#Summary: ကာရာဘောင် ဖလား ဗိုလ်စွဲဖို့ ကစားသမား 33 ယောက် အထိ အသုံးပြုခဲ့တဲ့ လီဗာပူး

2021-22 ဘောလုံးရာသီ အတွက် ကာရာဘောင် ဖလား ကြီးကို ဆွတ်ခူးနိုင်ဖို့ လီဗာပူး ဟာ စုစုပေါင်း 6 ပွဲ အထိ ကစားခဲ့ရပါတယ်။

ဥရောပ ဖလား ပြိုင်ပွဲ ဝင်ခွင့်ရရှိတဲ့ အသင်းဖြစ်နေလို့ တတိယ အဆင့်ရောက်မှာသာ စတင် ကစားခဲ့ရပြီး ၊ တတိယ အဆင့် ၊ စတုတ္ထအဆင့် ၊ ကွာတားဖိုင်နယ် ၊ ဆီမီးဖိုင်နယ် 2 ပွဲ နဲ့ ဗိုလ်လုပွဲ စဉ်တွေ ဖြစ်ပါတယ်။

လီဗာပူး ကစားသမားတွေ ထဲမှာ အဲဒီ 6 ပွဲ စလုံးပါဝင် ကစားခွင့်ရတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး။

ဟန်ဒါဆင် နဲ့ လူငယ် ဂိုးသမား ကယ်လာဟာ စုစုပေါင်း 5 ပွဲ အထိ ကစားခဲ့ကာ ပွဲအရေအတွက် အများဆုံး ပါဝင် ကစားခွင့် ရတဲ့သူတွေဖြစ်ပြီး ၊ ကာလာဟာ ကတော့ စုစုပေါင်း မီးနစ် 390 နဲ့ ပွဲချိန် အများဆုံး ကစားခွင့်ရတဲ့ ဘောလုံးသမား ဖြစ်ခဲ့ပါတယ်။

သွင်းဂိုး အားဖြင့်ကြည့်မယ် ဆိုရင် တာကူမီ မီနာမီနို က စုစုပေါင်း 4 ဂိုး နဲ့ အများဆုံးသွင်းယူခဲ့ကာ ၊ ဂျော်တာ က 3 ဂိုး နဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။ ဂိုးဖန်တီးမှု အပိုင်းမှာတော့ အာနိုး က 2 ကြိမ် နဲ့ အများဆုံး ဖြစ်ပါတယ်။

လီဗာပူး ရဲ့ ကာရာဘောင် ဖလား ပြိုင်ပွဲ ဖြတ်သန်းမှု မှတ်တမ်း –

နော့ဝှစ်ချ် 0-3 လီဗာပူး (တတိယ အဆင့်)
ပရက်စတန် 0-2 လီဗာပူး (စတုတ္ထ အဆင့်)
လီဗာပူး 3-3 လက်စတာ (5-4 P) (ကွာတား ဖိုင်နယ်)
လီဗာပူး 0-0 အာဆင်နယ် (ဆီးမီးဖိုင်နယ် ပ အကျော့)
အာဆင်နယ် 0-2 လီဗာပူး (ဆီးမီးဖိုင်နယ် ဒု အကျော့)
လီဗာပူး 0-0 ချဲဆီး (11-10 P) (ဗိုလ်လုပွဲ)

လီဗာပူး ဟာ ကာရာဘောင် ဖလား ဗိုလ်စွဲဖို့ စုစုပေါင်း ကစားသမား 33 ယောက် အထိ သုံးစွဲခဲ့ပါတယ်။ အဲဒီ ကစားသမားတွေ ကတော့ –
1. ကယ်လာဟာ (390 မီးနစ်)
2. မီနာမီနို (387 မီးနစ်)
3. ရော်ဘတ်ဆန် (324 မီးနစ်)
4. ဟန်ဒါဆင် (306 မီးနစ်)
5. ဗန်ဒိုက် (300 မီးနစ်)
6. ကာတစ် ဂျုံး (296 မီးနစ်)
7. အာနိုး (286 မီးနစ်)
8. ချန်ဘာလိန် (285 မီးနစ်)
9. ဖာဘင်ဟို (285 မီးနစ်)
10. ဂိုးမက်ဇ် (284 မီးနစ်)
11. ဂျော်တာ (265 မီးနစ်)
12. ဖာမီနို (264 မီးနစ်)
13. မာတစ် (256 မီးနစ်)
14. စီမီကတ် (236 မီးနစ်)
15. ကိုနာတေး (210 မီးနစ်)
16. အိုရီဂီ (203 မီးနစ်)
17. နီကိုး ဝီလီယံ (200 မီးနစ်)
18. မော်တွန် (180 မီးနစ်)
19. ကော်နာ ဘရက်လေ (170 မီးနစ်)
20. မေလ်နာ (161 မီးနစ်)
21. နာဘီ ကီတာ (156 မီးနစ်)
22. ဂေါ်ဒွန် (153 မီးနစ်)
23. ဆာလာ (120 မီးနစ်)
24. ဒီယက်ဇ် (97 မီးနစ်)
25. အန်ဒရီယန် (90 မီးနစ်)
26. အလီဆွန် (90 မီးနစ်)
27. မာနေး (80 မီးနစ်)
28. ဘလဲ (55 မီးနစ်)
29. ကူမီတီယို (45 မီးနစ်)
30. နက်ဖီးလစ် (45 မီးနစ်)
31. အယ်လီယော့ (41 မီးနစ်
32. အိုဝင် ဘက်ခ် (11 မီးနစ်)
33. ဒိုင်ဇွန် ဘိုနာ (1 မီးနစ်)
တို့ ဖြစ်ပါတယ်။

SM