ကစားသမား တစ်ဦးသာ ပုံမှန်ကစားခွင့် ရခဲ့ရင် ယူနိုက်တက်တို့ ဒီထက်ပိုကောင်းတဲ့ အဆင့်မှာ ရပ်တည်နေခဲ့လိမ့်မယ်လို့ ပြောလိုက်တဲ့ ဒီယေဂို 

ဥရုဂွေး လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဒီယေဂို ဖော်လန် က အီဒင်ဆန် ကာဗာနီ သာ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပုံမှန် ကစားခွင့်ရခဲ့ရင် အိုးလ် ထရပ်ဖို့ဒ် အခြေစိုက် ကလပ်ဟာ ဒီထက် ပိုကောင်းတဲ့ အဆင့်မှာ ရပ်တည်နိုင်ခဲ့လိမ့်မယ်လို့ သုံးသပ်ပြောကြားသွားခဲ့လိုက်ပါတယ် ။

အီဒင်ဆန် ကာဗာနီဟာ ဒီရာသီ အကုန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားဖို့ရှိနေပြီး အသင်းပြောင်းလိမ့်မယ်လို့ ထင်ကြေးပေးခံနေခဲ့ရပါတယ် ။ ဒီရာသီမှာတော့ သူဟာ ဒဏ်ရာပြသနာ ကြုံတွေ့နေခဲ့တာကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ 17 ပွဲသာ ကစားပေးခွင့် ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ် ။

အခြားတဖက်မှာတော့ သူဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ 12 ပွဲသာ ကစားပေးထားခဲ့ရပြီး 2 ဂိုးသာ သွင်းယူပေးထားနိုင်ခဲ့ပါတယ် ။ သူဟာ ဘန်လေ နဲ့ တစ်ဖက် 1 ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပွဲစဥ်မှာ ရော်နယ်ဒိုကို ကျော်ပြီး ပွဲထွက် ကစားခွင့် ရခဲ့သေးပေမဲ့ မကြာမီမှာပဲ ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့ပါတယ် ။

အဲ့ဒီနောက် သူဟာ ယူနိုက်တက် အသင်းရဲ့ လိဂ်ပွဲ 5 ပွဲဆက်တိုက် ကစားခွင့် လွဲချော်သွားခဲ့ပါတယ် ။ အဲ့ဒီနောက်် တော့တင်ဟမ် နဲ့ ပွဲစဥ်မှာ သူဟာ ခေတ္တမျှ လူစားဝင် ကစားခဲ့ပြီး အဲ့ဒီနောက် အေတီကိုနဲ့ ချန်ပီယံလိဂ် ပွဲစဥ်မှာလည်း အလားတူ ပွဲစဥ်မျိုး ဆက်လက် ပိုင်ဆိုင်သွားခဲ့ပြန်ပါတယ် ။

အခုတော့ သူဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ ဥရုဂွေး လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းခဲ့ပါပြီ ။ ဒီအနေအထားမှာ ဥရုဂွေး လက်ရွေးစင်ဟောင်း ဖော်လန် က ယူနိုက်တက််တို့ ကာဗာနီကို အခွင့်အရေး ပေးဖို့ လိုအပ်ခဲ့ကြောင်း ပြောဆိုသွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းမှာပေါ့ ၊ ကာဗာနီ သာ ပွဲစဥ်တွေ ဆက်တိုက် ကစားခွင့် ရရှိခဲ့မယ်ဆိုရင် ဒီအသင်းအတွက် တကယ့်ကို အရေးကြီးတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့မှာပါ ။ သူမနှစ်က အဲ့တာတွေကို လုပ်ပြနိုင်ခဲ့တာ ခင်ဗျားတို့ မှတ်မိကြဦးမှာပါ ”

” သူဟာ ပြီးခဲ့တဲ့ ယူရို ပါလိဂ် ဖိုင်နယ် မတိုင်ခင်တုန်းက ပွဲစဥ်တွေ ဆက်တိုက် ကစားခဲ့ရပါသေးတယ် ။ အဲ့ဒီတုန်းက ပရိသတ်တွေ သူ့အနောက်မှာ ထောက်ခံပေးဖို့ အမြဲတမ််း ရှိခဲ့ကြမယ်ဆိုတာ ခင်ဗျားတို့ တွေ့ခဲ့ကြမှာပါ ။ အဲ့ဒီ အချိန််က သူဟာ အသင်းကို တစ်ဆင့် မြင့်တက်အောင် ကူညီိပေးနိုင်ခဲ့ပါသေးတယ် ”

” အဲ့တာ ဘာကြောင့်လဲ ? အဖြေက သူဟာ ပွဲစဥ်တွေကို ဆက်တိုက် ကစားခဲ့ရလို့ပါပဲ ။ ဒီနှစ်တော့ သူဟာ ဒဏ်ရာတွေနဲ့ ဘောလုံး ရာသီကို စတင်ခဲ့ရပါတယ် ။ ဒါဟာ ဒဏ််ရာကြောင့်လား ၊ အခြား အကြောင်းပြချက် ရှိသေးလားတော့ ကျွန်တော်လည်း မသိပါဘူး ”

” သူဟာ ဒီနှစ်တော့ နှစ်ပွဲ၊ သုံးပွဲ ဆက်တိုက် မကစားခဲ့ရဘူးလို့ ထင်မိပါတယ် ။ အကယ်လို့ ကစားသမား တစ်ဦးဟာ ပွဲကစားချိန် မိနစ်တွေ အများကြီး မရနိုင်ဘူးဆိုရင် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့မှာ အသေအချာပါပဲ ”

” အီဒင်ဆန်ဟာ အမြဲတမ်းပဲ အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ။ ကာယပိုင်းလည်း ကြံ့ခိုင်လွန်းသူ တစ်ဦးပါပဲ ။ ဒါ့ကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို စာချုပ်သက်တမ််း တိုးခဲ့တာပါ ” လို့ ဖော်လန် က ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar