခဲ့တာပါ ။ လုံး၀ မဖြစ်သင့်တဲ့ ဂိုးပါပဲ”

“နှစ်ပွဲပေါင်း မိနစ် ၁၈၀ မှာ ကျွန်တော်တို့ ကစားတာ ပိုကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် ၁-၁ အနေအထားမှာ ရီးရဲ မက်ဒရစ် အတွက် ဘာမှ ထပ်ဆုံးရှုံး စရာ မရှိတော့ ပါဘူး ။ သူတို့ ရှိသမျှ ပုံအောပြီး ကစား သွားခဲ့ ပါတယ် ။

သူတို့ ရဲ့ ပထမဂိုး အတွက် ကျွန်တော့ ဂိုးသမားကို အပြစ်တင် စရာ မရှိပါဘူး ။ ဒါက လုံးဝကို သိသာတဲ့ ပြစ်ဒဏ်ဘောပါ ။ VAR က ဒါကို ပြစ်ဒဏ်လို့ မသတ်မှတ် ခဲ့တာ တကယ် စိတ်ပျက်စရာပါပဲ” လို့ ပိုချက်တီနို က ပွဲအပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

PSG အသင်းရဲ့ အကြီးအကဲ နက်ဆာ အယ်ခါလီဖီ ဟာလည်း ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကို ဒေါသထွက် ပေါက်ကွဲ ကာ ပွဲ အပြီးမှာ VIP ပွဲကြည့်စင် ကနေ ဒိုင်လူကြီးတွေ ရဲ့ အဝတ်လဲခန်းထဲ ကို သွားရောက်ပြီး ပြောဆို အော်ဟစ် ခဲ့တယ်လို့ သိရ ပါတယ် ။

PSG ဟာ ပြင်သစ် လိဂ် မှာ ဦးဆောင်ထားပြီး ဗိုလ်စွဲဖို့ အလားအလာ ကောင်းနေ ပေမယ့် အနှစ်နှစ် အလလ မျှော်လင့် စောင့်ဆိုင်း နေရတဲ့ ဥရောပ အောင်မြင်မှု ကတော့ ဒီရာသီ မှာလည်း ဆုံးခန်းတိုင် သွားခဲ့ရ ပြန်ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR