အသင်းခေါင်းဆောင်ရာထူး ရော်နယ်ဒိုဆီကို ပေးရတော့မယ်ဆိုတဲ့ သတင်းတွေကို တုန့်ပြန်လိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အသင်း ခေါင်းဆောင်ဖြစ်သူ ဟယ်ရီ မက်ဂွားယား က အသင်း ခေါင်းဆောင် ရာထူးအတွက် အဝတ်လဲခန်းထဲမှာ ရော်နယ်ဒို နဲ့ တိုက်ပွဲဝင်နေရတယ် ဆိုတဲ့ သတင်းသံတွေကို ရှုံ့ချသွားခဲ့လိုက် ပါတယ် ။ 

 

အခု ရက်ပိုင်း အတွင်း ထွက်ပေါ် လာခဲ့တဲ့ သတင်းတွေက ဟယ်ရီ မက်ဂွားယား နဲ့ ရော်နယ်ဒို အကြားမှာ အသင်း ခေါင်းဆောင် ရာထူးကို ရရှိရေး နဲ့ ပတ်သက်လို့ ပါဝါချင်း ပြိုင်ဆိုင်မှုတွေ ရှိနေတယ်လို့ အသီးသီး ဖော်ပြနေခဲ့ကြပါသေးတယ် ။

အဲ့တာ မတိုင်ခင်တုန်းကလည်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ ရော်နယ်ဒို နဲ့ ရပ်ရှ်ဖို့ အကြား အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ခြင်းကို ရပ်ရှ်ဖို့ က ောက်ပေါက်ကရတွေလို့ ပြန်လည် ပြောဆို တုန့်ပြန်ခဲ့ပါသေးတယ် ။

 

အခုတော့ ယူနိုက်တက် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားက သူဟာ လူမှုကွန်ယက် အထက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ မှားယွင်းတဲ့ သတင်းတွေ အများကြီး မြင်နေခဲ့ရကြောင်း ထုတ်ပြောသွားခဲ့လိုက် ပါတယ် ။

” ကျွန်တော်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ သတင်းတွေ အများကြီး မြင်တွေ့ နေခဲ့ရပါတယ် ။ အဲ့တာတွေက သတင်း အမှားကြီးတွေပါ ။ အမှန်တရား က အခြားတစ်ခု ပါပဲ ”

 

” ကျွန်တော်ကတော့ အဲ့တာတွေနဲ့ ပတ်သက်လို့ တစ်ခုချင်းစီ တုန့်ပြန်မှုတွေ လုပ်ဆောင်သွားဖို့ ရှိမနေပါဘူး ။ ဒါပေမဲ့ ဒီတစ်ခုကိုတော့ ကျွန်တော် ရှင်းဖို့ လိုပါတယ် ။ ကျွန်တော်တို့ စည်းလုံးမှု အပြည့် ရှိနေပြီး တနင်္ဂနွေနေ့ အပေါ် အာရုံစိုက်နေကြပါတယ် ”

” ခင်ဗျားတို့ အားလုံးလည်း ကိုယ့်ရဲ့ ရက်စွဲတွေကို ပျော်ရွှင် ခံစားကြပါ ” လို့ မက်ဂွားယား က တွစ်တာ မှ တစ်ဆင့် ပြန်လည် တုန့်ပြန် ရေးသားသွားခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာတော့ မက်ဂွားယား ဟာ ဝေဖန်မှုတွေရဲ့ အကြားကို ရောက်ရှိနေခဲ့ပါတယ် ။

အထူးသဖြင့် ကွင်းထဲမှာ သူ့ရဲ့ လေးတိလေးကန် ကစားဟန်တွေ ၊ အမှားတွေ မကြာခန ကျူးလွန်နေခဲ့မှုတွေက ပရိသတ်တွေ သူ့အပေါ်မှာ အမြင်စောင်းမှုတွေ ဖြစ်ပေါ်စေခဲ့ပြီး နောက်ပိုင်းမှာတော့ သူဟာ အသင်း ခေါင်းဆောင် ရာထူးနဲ့ မထိုက်တန်ကြောင်း ပြောဆိုသူတွေပါ ရှိလာခဲ့ရတာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ရော်နယ်ဒို ကသာ အသင်းခေါင်းဆောင် ဖြစ်သင့်ကြောင်း ပြောဆိုသူတွေ ရှိခဲ့ကြသလို လင်ဒီလော့ဖ် ဟာ မက်ဂွားယား ရဲ့ နေရာမှာ ဗာရန်း နဲ့ အတူ ပွဲထွက် ကစားခွင့် ရရှိသင့်တယ်လို့ ပြောဆိုသူတွေပါ ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

 

#Sports_Myanmar