ကြားရက်မှာ ကစားသွားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုကျော့ ပွဲစဉ်တွေအတွက် မိုက်ကယ်အို၀င်ရဲ့ ခန့်မှန်းချက်များ

၁~ဘိုင်ယန်မြူးနစ် vs RB ဆဲဘတ် (၁-၁)

ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်မှာ ဖိအားတွေ ရှိနေပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အကောင်းဆုံး ပုံစံကို ပြသထားနိုင်ခဲ့ခြင်း မရှိတဲ့ အပြင် ပထမ အကျော့ကလည်း ဆဲဘတ်နဲ့ ပွဲမှာ ကစားပုံ မကောင်းခဲ့ပါဘူး။ ဆဲဘတ်ဟာ ထင်သလောက် ချီးကျူးခံရတဲ့ အသင်း မဟုတ်ပါဘူး။ ဒါပေမယ့် ဘိုင်ယန်ဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ ဒီပွဲမှာသာ ရှုံးနိမ့်ခဲ့မယ် ဆိုရင်တော့ ဒါဟာ ဘိုင်ယန်အတွက် ကပ်ဆိုးကျသလို ဖြစ်သွားမှာပါ။ ကျွန်တော် ကတော့ ဘိုင်ယန်တို့ နိုင်သွားမယ်ပဲ ထင်ပါတယ်။

ခန့်မှန်းချက် : ဘိုင်ယန်မြူးနစ် ၂-၀ RB ဆဲဘတ်

၂~လီဗာပူး vs အင်တာမီလန် (၂-၀)
လီဗာပူးဟာ မီလန်မှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် သူတို့ဟာ အသင်းကောင်းတွေ လုပ်လေ့ ရှိတဲ့ အတိုင်းပဲ နိုင်ပွဲရအောင် နည်းလမ်း ရှာဖွေနိုင်ခဲ့ပါတယ်။ အင်တာဟာ ဒီပွဲစဉ်မှာ ကောင်းမွန်တဲ့ အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ်။ သူတို့ဟာ အန်ဖီးမှာ ပြသနာတွေ ပေးစွမ်းနိုင်မှာပါ။ ဒီပွဲစဉ်ဟာ အနိုင်ရမယ့် ပြတ်သားမယ့် ပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ အင်တာဟာ တအားကို ကောင်းမွန်တဲ့ အသင်း ဖြစ်နေလို့ပါ။ ဒါပေမယ့် လီဗာပူးတို့ ဒီပွဲကို ကပ်ပြီး နိုင်သွားမယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းချက် : လီဗာပူး ၂-၁ အင်တာမီလန်

၃~မန်စီးတီး vs စပို့တင်းလစ္စဘွန်း (၅-၀)
စီးတီးဟာ လစ္စဘွန်းမှာ အကောင်းဆုံး ကစားခဲ့ပါတယ်။ သူတို့ဟာ နောက်တဆင့်ကို ခြေတစ်လှမ်း ချထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့ ပထမအကျော့ကလိုမျိုး ဂိုးတွေ အများကြီး မြင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ အဆိုပါ ပွဲစဉ်က ခြေစွမ်းကို ပြန်လည် ပြသနိုင်ဖို့ အတွက် ခက်ခဲမှာပါ။ ပက်ဟာ ဒီပွဲစဉ်မှာ ကစားသမား တစ်ချို့ကို အနားပေးသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် စီးတီးတို့ပဲ သက်တောင့်သက်သာ နိုင်သွားမှာပါ။

ခန့်မှန်းချက် : မန်စီးတီး ၃-၀ စပို့တင်း

၄~ရီးရဲယ်မက်ဒရစ် vs ပီအက်ဂျီ (၀-၁)
ကျွန်တော် ဒီပွဲစဉ်ကို မစောင့်နိုင်လောက်အောင် ပါပဲ။ ပထမအကျော့တုန်းကတော့ သွင်းဂိုးတွေကို မမြင်ခဲ့ရပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်က အရည်အသွေး တစ်ချို့ ကတော့ စူပါပါပဲ။ အမ်ဘက်ပေဟာ သူ့ရဲ့ သွင်းဂိုးကို လှပစွာ သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ရီးရဲယ်ရဲ့ ပြန်လည် တုန့်ပြန်မှုကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ သူတို့ဟာ ဒီလို ကြီးကြယ်တဲ့ ချန်ပီယံလိဂ်ညတွေမှာ အိမ်ကွင်းကစားပုံ တအားကို ကောင်းလေ့ ရှိပါတယ်။ ဒီပွဲစဉ်ဟာ အချိန်ပိုထိ သွားမယ့် ပွဲစဉ်လို့ ကျွန်တော် မြင်နေပါတယ်။ ဒါ့ကြောင့် ရီးရဲယ်မက်ဒရစ်တို့ မိနစ် ၉၀ အတွင်း ၂-၁ နဲ့ အနိုင်ရကာ အချိန်ပိုမှာ အနိုင်ရသွားမယ်လို့ ကျွန်တော် ရွေးချယ်ပါတယ်။

ခန့်မှန်းချက် : ရီးရဲယ်မက်ဒရစ် ၂-၁ ပီအက်ဂျီ

ပရီးမီးယားလိဂ် လက်ကျန်ပွဲတွေအတွက် ခန့်မှန်းချက်
ဆောက်သမ်တန် ၁-၁ နယူးကာဆယ်
၀ုဖ် ၂-၀ ၀က်ဖို့ဒ်
လိဒ် ၁-၂ အက်စတွန်ဗီလာ

SM