ခရစ်စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့ပြီးနောက် ကွင်းမြက်ခင်းပြင်ကို ကွန်ပလိန်းတက်ခဲ့တဲ့ ဂွာဒီယိုလာ

မနေ့ညက ခရစ်စတယ်ပဲလေ့စ် အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် ပက်ဂွာဒီယိုလာဟာ ဆယ်ဟတ်ပက်ကွင်းရဲ့ မြက်ခင်းပြင်ကို ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟာ ပဲလေ့စ်ကို တစ်ပွဲလုံး လွှမ်းမိုး ကစားကာ အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ပက်ထရစ်ဗီအဲရာရဲ့ အသင်းဘက်ကို ဂိုးသွင်းနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

ဒီရလဒ်ကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ၄ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်ထားဆဲ ဖြစ်ပေမယ့်လည်း ယာဂန်ကလော့ရဲ့ အသင်းဟာ လက်ကျန် တစ်ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အပြင် လာမည့် ဧပြီလမှာလည်း ဒီနှစ်သင်း အီတီဟတ်မှာ ထိပ်တိုက် တွေ့ဆုံရအုံးမှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ အဆိုပါ ပွဲစဉ် အပြီးမှာ သူ့အသင်းရဲ့ ကစားပုံ နဲ့ ပြိုင်ဘက်ရဲ့ ကစားဟန်တွေကို ချီးကျူး သွားခဲ့ပေမယ့်လည်း ဆဲဟတ်ပက်ကွင်းရဲ့ မြက်ခင်းပြင် အခြေအနေကိုတော့ ကွန်ပလိန်း တက်သွားခဲ့ပါတယ်။

ပက်က “ပဲလေ့စ်ဟာ ဒီပွဲမှာ ကောင်းကောင်း ကစားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲတွေ အများကြီး ကစားဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့ နိုင်ပွဲတွေ အများကြီး ရယူသွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲမှာ ကစားခဲ့တဲ့ ပုံစံနဲ့ ပက်သက်ပြီး ဘာမှ နောင်တရနေစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့ အနိုင်ရလဒ်တော့ ပိုပြီး လိုချင်တာပေါ့ဗျာ။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ ဒီပွဲကို အနိုင်ရဖို့ အတွက် ကစားခဲ့တာပါ။ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုမို ဖန်တီးနိုင်ခဲ့ပြီး အချက်အလက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ဟာ မြင်ခင်းပြင် အခြေအနေက perfect ဖြစ်မနေတဲ့ ခက်ခဲတဲ့ကွင်းမှာ တအားကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တစ်ပွဲလုံးနီးပါး လွှမ်းမိုး ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘာနာဒိုဆေးလ်ဗားက လီဗာပူးဟာ တစ်ဖြည်းဖြည်း နီးကပ်လာခဲ့ပေမယ့်လည်း စီးတီးဟာ title race မှာ အခြေအနေကောင်းကို ပိုင်ဆိုင်ထားဆဲလို့ ပြောလိုက်ပါတယ်။

ဆေးလ်ဗားက “ဒါဟာ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပြီး တစ်ကြိမ် နှစ်ကြိမ်လောက်ကလွဲပြီး ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဂိုးတွေ ရခဲ့သင့်ပါတယ်။ ၉ ပွဲ ကစားရဖို့ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ လီဗာပူးထက် ပိုကောင်းတဲ့ အနေအထားမှာ ရှိနေဆဲပါ။ သူတို့ဟာ ကျွန်တော်တို့ ကွင်းမှာ ကစားရဖို့ ရှိနေသေးတာကြောင့် ဒါဟာ စိတ်လှုပ်ရှားစရာ ပွဲကောင်း ဖြစ်လာမှာပါ။

ပရီးမီးယားလိဂ်မှာ အဝေးကွင်း ကစားရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ သရေထက် အနိုင်ရလဒ်က အမြဲတမ်း ပိုကောင်းပါတယ်။ ကျွန်တော်တို့ လီဗာပူးကို ၆ မှတ် အသာနဲ့ ပြန်လည် ဦးဆောင်ချင်ခဲ့တာပါ။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ လာမည့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ကို အမ်းမရိတ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး အနိုင်ရခဲ့မယ် ဆိုပါက မန်စီးတီးနဲ့ ပွဲတူ တစ်မှတ်အကွာကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

SM