အာဆင်နယ် သတင်းတိုများ

၁။ အာဆင်နယ် အသင်းဟာ မနက်ဖြန် နံနက် မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၀) ရဲ့ ပွဲကျန် အဖြစ် ဝုလ်ဗာဟမ်တန် အသင်း ကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ် ။

၂ ။ မီခေးလ် အာတီတာ က ဝုလ်ဗ် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ စာချုပ်သစ် ကိစ္စနဲ့ ပတ်သက်ပြီး ” ကျွန်တော် ဒီမှာ လုံးဝ ပျော်ရွှင် နေပါတယ် ။ ဒီ အသင်းကို winning team ဖြစ်လာအောင် ၊ ပရိသတ်တွေ ကြည့်ရှုရတာ နှစ်သက်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် တည်ဆောက်ဖို့က ကျွန်တော့် ရည်မှန်းချက်ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

၃ ။ Football London ရဲ့ဖော်ပြချက် အရ ရိုးမား အသင်းဟာ လာမယ့် နွေရာသီမှာ အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်း သွားမယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဘက်ကလည်း ဆွစ်ဇာလန်သားကို ရောင်းချဖို့ လမ်းဖွင့်ထားတယ်လို့ ဆိုပါတယ် ။

၄ ။ စပိန် က ဖော်ပြနေတဲ့ သတင်းတွေ အရ အာဆင်နယ် အသင်းနည်းပြ အာတီတာ ဟာ လာမယ့် နွေရာသီမှာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး ဂျာအိုဖီးလစ် ကို ခေါ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ် ။

၅ ။ အာဆင်နယ် နည်းပြ အာတီတာ က အနာဂတ်မှာ ဂျက်ဝီလ်ရှီးယား ကို အသင်းမှာ နေရာ တစ်နေရာ ရှာဖွေ ပေးသွားမှာ ဖြစ်ကြောင်း ရာနှုန်းပြည့် အာမခံ ပြောကြား လိုက်ပါတယ် ။ ဝီလ်ရှီးယား ဟာ ကစားသမားဘဝ က အနားယူပါက နည်းပြ လောကထဲ ဝင်ရောက်ဖို့ ရည်မှန်းထားသူ ဖြစ်ပါတယ် ။

၆ ။ Sport Witness ရဲ့ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ နာပိုလီ duo ဖြစ်ကြတဲ့ ဖာဘီယန်ရူဇ် နဲ့ ဗစ်တာ အော်ဆီမန်း တို့ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ် ။ နာပိုလီ ဘက်ကတော့ ကစားသမား ၂ ဦးအတွက် ယူရို သန်း ၁၀၀ ကျော် အလို ရှိနေပါတယ် ။

၇ ။ကိုဗစ် ကာလ ဘောလုံးပွဲတွေ ကွင်းပိတ်ကစားနေရချိန်မှာ အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ သူ့ရဲ့ လစာကို ၂၀% အထိ လျော့ယူ ပေးခဲ့တယ်လို့ The Sun က ရေးသား ဖော်ပြ လိုက်ပါတယ် ။

၈ ။ မာတင်နယ်လီ က လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့ အာဆင်နယ် အသင်းဟာ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာလိမ့်မယ်လို့ The Athletic UK နဲ့ အင်တာဗျူးမှာ ပြောကြား လိုက်ပါတယ် ။

၉ ။ ဝုလ်ဗာဟမ်တန် အသင်း နဲ့ ပွဲအတွက် အာဆင်နယ် အသင်းရဲ့ ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း

ဂိုး – ရမ်စ်ဒဲလ်
နောက်တန်း – ဆီဒရစ် ၊ ဘန်ဝှိုက် ၊ဂါဘရီယဲလ်၊တီယာနေး ။
အလယ်တန်း – ပါတေး ၊ ရှာကာ ၊ အိုဒီဂတ် ။
​ရှေ့တန်း – ဆာကာ ၊ လာကာဇက် ၊ စမစ်ရို ။

SM