Top Four လုပွဲအတွက် အကြိတ်အနယ်ရှိနေမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၂၆ အတွက် ခန့်မှန်းချက်များ

 

ကလပ် ကမ္ဘာ့ဖလား ကနေ ချဲလ်ဆီး တို့ ပြန်ရောက် လာပြီ ဖြစ်တာကြောင့် ဒီတပတ်မှာတော့ ပွဲစဉ် ၁၀ ပွဲစလုံး စုံစုံ ညီညီ ကစား ကြတော့မှာပါ ။

 

ထိပ်ဆုံးက မန်စီးတီး အနေနဲ့ ၆ မှတ်အကွာကနေ လိုက်နေတဲ့ လီဗာပူးကြောင့် အမှားခံလို့ မရသလို အဆင့် ၄ နေရာအတွက် အားပြိုင်နေတဲ့ စပါး ၊ အာဆင်နယ် ၊ မန်ယူနိုက်တက် ၊ ဝက်စ်ဟမ်း နဲ့ ဝုဗ် တို့ကလည်း အပတ်စဉ် တိုင်းမှာ အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင် နိုင်ဖို့ ကြိုးစား ကြရမှာပါ ။

 

 

 

ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ပေါလ် မာဆင် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

 

 

၁ ။ လိဒ် ယူနိုက်တက် – မန်ချက်စတာ ယူနိုက်တက်

 

“မန်ချက်စတာ ယူနိုက်တက် အတွက် တကယ် အရေးပါတဲ့ ပွဲပါပဲ ။ လိဒ်တို့ တန်းပြန်တက်လာပြီး ကတည်းက ယူနိုက်တက်တို့ လိဒ် နဲ့ ရင်ဆိုင် တိုင်းမှာ ရလဒ်ကောင်းတွေ ထွက်ခဲ့ ပါတယ် ။ အခု တခေါက် မှာလည်း အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ်တွေ သူတို့ ရမယ်လို့ ကျွန်တော် ထင်ပါတယ်”

 

 

 

“တကယ်လို့သာ လိဒ် က လူစုံမယ်ဆိုရင်တော့ အကျိတ်အနယ် ရှိပြီး ယူနိုက်တက် ဘက်ကို အသာပေးဖို့ မလွယ် ပါဘူး ။ ဒါပေမယ့် အခုလက်ရှိ မှာတော့ မန်ချက်စတာ ယူနိုက်တက် ကိုပဲ ကျွန်တော် ပိုပြီး အလေးပေး မိပါတယ်”

 

 

 

“သွင်းဂိုးတွေကတော့ များမှာပါ ။ ယူနိုက်တက် က ၃-၁ လောက်နဲ့ နိုင်သွားမယ်လို့ ထင်ပါတယ် ။ တကယ်လို့ ဆန်ချို သာ နောက်ထပ် ခြေစွမ်းပြဦးမယ် ဆိုရင်ပေါ့ ။

 

မာဆင် ရဲ့ ခန့်မှန်းချက် က လိဒ် ၁ – ၃ မန်ယူနိုက်တက် ဖြစ်ပါတယ် ။

 

 

၂ ။ မန်ချက်စတာ စီးတီး – တော့တင်ဟမ် ဟော့စပါး

 

“တော့တင်ဟမ် ဟော့စပါး ရဲ့ အခြေအနေက တော်တော်လေး ရုန်းကန် နေရပါတယ် ။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်လောက် တုန်းက သူတို့ အဆင့် ၇ နေရာမှာ ပွဲကျန် ၃ ပွဲနဲ့ ရှိနေခဲ့ တာပါ ။ အခု အဲ့ဒိပွဲတွေ ကစားပြီးတဲ့ အခါမှာကျတော့ အဆင့် ၈ ကိုတောင် ရောက်သွားခဲ့ ပါတယ်”

 

 

 

“မန်စီးတီး နိုင်မှာက လွဲပြီး တခြား ရလဒ်မျိုး ကျွန်တော် မမြင်မိ ပါဘူး ။ တကယ်လို့ စီးတီးသာ ခြေတွေ့ သွားခဲ့မယ် ဆိုရင် ဂိုးပြတ်တဲ့ ပွဲတပွဲတောင် ဖြစ်ချင် ဖြစ်သွား နိုင်ပါတယ် ။

 

စပါး အတွက် အရမ်းခက်ခဲမယ့် ပွဲပါ ။ ခံစစ်ကို အသားပေးပြီး နောက်တန်းမှာပဲ စုပြုံ ပိတ်ဆို့ ကစားသွားမယ် ဆိုရင်တောင်မှ ၂-၀ လောက်နဲ့ ရှုံးနိုင်ပါတယ် ။

 

ဖွင့်တိုက်မယ်ဆိုရင်တော့ ပိုဆိုးတဲ့ ရလဒ်တွေ ဖြစ်သွားမှာပါ ။ စီးတီး ဆီက အမှတ်ခွဲယူနိုင်ဖို့ထက် ၆ ဂိုးလောက် သွင်းခံရဖို့က ပိုပြီး ဖြစ်နိုင်ပါတယ်”

