အာဆင်နယ် ထက် အဆင့် လေးနေရာ ရဖို့ ပိုမို ရေပန်းစားတဲ့ အသင်း နာမည်ကို ပြောကြားလိုက်တဲ့ ဂန်းနားဟောင်း မာတင်ကီယွန်

ဂန်းနား နောက်ခံလူဟောင်း မာတင်ကီယွန် က ရာသီကုန်မှာ အာဆင်နယ် ထက်စာရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် လေးနေရာကို ရရှိ သွားဖွယ် ရှိကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

ဒီရာသီ အဆင့် လေးနေရာ အတွက် အကြိတ်အနယ် ယှဉ်ပြိုင် နေကြတဲ့ အသင်း အရေအတွက် ဟာ ၄ သင်း အထိ ရှိနေပြီး မန်ယူနိုက်တက် ၊ အာဆင်နယ် ၊ ဝက်စ်ဟမ်း နဲ့ တော့တင်ဟမ် အသင်း တို့ ဖြစ်ကြပါတယ် ။

လက်ရှိမှာ မန်ယူနိုက်တက် က အဆင့်လေး နေရာမှာ ရပ်တည် နေပြီး အာဆင်နယ် ကလည်း ပွဲကျန် နှစ်ပွဲ ၊ ၁ မှတ် အကွာ အနေအထား နဲ့ လိုက်လံ ဖိအား ပေးနေပါတယ် ။ အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့နောက်မှာတော့ ဝက်စ်ဟမ်း၊ဝုလ်ဗ်၊တော့တင်ဟမ် တို့က အစဉ်လိုက် ရပ်တည် နေကြပါတယ်။

ကီယွန် က talkSPORT မှာ ” ပြောရရင် မန်ယူနိုက်တက် က နေရာကောင်းမှာ ရှိနေပါတယ် ။ ” အာဆင်နယ် ထက် မန်ယူနိုက်တက် က အဆင့်လေး ရဖို့ ပိုမို ရေပန်းစားတယ်လို့ ထင်သလား ဆိုတဲ့ မေးခွန်းကိုလည်း ကီယွန် က ခုလို ဖြေကြား သွားခဲ့ပါတယ် ။

” ကျွန်တော် ကတော့ မန်ယူနိုက်တက် က ပိုအလေးသာတယ်လို့ ထင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ တည်ငြိမ်မှု ကြောင့်ပါပဲ ၊ အူဘာမီယန်း က ဘာစီလိုနာ အတွက် ၂ ပွဲ ကစားပြီး ၄ ဂိုးသွင်းထားချိန်မှာ အာဆင်နယ် က တိုက်စစ်မှာ ဂိုးရဖို့ ရုန်းကန် နေရဆဲပါပဲ ။ ”

” လာကာဇက် က ဒီဇင်ဘာ ၁၂ နောက်ပိုင်းကတည်းက အာဆင်နယ် အတွက် open play ကနေ ဂိုးမသွင်းယူနိုင်သေးပါဘူး ။ အတော်လေး ကြာနေပြီ ဆိုရမှာပါ ။ ဝုလ်ဗ် နဲ့ ပွဲမှာ ပေပေ ဝင်လာပြီးမှ အာဆင်နယ် က ထိပ်တန်း ခြေစွမ်း အချို့ကို ပြသ နိုင်ခဲ့တာပါ ။ ”

” ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့် ရဦးမှာပေါ့ဗျာ ၊ အာဆင်နယ် က သောင်းပြောင်း ဖြစ်နေတုန်းပါ ။ မန်ယူနိုက်တက် ရဲ့ နည်းပြ ရန်းနစ် က ဘောလုံး ပရော်ဖက်ဆာ အဖြစ် တင်စားခံ နေရသူပါ ။ ”

” သူ သာ ယူနိုက်တက် အတွက် အကောင်းဆုံး ဖြစ်မယ့် ကစားကွက် ၊ အသင်း နဲ့ အံဝင်မယ့် အကောင်းဆုံး ကစားသမားတွေကိုသာ ပွဲထုတ် လာနိုင်ရင် မန်ယူနိုက်တက် က အဆင့် လေး ရယူ နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM