ကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် ပွဲထွက်ခွင့်ရဖို့ အာမခံချက်ရှိတဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ခရစ်ဆက်တန်

ခရစ်ဆက်တန်က ဟယ်ရီကိန်း နဲ့ ဒန်ကလန်ရိုက်စ် တို့ ၂ ဦးကသာ လာမည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန် အတွက် ပွဲထွက်ခွင့် ရဖို့ အာမခံချက် ရှိတယ်လို့ ဆိုလိုက်ပါတယ်။ ဂါရက်ဆောက်ဂိတ်ဟာ သူ့လက်ထက်မှာ အင်္ဂလန်ကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နဲ့ ဥရောပချန်ပီယံရှစ် ဖိုင်နယ် တို့ကို ပို့ဆောင်ပေးထားခဲ့ကာ ယခုနှစ် ကမ္ဘာ့ဖလားမှာတော့ ချန်ပီယံ ဖြစ်နိုင်ဖို့ ရည်မှန်းလျက် ရှိနေပါတယ်။

အင်္ဂလန် နည်းပြဟာ ပြီးခဲ့တဲ့ စနေနေ့က ဆွစ်ဇာလန် နဲ့ ခြေစမ်းပွဲစဉ်မှာ လူသစ် အများအပြား အပြင် ကစားကွက်ကိုလည်း စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး the Three Lions တို့ဟာ နောက်ကနေ လိုက်ကစားကာ ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အဆိုပါ ပွဲစဉ်မှာ အင်္ဂလန် အတွက် အနိုင်ဂိုးကို ပင်နယ်တီ ကနေ သွင်းယူပေးခဲ့ပြီး ဘော်ဘီချာတန်ရဲ့ ၄၉ ဂိုး စံချိန်ကို လိုက်မှီခဲ့ကာ ဝိန်းရွန်းနီရဲ့ အင်္ဂလန် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မှီရန် ၄ ဂိုးသာ လိုပါတော့တယ်။

ဒန်ကလန်ရိုက်စ် ကလည်း ဆောက်ဂိတ်ရဲ့ လက်အောက်မှာ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပြီး ဒီရာသီ ၀က်ဟမ်း အတွက်လည်း အထူး ခြေစွမ်းပြ ကစားလျက် ရှိနေပါတယ်။

ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဆက်တန်က “ဒီအင်္ဂလန် အသင်းဟာ နေရာတိုင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိနေပါတယ်။ လက်ရှိ အချိန်မှာ လာမည့် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား အတွက် ပွဲထွက်ခွင့် ရဖို့ အာမခံချက် ရှိတဲ့ ကစားသမား ၂ ဦးသာ ရှိပါတယ်။ သူတို့ကတော့ ဒန်ကလန်ရိုက်စ် နဲ့ ဟယ်ရီကိန်း တို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့ နေရာတွေ ကတော့ အားလုံးအတွက် အခွင့်အလမ်း ရှိနေပါတယ်။

ဒါဟာ ဂိုးသမား နေရာလည်း ပါပါတယ်။ ဆောက်ဂိတ်ဟာ ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ပက်သက်ပြီး ဘယ်လို သစ္စာရှိသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် အာရွမ်ရမ်ဒဲလ်ဟာ အာဆင်နယ်မှာ သူ့ထက် ပိုမို ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်နေပါတယ်။ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် အတွက် ပွဲထွက်လူစာရင်းဟာ အတည်တကျ မဖြစ်သေးပါဘူး။ ကစားသမားသစ်တွေကို ဆောက်ဂိတ် နေရာတွေ ပေးနေတာကို ကျွန်တော်တို့ မြင်နေရတာပဲ မဟုတ်လား? ကော်နာဂါလေဂါ လိုမျိုး တောက်ပလျက် ရှိနေပြီး လွတ်လွတ်လပ်လပ် ကစားတက်တဲ့ သူမျိုးတွေပေါ့။” လို့ ဆိုလိုက်ပါတယ်။

ဒါပေမယ့်လည်း ဆက်တန် နဲ့ အာဆင်နယ် ဂန္တ၀င် ကီအွန် တို့က ဆောက်ဂိတ် ရဲ့ အသင်းဟာ ဗဟိုနောက်ခံလူ နေရာမှာ ပြသနာတွေ ရှိနေတယ်လို့ ဆိုလိုက်ပြီး ဘန်ဝိုက်ဟာ အမ်ဘိုလိုရဲ့ အဖွင့်ဂိုးမှာ အမှားအယွင်း ကျူးလွန်ခဲ့ပါတယ်။

ဆက်လက်ပြီး ဆက်တန်က “အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေကြားထဲမှာ အင်္ဂလန် အတွက် အနုတ်လက္ခဏာ တစ်ခု ကတော့ ဗဟိုနောက်ခံလူ နေရာပဲ ဖြစ်ပါတယ်။ ဟယ်ရီမက်ဂွိုင်းယားရဲ့ club form ဟာ တအားကို ဆိုးရွားနေပါတယ်။ ဂျွန်စတုန်းကလည်း မန်စီးတီးမှာ ပုံမှန် ကစားခွင့် ရတဲ့သူ မဟုတ်ပါဘူး။ တိုင်ရွမ်မင့် နဲ့ ဘန်ဝုိက် တို့ဟာ အဖြေတွေဆိုတာ မသေချာပါဘူး။

ဒီနေရာဟာ အခြား အင်္ဂလန် နောက်ခံလူတွေ အတွက် အခွင့်အရေး ရှိတဲ့ နေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ အင်္ဂလန်ရဲ့ အားနည်းချက် ရှိတဲ့ နေရာပါ။ ဝုိက်ဟာ ဆွစ်ဇာလန်ရဲ့ အဖွင့်ဂိုးမှာ ဆိုရင် အားနည်းချက်တွေ ရှိနေတာကို မြင်ခဲ့ရတာပဲ မဟုတ်လား?” လို့ ဆိုခဲ့ပါတယ်။

SM