 

မာဆင် ကတော့ မန်စီးတီး က တော့တင်ဟမ် ဟော့စပါး ကို ၄-၀ နဲ့ အနိုင်ရမယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

 

 

၃ ။ ခရစ္စတယ်ပဲလေစ့် – ချဲလ်ဆီး

 

ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် နဲ့ အိမ်ပြန်လာတဲ့ ချဲလ်ဆီး တို့ လန်ဒန် ဒါဘီ နဲ့ ပြန်စဖွင့် ရမှာပါ ။

 

ဆဲလ်ဟရတ်စ် ပါခ့် မှာ ပဲလေ့စ် ကို လွယ်လွယ် အနိုင်ယူဖို့ ခက်ပါတယ် ။ ကော်နာ ဂယ်လာဟာ မပါနိုင်တာ ( ချဲလ်ဆီး ကနေ အငှားခေါ်ထားသူ ဖြစ်တာကြောင့် ) က အိမ်ရှင် ကို အများကြီး စိတ်အနှောက်အယှက် ဖြစ်စေမှာပါ ။ ပွဲကတော့ ကြည့်ကောင်းမယ့် ပွဲမျိုး ဖြစ်နိုင်ပါတယ် ။

 

ဂိုးတွေ အများကြီး မရနိုင်ရင်တောင်မှ ချဲလ်ဆီး နိုင်ဖို့ ကတော့ အသေအချာပါပဲ ။

 

မာဆင် က ပဲလေ့စ် ၁-၂ ချဲလ်ဆီး လို့ ခန့်မှန်း သွားခဲ့ ပါတယ် ။

 

 

၄ ။ အာဆင်နယ် – ဘရန့်ဖိုဒ့်

 

“အာဆင်နယ် အတွက် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်မယ်လို့ ထင်ပါတယ် ။ ဒီပွဲကို နိုင်မယ် ၊ ကြားရက်မှာ ကစားမယ့် ဝုဗ် နဲ့ ပွဲကျန်ကို ဆက်နိုင်လိုက်မယ် ဆိုရင် အာဆင်နယ် ရဲ့ အဆင့် ၄ မျှော်လင့်ချက်က ပြိုင်ဘက်တွေထက် အားကောင်း သွားမှာပါ ။

 

ဘရန့်ဖိုဒ့် က ပဲလေ့စ် နဲ့ ပွဲမှာ ရလဒ်ကောင်း ထွက်ခဲ့ ပါတယ် ။ ဒါပေမယ့် အီးမရိတ် မှာတော့ သူတို့ ထပ်လုပ်ပြ နိုင်မယ် မထင်ပါဘူး ။

 

မာဆင် ရဲ့ ခန့်မှန်းချက် က အာဆင်နယ် ၃-၀ ဘရန့်ဖိုဒ့် ဖြစ်ပါတယ် ။

 

 

၅ ။ လီဗာပူး – နောဝှစ်ချ်

 

အသင်းကြီးထဲက မဟုတ်ရင် လက်ရှိ အချိန်မှာ လီဗာပူး ကို တားဆီး နိုင်ဖို့ မဖြစ်နိုင်ပါဘူး ။ သူတို့က ရပ်တန့် မရတဲ့ ရထားတစင်းလို ဖြစ်နေပါပြီ ။ အာဖရိက ဖလား ပြိုင်ပွဲ ကနေ ပြန်လာ ကတည်းက မိုဟာမက် ဆာလာ ရဲ့ ကစားအားတွေ ပိုကောင်းနေပါတယ် ။

 

နောဝှစ်ချ် အနေနဲ့ လီဗာပူး ဆီက ဘယ်လိုမျိုး ကောင်းတဲ့ အရာကိုမှ မျှော်လင့် နိုင်မှာ မဟုတ်ပါဘူး ။

 

အကယ်၍ စီးတီး သာ စပါး နဲ့ ပွဲကို အမှားလုပ်မိ ခဲ့ရင် ဆိုတဲ့ နည်းပါးတဲ့ ဖြစ်တန်ချေ အတွက် လီဗာပူး က ၃ မှတ်နဲ့ အဆင်သင့် ရှိနေမှာပါ ။

 

လီဗာပူး ၃ – ၀ နောဝှစ်ချ် လို့ မာဆင် က ခန့်မှန်း သွားခဲ့ ပါတယ် ။

 

 

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

 

 

၆ ။ ဝက်စ်ဟမ်း ၂-၀ နယူးကာဆယ်

 

 

 

၇ ။ ဘရိုက်တန် ၁ – ၀ ဘန်လေ

 

 

 

၈ ။ ဆောက်သမ်တန် ၂ – ၁ အဲဗာတန်

 

 

 

၉ ။ အက်စတွန် ဗီလာ ၂ – ၂ ဝက်ဖိုဒ့်

 

 

 

၁၀ ။ ဝုဗ် ၂ – ၁ လက်စတာ စီးတီး

 

 

 

SPORTS MYANMAR