မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဝေးကွင်းမှာ အက်သလက်တီကို မက်ဒရစ် အသင်းကို နောက်ကနေလိုက််ပြီး ဂိုးသွင်း ၊ သရေ ရလဒ် ရယူနိုင်ခဲ့ပေမဲ့ ကွင်းလယ်လူ ဖြစ်တဲ့ နီမန်ဂျာ မာတစ်ကတော့ အသင်းဟာ တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ပြောခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ဝမ်ဒါ မက်ထရို ပိုလီတာနို ကွင်းထဲမှာ အက်သလက််တီကို မက်ဒရစ် အသင်း နဲ့ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ရဲ့ ပထမ အကျော့ ပွဲစဥ် ကစားခဲ့ရပြီး 1 – 1 ဆိုတဲ့ ရလဒ် ရယူနိုင်ခဲ့ပါတယ် ။
ဒီပွဲမှာတော့ အေတီကို အသင်းဟာ အစောပိုင်း မိနစ်မှာ ဂိုးသွင်းပြီး ခံစစ်ပိတ်ကစားခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ဖက် ခံစစ်ကို ထိုးဖောက်ဖို့ ၊ ခြေပဂိုး သွင်းယူနိုင်ဖို့ အတွက် အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် ကစားသမားတွေရဲ့ အဝေးကန််ချက်တွေဟာလည်း အသုံးမတည့်ခဲ့ပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ရန်းဂနစ် က လူစားလဲမှု 5 ကြိမ်လုံး လုပ်ဆောင်ခဲ့ပြီး ရလဒ်ကို ပြန်လည် ပြောင်းလဲနိုင်ဖို့ ကြိိုးစားခဲ့တာပဲ ဖြစ်ပါတယ် ။
ဒီပွဲမှာလည်း ယူနိုက်တက် လူငယ်လေး အီလန်ဂါ က အသင််း အတွက် လိုအပ်နေခဲ့တဲ့ ခြေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး သရေ ရလဒ် ရယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက် ကွင်းလယ်လူ မာတစ် က အသင်းဟာ တိုးတက််ဖို့ လိုသေးကြောင်း ပြောခဲ့လိုက် ပါတယ် ။
” ကျွန်တော်တို့ အဆုံးသတ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အတွက်် တကယ်ပဲ ပျော်ရွှင်မိပါတယ် ။ ဘယ်လို ပြောရမလဲ ၊ ကျွန်တော်တို့ဟာ အိမ်ကို အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ ရလဒ် နဲ့ ပြန်နိုင်ခဲ့ကြတာပေါဗျာ ”
” ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘောလုံးကို ပိုပြီး ကောင်းမွန်စွာ ကစားနိုင်ရမယ် ၊ ဘောလုံး နဲ့ ပွဲစဥ် အပေါ် ထိန်းချုပ်မှုတွေ အခုထိ ပိုပြီး ပြုလုပ်ရမယ် ဆိုတာကို သိခဲ့ရပါတယ် ။ ကျွန်တော်တို့ အလုပ် လုပ်ရမဲ့ ၊ ဆက်လက် တိုးတက်ဖို့ လိုအပ်သေးတဲ့ အရာတွေ ရှိနေပါသေးတယ် ”
” ဒါပေမဲ့ ဒီကွင်းထဲကို ရောက်လာပြီး တကယ့်ကို ပြိုင်ဖက််ကောင်း အသင်းနဲ့ ရင်ဆိုင်ရင်း သရေ ရလဒ် ရယူနိုင်ခဲ့တာက မဆိုးဘူးလို့တော့ ပြောလို့ရပါတယ် ။ ဘယ်လိုမျိုးပဲဲ ဖြစ်ပါစေ ကျွန်တော်တို့ ပိုပြီး တိုးတက်ဖို့ လိုသေးတာတော့ အမှန်ပါပဲ ” လို့ မာတစ် က ပြောသွားခဲ့တာပဲ ဖြစ်ပါတယ် ။
#Sports_Myanmar