ခံစစ်မှူး ၂ယောက်လုံးလွဲမယ့် ပေါ်တူဂီ ၊ လူသစ်တွေထပ်ထည့်ရတဲ့ အင်္ဂလန် ၊ Wonder Kid တယောက်ကို အပြိုင်လုမယ့် ထိပ်သီးအသင်းတွေ နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

တူရကီ နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-off ကစားမယ့် ပေါ်တူဂီ လက်ရွေးစင် အသင်း ခံစစ်မှူး ပီပီ ဟာ ကိုဗစ် ဖြစ် နေတာကြောင့် လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့ရ ပါတယ် ။

ပေါ်တူဂီ ရဲ့ အားထားရတဲ့ ခံစစ်မှူး ရူဘင်ဒီယာ့စ် ဟာလည်း ဒဏ်ရာကြောင့် အခု နိုင်ငံတကာ ရက်သတ္တပတ် ကို လွဲချော်ခဲ့တာကြောင့် အဓိက ခံစစ်မှူးတွေ မပါဘဲ ကစားရတော့မှာပါ ။

ပေါ်တူဂီ နောက်ခံလူ ကန်ဆယ်လို ဟာလည်း ပွဲပယ် ထိထားတာကြောင့် အခုပွဲ ကို လွဲချော်မှာပါ ။

ယူဗင်တပ် တိုက်စစ်မှူးလေး ပေါ်လို ဒိုင်ဘားလား နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်ခဲ့ပြီး စာချုပ်သစ် ချုပ်ဆို ဖြစ်တော့မှာ မဟုတ်ဘူးလို့ အသင်းရဲ့ ဒါရိုက်တာ က ထုတ်ဖော်ပြောဆို သွားခဲ့ ပါတယ် ။

ဒိုင်ဘားလား ဟာ ဇွန်လ ၂၀၂၂ မှာ ယူဗင်တပ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး တနှစ်လုပ်ခ ယူရို ၈ သန်း + အပိုဆုကြေး ၂ သန်း နဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်း ရှိမယ့် စာချုပ်သစ်ကို နှုတ်အားဖြင့် သဘောတူညီ ထားခဲ့ပေမယ့် ဆက်လက်ညှိနှိုင်းမှုတွေမှာ သဘောတူညီမှု မရရှိ ခဲ့တာကြောင့် အခုလို ထွက်ခွာ ရဖို့ ဖြစ်လာစေခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆီဗီးလား ဂိုးသမား ယာဆင်း ဘိုနူ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဒါးဗစ် ဒဟဲယား ရဲ့ ပြိုင်ဘက် အဖြစ် ထားရှိသွားဖို့ စဉ်းစား နေတယ်လို့ သတင်း ကြားသိရ ပါတယ် ။

နယူးကာဆယ် ကတော့ ချဲလ်ဆီး ဒုတိယ ဂိုးသမား ကီပါ နဲ့ မန်ယူနိုက်တက် ဒုတိယ ဂိုးသမား ဟန်ဒါဆင် တို့ ကို နွေရာသီမှာ ချိတ်ဆက် သွားဖို့ စဉ်းစား နေတယ်လို့ သိရ ပါတယ် ။

ဝက်စ်ဟမ်း တောင်ပံ ကစားသမား ဂျရတ် ဘိုဝင် ရဲ့ ခြေထောက် ဒဏ်ရာဟာ အစောပိုင်း ထင်မြင်ထားချက် တွေထက် ပိုမို ဆိုးရွားဖွယ် ရှိနေပြီး လိုင်ယွန် နဲ့ ကစားမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် အတွက် မသေချာတဲ့ အနေအထားမှာ ရှိနေတယ်လို့ ကြားသိရ ပါတယ် ။

အလက်ဇန်းဒါး အာနိုး ၊ ရစ်ဆီ ဂျိမ်းစ် ၊ အာရွန် ရမ်းစဒဲလ် ၊ တမ်မီ အေဘရာဟမ် တို့ နှုတ်ထွက် သွားခဲ့ တာကြောင့် အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ ကိုင်လ်ဝေါ်ကာ ပီတာ ၊ ထရစ် မစ်ချယ် ၊ အိုလီ ဝက်ကင်းစ် နဲ့ ဆမ်ဂျွန်စတုန်း တို့ကို လာမယ့် ခြေစမ်းပွဲတွေ ကစားမယ့် လက်ရွေးစင် အသင်းစာရင်းမှာ ထည့်သွင်း ခေါ်ယူ ခဲ့ရတယ်လို့ သိရပါတယ် ။

လီဗာပူး ၊ ဘာစီလိုနာ ၊ ဘိုင်ယန်မြုးနစ် နဲ့ အာဆင်နယ် တို့ ဟာ PSV နဲ့ ဒီရာသီမှာ ခြေစွမ်းပြ နေတဲ့ တောင်ပံ ကစားသမားလေး ကိုဒီ ဂတ်ပို ကို စိတ်ဝင်စား နေကြတယ်လို့ သတင်း ထွက်ပေါ်လာ ပါတယ် ။

ဂတ်ပို ဟာ ဒီရာသီမှာ PSV အတွက် ၃၆ ပွဲ ကစားပြီး ၁၆ ဂိုးသွင်းကာ ၁၄ ဂိုးအထိ ဖန်တီးပေးထား နိုင်ခဲ့ ပါတယ် ။ လက်ရှိမှာတော့ နယ်သာလန် ကလပ်ဟာ ကိုဒီ ဂတ်ပို အတွက် ပေါင် သန်း ၄၀ ခန့် တောင်းဆိုဖွယ် ရှိတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး ကို ဝယ်ယူဖို့ ကြိုးစား နေတဲ့ ဗြိတိန် ဘီလီယံနာ နစ်ကန်ဒီ ဟာ သူ့ရဲ့ ကမ်းလှမ်းကြေး ကို တိုးမြှင့် လိုက်တယ်လို့လည်း သိရပါတယ် ။

လက်စတာ စီးတိး အသင်းဟာ ရက်ဘူး ဆဲဘတ် ရဲ့ အသက် ၂၀ အရွယ် ရှေ့တန်း ကစားသမားလေး အဒါမူ ကို ဆောက်သမ်တန် ၊ မာဆေး ၊ မိုနာကို တို့နဲ့ အပြိုင် စိတ်ဝင်စား နေတယ်လို့ သတင်း ကြားသိရပါတယ် ။

အာဆင်နယ် ၊ စပါး ၊ ဝုဗ် တို့ ပွဲတွေမှာ ကွင်းအတွင်း ဝင်ရောက် ဆန္ဒပြမှုတွေ ဆက်တိုက် ဖြစ်ပေါ် အပြီး မှာတော့ ပရိးမီးယားလိဂ် အဖွဲ့ချုပ်ဟာ ကလပ် အသင်း လုံခြုံရေးတွေကို တိုးမြှင့်ဖို့ အတွက် တာဝန် ရှိသူတွေ ကို ဆင့်ခေါ် ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ် ။

FA Cup ဆီမီးဖိုင်နယ် ကစားမယ့် ရက်သတ္တပတ် မှာ လန်ဒန် က ရထားလမ်းကြောင်းတွေ ပိတ်ထားမှာ ဖြစ်တာကြောင့် ( ရထားလမ်းကြောင်း မွမ်းမံမှုတွေကြောင့် ) မန်ချက်စတာ နဲ့ လီဗာပူး ကနေ လန်ဒန် ကို ရထားစီးပြီး လာရောက်မယ့် ပရိသတ် များစွာ အတွက် အခက်တွေ့ နေပြီး ပွဲကို ရွှေ့ဆိုင်း ပေးဖို့ မန်စီးတီး နဲ့ လီဗာပူး ပရိသတ်တွေ က တောင်းဆို နေကြတယ်လို့ ကြားသိရ ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ကြောင့် ချဲလ်ဆီး ပရိသတ်တွေဟာ ခရစ္စတယ် ပဲလေ့စ် နဲ့ ကစားမယ့် FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဝင်ဘာလေ ကွင်းအတွင်း ဝင်ရောက် ကြည့်ရှုခွင့် ရရှိတော့မယ်လို့လည်း သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR