ချန်ပီယံတို့ ကစားမယ့် ရက်စွဲ ၊ အိုးထရက်ဖိုဒ့် ကို တောင်းဆိုတဲ့ လီဗာပူး ပရိသတ်တွေ ၊ ယူဗင် အခက် အင်တာ အချက် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ဥရောပ ဘောလုံးအဖွဲ့ချုပ် နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် တို့ရဲ့ ပူးပေါင်းမှု ပထမ ခြေလှမ်း ဖြစ်တဲ့ ယူရို ချန်ပီယံ အီတလီ နဲ့ ကိုပါ ချန်ပီယံ အာဂျင်တီးနား တို့ ရဲ့ Finalissima 2022 ပွဲစဉ် ကို လာမယ့် ဇွန်လ ၁ ရက်နေ့ မှာ အင်္ဂလန် နိုင်ငံ ဝင်ဘာလေ ကွင်းကြီး ထဲမှာ ကျင်းပ ကစား သွားဖို့ အတည်ပြု သတ်မှတ် လိုက်ပြီ ဖြစ်ပါတယ် ။

ဆီဗီးလား ကို အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ အန်တိုနီ မာစီရယ် ဟာ စပိန် ကလပ် ရဲ့ စနစ်နဲ့ အံဝင်ဖို့ ရုန်းကန် နေရပြီး ဆိုဆီဒက် နဲ့ ပွဲမှာ လူစားလဲ ခံရမှု အတွက် စိတ်ပျက် ဒေါသ ထွက်ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

အီတလီ သတင်းစာတွေ ကတော့ ယူဗင်တပ် နဲ့ စာချုပ်သစ် မချုပ် နိုင်ဘဲ နွေရာသီမှာ ထွက်ခွာ လာမယ့် တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလား ကို အင်တာ မီလန် က အရ ခေါ်ယူလိမ့်မယ်လို့ ရေးသား သုံးသပ် လာခဲ့ကြပါတယ် ။

ဘာစီလိုနာ အသင်းဟာ အေစီမီလန် ကနေ နွေရာသီမှာ စာချုပ်ပြည့်မယ့် ဖရန့် ကတ်ဆီ ကို ခေါ်ယူဖို့ ကြိုတင် စာချုပ် ချုပ်ဆို နိုင်ခဲ့ပြီလို့ နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို က ဖော်ပြ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ကတ်ဆီ ကို ၄ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ မှာ ဖြစ်ပြီး တနှစ်ကို ဆုကြေးအပါအဝင် ယူရို ၇ သန်း ဝန်းကျင် ရရှိမယ် လို့ သိရ ပါတယ် ။

လီဗာပူး ဟာ ပွဲကြပ်တွေ များမယ့် ဧပြီ အတွက် ဒဏ်ရာ ကစားသမားတွေ ကို အမြန်ဆုံး သက်သာ လာအောင် လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

လီဗာပူး ကွင်းလယ်လူ နာဘီ ကီတာ ဟာလည်း ဒူးဒဏ်ရာကြောင့် ဂီနီယာ လက်ရွေးစင် အသင်း လူစာရင်း ကနေ နှုတ်ထွက် ခဲ့တယ်လို့ သိရပါတယ် ။

လီဗာပူး ပရိသတ်တွေ ဟာ ( ပွဲစဉ်နေ့မှာ ဝင်ဘာလေ ကွင်းကို ရထားဖြင့် သွားရောက်ရန် အဆင်မပြေမှု အတွက် ) မန်စီးတီး နဲ့ ကစားမယ့် FA Cup ဆီမီး ဖိုင်နယ် ပွဲစဉ်ကို မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုးထရက်ဖိုဒ့် ကွင်းမှာ ပြောင်းလဲ ကစားခွင့်ပေးဖို့ တောင်းဆို နေကြတယ်လို့ သိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာမယ့် အီဒီဆင် ကာဗာနီ ရဲ့ နေရာ အတွက် အဲဗာတန် တိုက်စစ်မှူး ရစ်ချလီဆင် ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ရုဒ် ဗန် နစ္စတယ်ရွိုင်း ကတော့ PSV အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်း စားနေတယ်လို့ ကြားသိရ ပါတယ် ။

နစ္စတယ်ရွိုင်း ဟာ လက်ရှိမှာ PSV အရန် အသင်းကို တာဝန်ယူ ကိုင်တွယ် နေပြီး ကလပ် CEO သစ် ဖြစ်လာမယ့် မာဆယ် ဘရန်းစ် က ရွိုင်း ကို စီနီယာ အသင်း နည်းပြ အဖြစ် ထောက်ခံ ထားတယ်လို့ သိရပါတယ် ။

တော့တင်ဟမ် ဟော့စပါး ကွင်းလယ်လူဟောင်း ဒန်နီ မာဖီ က ဝက်စ်ဟမ်း ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက အရန် တိုက်စစ်မှူး မဝယ်ယူခဲ့မှုဟာ သူတို့ ရဲ့ လက်ကျန် ပွဲစဉ်တွေ မှာ အခက်တွေ့ စေနိုင်ပြီး ဥရောပ ရည်မှန်းချက် ကို လက်လွှတ် ရနိုင်တဲ့ အထိ ဖြစ်လာ နိုင်တယ်လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ် ။

PSG အသင်းသားတွေ ရဲ့ လုပ်ခ တွေကို ယမန်နေ့က ထုတ်ပြန် ခဲ့ရာမှာတော့ နေမာ ဟာ အသင်းသားတွေ ထဲမှာ တနှစ်လုပ်ခ အများဆုံး ရရှိသူ ဖြစ်နေခဲ့ ပါတယ် ။

နေမာ ဟာ တနှစ်ကို ပေါင် ၄၁ သန်း လုပ်ခ ရရှိပြီး မက်ဆီ က ပေါင် ၃၄ သန်း ၊ ဘာပေ က ပေါင် ၂၂ သန်း ရရှိတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR