အိမ်ကွင်းမှာ အဖြစ်ဆိုးခဲ့တဲ့ ဒေါ့မွန် ၊ စပါး နဲ့ အဆင်မပြေတဲ့ ကွန်တီ ၊ အန်ဆယ်လောတီ ကြိုက်နေတဲ့ ဂန်းနား ၊ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ယှဉ်ပြိုင် ကစား သွားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် ပွဲစဉ်တွေ မှာတော့ ဂျာမန် ထိပ်သီးကလပ် ဒေါ့မွန် ဟာ အိမ်ကွင်းမှာ စကော့တလန် ကလပ် ရိန်းဂျားစ် အသင်းကို ၂-၄ နဲ့ ရှုံးနိမ့် ခဲ့ပြီး ဒုတိယ အကျော့ အတွက် ဖိအားများစွာ ဝင်သွားခဲ့ရပြီ ဖြစ်ပါတယ် ။

နူးကမ့်မှာ ကစားခဲ့တဲ့ ဘာစီလိုနာ နဲ့ နာပိုလီ တို့ရဲ့ ပွဲစဉ်မှာတော့ တဘက် ၁ ဂိုးစီ သရေ ရလဒ်ထွက်ပေါ် ခဲ့ ပါတယ် ။ နာပိုလီ ဘက်က ဇီလင်စကီး က ပထမပိုင်းမှာ ဂိုးစသွင်းခဲ့ပြီး ဖာရန်တောရက်စ် က ၅၉ မိနစ်မှာ ပင်နယ်တီ ကနေ ဘာစီလိုနာ အတွက် ချေပဂိုး သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

ဆောက်သမ်တန် အသင်းရဲ့ နည်းပြ ဟတ်ဆန်ဟော့ က မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာ နိုင်တယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆို သွားခဲ့ ပါတယ် ။

လီဗာပူး ဟာ အင်တာမီလန် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာ ရရှိခဲ့တဲ့ တိုက်စစ်မှူး ဒီယေဂို ဂျိုတာ ရဲ့ အခြေ အနေ ကို စစ်ဆေးပြီး သတင်း ထုတ်ပြန် သွားမယ်လို့ သိရ ပါတယ် ။

ဂျိုတာ ဟာ အီတလီမြေပေါ်မှာ အင်တာ ကို ၂-၀ နဲ့ အနိုင် ရရှိတဲ့ ပွဲရဲ့ ပထမပိုင်းမှာ လူစားလဲခံ ခဲ့ရသူ ဖြစ်ပါတယ် ။

ယူနိုက်တက် ယာယီ နည်းပြ ရပ်ဖ်ရန်းနစ် ဟာ နောဝှစ်ချ် စီးတီး မှာ အငှားထွက် ကစားနေတဲ့ လူငယ်လေး ဘရန်ဒွန် ဝီလ်ယံ ကို အငှားပြည့်ချိန်မှာ အသင်းကြီးထံ ပြန်လာ ကစားဖို့ ပြောဆို အသိပေး ထားတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး နည်းပြ အန်တိုနီယို ကွန်တီ ဟာ အသင်းရဲ့ ရလဒ်တွေ အတွက် စိတ်ပျက် နေပြီး နောက်ရာသီ ဆက်ရှိ နေဖို့ မသေချာ သေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရ ပါတယ် ။

အာဆင်နယ် အသင်းရဲ့ CEO ဖြစ်သူ ဗီနိုင်း ဗန်ကိတ်ရှမ် က ဇန်နဝါရီ အပြောင်းအရွှေ့မှာ လူမဝယ် ခဲ့မှု နဲ့ ပတ်သက်ပြီး ခေါ်ယူလို့ ရနိုင်သူတွေဟာ အာဆင်နယ် အကြိုက် ကစားသမားတွေ မဟုတ်ခဲ့တာကြောင့်လို့ ကာကွယ် ပြောဆို သွားခဲ့ပါတယ် ။

ဒါ့အပြင် အာဆင်နယ် ဟာ အီးမရိတ် ကွင်းကို တိုးချဲ့ဖို့ စိတ်ကူး နေတယ်ဆိုတာ ကိုလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

ဆီဗီးလား အသင်းရဲ့ ဒါရိုက်တာ မွန်ချီ က အန်တိုနီယို မာစီရယ် ဟာ ဆီဗီးလ် ကို ရောက်လာတဲ့ ၂ ပတ်ကျော် ကာလမှာ ပျော်ရွှင်မှုကို ရရှိ နေပြီး ယခင် အသင်း မန်ချက်စတာ ယူနိုက်တက် ရဲ့ ပြင်သစ် တိုက်စစ်မှူး အပေါ် ဆက်ဆံပုံတွေကို မေးခွန်းထုတ် သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် နည်းပြ အန်ဆယ်လော့တီ ဟာ အာဆင်နယ် နောက်ခံလူ ကီရန် တိုင်ယာနီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။ အန်ဆယ်လော့တီ ဟာ တိုင်ယာနီ ကို ၃ နှစ်ကြာအောင် ကင်းထောက် စောင့်ကြည့် ထားတယ်လို့လည်း သိရပါတယ် ။

မန်စီးတီး ကွင်းလယ်လူ ဂျက် ဂရီလစ်ရှ် ဟာ လာမယ့် ရက်သတ္တပတ် ထဲမှာ လေ့ကျင့်မှု ပြန်လည် ပြုလုပ် နိုင်ဖို့ မျှော်လင့် ထားတယ်လို့ သတင်းကောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဝုဗ် အသင်းရဲ့ မိုလီနက်စ် ကွင်းဟာ လာမယ့် လာမယ့် ဇွန်လ ထဲမှာ ကစားဖို့ ရှိနေတဲ့ အင်္ဂလန် အသင်းရဲ့ ဥရောပ နေးရှင်းလိဂ် ပွဲစဉ်တွေ ဖြစ်တဲ့ အီတလီ နဲ့ ဟန်ဂေရီ အသင်းတို့ နဲ့ ပွဲတွေကို လက်ခံ ကစားသွားမယ် လို့ သိရ ပါတယ် ။

အင်္ဂလန် ဟာ ယူရို ၂၀၂၀ ဖိုင်နယ် က ဖြစ်ရပ်ကြောင့် အီတလီ နဲ့ ပွဲကို ကွင်းပိတ် ကစားရမှာ ဖြစ်တယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR