ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လီဗာပူးကို ကောင်းကောင်း ဒုက္ခပေးသွားနိုင်တဲ့ ဘင်ဖီကာ ကစားသမားကို ထုတ်ဖော်လိုက်တဲ့ မီကာရစ်ချက်

မန်ချက်စတာစီးတီး ကစားသမားဟောင်း ဖြစ်သူ မီကာရစ်ချက်ဟာ လီဗာပူး အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တွေ့ဆုံမယ့် ပြိုင်ဘက်အသင်းရဲ့ ကစားသမား တစ်ဦးနဲ့ ပက်သက်ပြီး သတိပေး ပြောဆိုသွား ခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အတွက် မဲခွဲပွဲမှာ ပေါ်တူဂီ ကလပ် ဘင်ဖီကာ နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ဒီအဆင့်မှာ အနိုင်ရတဲ့ အသင်းဟာ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ဘင်ဖီကာနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဘင်ဖီကာဟာ ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အိုင်ယက်ကို နှစ်ကျော့ပေါင်း ၃-၂ နဲ့ အနိုင်ယူကာ ဒီအဆင့်ကို တက်လာခဲ့တာ ဖြစ်ပြီး ဒုတိယအကျော့ နယ်သာလန်မြေမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဘင်ဖီကာ အတွက် တစ်လုံးတည်းသော နောက်ကျ အနိုင်ဂိုးကို ဒီရာသီမှာ အထူး ခြေစွမ်းပြနေတဲ့ ဒါ၀င်နူးနက်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးတို့ ဘင်ဖီကာနဲ့ ကွာတားဖိ်ုင်နယ်မှာ တွေ့ဆုံနေတဲ့ အပေါ် သုံးသပ်ရာမှာ မန်စီးတီး ကစားသမားဟောင်း ရစ်ချက်က လီဗာပူး ပရိတ်သတ်တွေ အနေနဲ့ ဒီအဆင့်မှာ ပေါ်တူဂီ ကလပ်နဲ့ တွေ့ဆုံနေတဲ့ အပေါ် ပျော်ရွှင်နေလိမ့်မယ်လို့ ပြောသွားခဲ့ပေမယ့်လည်း ကစားသမား တစ်ဦးနဲ့ ပက်သက်ပြီးတော့ သတိပေးမှု လုပ်သွားခဲ့ ပါတယ်။

မီကာရစ်ချက်က “လီဗာပူး ပရိတ်သတ်တွေ အနေနဲ့ ကွာတားဖိုင်နယ် အဆင့် အတွက် မဲခွဲမှု ထွက်ပေါ်လာခဲ့ပြီးတဲ့ အချိန်မှာ ဘင်ဖီကာနဲ့ တွေ့ဆုံနေခဲ့တဲ့ အပေါ် ၀မ်းမြောက် နေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ လီဗာပူး အသင်းကို သတိပေးမှု တစ်ခုတော့ ပြုလုပ်သွားချင် ပါတယ်။

ဘင်ဖီကာ တိုက်စစ်မှုး ဖြစ်တဲ့ ဒါ၀င်နူးနက်ကို ကျွန်တော် ဒီတစ်ရာသီလုံး မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ အိုင်ယက်ကို အမ်စတာဒမ်မှာ အနိုင်ဂိုး သွင်းယူကာ ဘင်ဖီကာကို နောက်တစ်ကြိမ် အောင်ပွဲခံစေခဲ့ပြီး သူတို့ကို နောက်ဆုံး ၈ သင်း အဆင့်ကို ပို့ဆောင်ပေးခဲ့ ပါတယ်။ နူးနက်ဟာ ဒီရာသီ ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ ၂၆ ဂိုးထိ သွင်းယူပေးထားခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ အခုမှ အသက် ၂၂ နှစ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် ဖြစ်ပါတယ်။

နူးနက်ဟာ အရပ်ရှည်တယ် ၊ သန်မာတယ် ၊ ခံစစ်တွေကို ကျော်ကာ ပြေးလွှားနိုင်ပြီး ဘယ်လို အဆုံးသတ်ရမလဲ ဆိုတာကို ကောင်းကောင်း သိနေသူ ဖြစ်ပါတယ်။ သူဟာ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ဘာစီလိုနာ အိုင်ယက် စတဲ့ အသင်းတွေ ဘက်ကို ဂိုးသွင်းယူထားခဲ့ပြီး ဖြစ်ပါတယ်။ သူ့ကို အထင်မသေးလိုက်ပါနဲ့။ သူဟာ လီဗာပူးနဲ့ ပွဲမှာ ဒီလိုမျိုး လုပ်သွားနိုင်သူ ဖြစ်ပါတယ်။” လို့ ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒါ၀င်နူးနက်ကို ခေါ်ယူဖို့ စိတ်၀င်စားနေတဲ့ အသင်းတွေထဲမှာ ပါ၀င်နေတယ်လို့ သိရပြီး ထွက်ပေါ်နေတဲ့ သတင်းများ အရ ဘင်ဖီကာဟာ ဥရုဂွေး တိုက်စစ်မှုး အတွက် ပေါင် ၅၅ သန်း စျေးနှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

SM