အာဆင်နယ်တို့ top 4 မ၀င်ပါက ဘူကာယိုဆာကာ ပြောင်းရွေ့သင့်တဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကို ပြောပြလိုက်တဲ့ အဘွန်လာဟော

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် top 4 ၀င်နိုင်ဖို့ အတွက် အခြေအနေကောင်းလျက် ရှိနေပြီး အဆင့် ၄ နေရာက မန်ယူနိုက်တက်နဲ့ ၄ မှတ်အကွာမှာ ရှိနေပေမယ့်လည်း လက်ကျန် ပွဲစဉ် ၃ ပွဲ ကစားရဖို့ ရှိနေပါတယ်။ ဂန်းနားတို့ အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ် ၀င်ခွင့် ရခဲ့မယ် ဆိုရင် ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဥရောပရဲ့ အမြင့်ဆုံး ပြိုင်ပွဲကို ပြန်လည် ကစားခွင့် ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း top 4 နေရာအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်လျက် ရှိနေပြီး အဆိုပါ နေရာ အတွက် မန်ယူနိုက်တက် ၀က်ဟမ်း တော့တင်ဟမ် ဝုဖ် တို့နဲ့ အပြိုင်လုသွားရမှာပါ။ အကယ်၍ အာဆင်နယ် အနေနဲ့ top 4 နေရာကို မ၀င်ခဲ့ဘူး ဆိုရင် သူတို့ရဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်တဲ့ အသက် ၂၀ အရွယ် ဘူကာယိုဆာကာကို ထိပ်တန်း အသင်းကြီးတွေထံ ဆုံးရှုံးသွားမယ့် အန္တရာယ်ကလည်း ရှိနေပါတယ်။

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ အဘွန်လာဟောက အကယ်လို့များ အာဆင်နယ် အနေနဲ့ top 4 မ၀င်ခဲ့ဘူးဆိုရင် ဆာကာ အနေနဲ့ လီဗာပူးကို ပြောင်းဖို့ စဉ်းစားသွားရန် အကြံပေးလိုက်ပြီး ဒါဟာ အင်္ဂလန် အသင်းမှာ ပုံမှန် ကစားခွင့် ရနိုင်မယ့် အခွင့်အရေးကို တိုးပွားစေလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

လီဗာပူး အသင်းဟာ ဆာကာကို စိတ်၀င်စားနေတဲ့ ဥရောပ ကလပ်တွေထဲမှာ ပါ၀င်နေပြီး အကယ်၍ ဆာလားသာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် သဘောမတူခဲ့ဘူးဆိုရင် အဆိုပါ နေရာအတွက် ဆာကာနဲ့ ပြန်လည် အစားထိုးသွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

အဘွန်လာဟောက “ရာဟင်းစတားလင်းဟာ အင်္ဂလန် အတွက် ကစားပေးရတဲ့ အခါတိုင်း ဘယ်တုန်းကမှ စိတ်ပျက်စေခဲ့တာ မရှိပါဘူး။ သူဟာ အင်္ဂလန် အတွက် အမြဲတမ်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ ဖီးလ်ဖိုဒန်ဟာ အရမ်းကို ကောင်းတဲ့ ကစားသမား ဖြစ်ပြီး မေဆင်မောင့် ကလည်း ကြံ့ခိုင်မှုသာ ပြည့်ဝနေမယ် ဆိုရင် အင်္ဂလန် အတွက် ကစားခွင့် ရမယ့်သူပါ။ ဟယ်ရီကိန်း ကလည်း ပွဲထွက် ကစားသမား နေရာ အတွက် သေချာနေသူ ဖြစ်တာကြောင့် အင်္ဂလန်မှာ နေရာရဖို့ဟာ မလွယ်ကူလှပါဘူး။

ဒါပေမယ့် အင်္ဂလန်ရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ဘူကာယိုဆာကာ ပါ၀င်တဲ့ အခါတိုင်း ကျွန်တော် စိုးရိမ်မိတာ တစ်ခါမှ မရှိခဲ့ပါဘူး။ အကယ်၍ အာဆင်နယ် အနေနဲ့ top 4 မ၀င်ခဲ့ဘူးဆိုရင် သူ့ရဲ့ အရည်အသွေးဟာ ချန်ပီယံလိဂ် အဆင့်မှာ ကစားဖို့ ထိုက်တန်မှု ရှိပါတယ်။ ကျွန်တော် ကတော့ သူဟာ လီဗာပူး နဲ့ အထူး အံ၀င်မယ့် ကစားသမားလို့ ထင်ပါတယ်။

သူရဲ့ မြင့်မားတဲ့ စွမ်းအင် ၊ သူ့ရဲ့ အရည်အသွေး ၊ စိတ်ဓာတ် စတာတွေဟာ လီဗာပူးနဲ့ တကယ့်ကို အံ၀င်ခွင်ကျ ဖြစ်နေပါတယ်။ ကျွန်တော် ကတော့ ယာဂန်ကလော့ရဲ့ လက်အောက်မှာ ဆာကာကို ကစားတာ မြင်ချင်ပါတယ်။” လို့ ပြောသွားပါတယ်။

SM