အနာပေးလိုက် ဆေးသိပ်လိုက် လုပ်နေခဲ့ကြတဲ့ လိဒ်စ် 2 – 4 ယူနိုက်တက်ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေညံ့ခဲ့ကြသလဲ…

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အီလန်ရုဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို သွားရောက်် ယှဥ်ပြိုင် ကစားခဲ့ရပြီး 2 – 4 ဆိုတဲ့ ရလဒ် နဲ့ မြင်ရခဲတဲ့ 4 ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ပွဲစဥ်မျိုး ပိုင်ဆိုင်ခဲ့ပြီး အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အစောပိုင်း မိနစ်တွေထဲက အခွင့်အရေးကောင်းတွေ ရရှိခဲ့ပေမဲ့ တိုက်စစ် ကစားသမားတွေရဲ့ အဆုံးသတ် လိုအပ်ချက််တွေကြောင့် ဂိုးရရှိဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ဒါပေမဲဲ့ ပွဲချိန် 34 မိနစ်မှာ ယူနိုက်တက်အတွက် လိုအပ်နေခဲ့တဲ့ ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပါတယ် ။

ဒါဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက်တော့ 2021 ဇန်နဝါရီ နောက်ပိုင်း ပထမဆုံး အကြိမ် ထောင့်ကန်ဘောမှ တစ်ဆင့် ဂိုးသွင်းယူနိုင်ခြင်း ဖြစ်သွားခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဘရူနို ဖာနန်ဒက်စ် က ခေါင်းတိုက်ပြီး နောက်တစ်ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ယူနိုက်တက်တို့ ပထမပိုင်းကို သာသာယာယာ ဦးဆောင်နိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ယူနိုက်တက်က ယူနိုက်တက်ပဲဆိုတာကို ဒုတိယပိုင်း စတင်ပြီး 10 မိနစ် အတွင်းမှာ သိခဲ့ရပါတယ် ။ ယူနိုက်တက် တို့ဟာ ပွဲချိန် 53 မိနစ် နဲ့ 54 မိနစ် အတွင်း တစ်မိနစ်လောက် ကစားပုံ ဖရိုဖရဲ ဖြစ်နေခဲ့ချိန် လိဒ်စ် က အခွင့်အရေး အရယူပြီး နှစ်ဂိုး ပြန်သွင်းခဲ့တဲ့ အတွက် ယူနိုက်တက်တို့ အရင်လို ဖြစ်ပြန်ပြီလို့ ထင်မှတ်ခံခဲ့ရပါတယ် ။

ဒါပေမဲ့ ဆယ်မိနစ်အကြာမှာပဲ ရန်းဂနစ် လုပ်ခဲ့တဲ့ လူစားလဲမှု နှစ်ခုက ပွဲအဖြေကို ပြောင်းလဲပေးသွားနိုင်ခဲ့ပါတယ် ။ ရန်းဂနစ် ဟာ ပွဲချိန် 67 မိနစ်မှာပဲ ပေါ့ဂ်ဘာ နဲ့ လင်ဂတ် တို့ကို ထုတ်ပြီး ဖရက်ဒ် နဲ့ အီလန်ဂါ တို့ကို ထည့်သွင်းခဲ့ပါတယ် ။ ဒါဟာ ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ လူစားလဲမှု ဖြစ်ခဲ့မှာပါ ။

ဒါပေမဲ့ လက်တွေ့မှာတော့ သူတို့ နှစ်ဦးကပဲ အသင်းအတွက်် အဖိုးတန် ဂိုးတွေ တစ်ဂိုးစီ သွင်းယူပေးရင်း နိုင်ပွဲ ရရှိစေခဲ့ကြပါတယ် ။ ရန်းဂနစ် ရဲ့ လူစားလဲခြင်း မှန်ကန်မှုကြောင့် နိုင်ပွဲရရှိခဲ့တဲ့ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ rating ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (5)

0 – 0 ဖြစ်နေခဲ့ချိန် ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ်မှု တစ်ကြိမ် လုပ်ဆောင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ရိုဒရီဂို ရဲ့ ကန်ချက်ကိုတော့ ဟန့်တားနိုင်စွမ်း ကင်းမဲ့ခဲ့ပါတယ် ။ ဒီအတွက် သူ့ကိုချည်း အပြစ်တင်လို့ မရပါဘူး ၊ ပြိုင်ဖက်ရဲ့ ကန်ချက်ကိုက တကယ်ပဲ ကောင်းခဲ့ပါတယ် ။

ဘစ်ဆာကာ (5)

သူ့ရဲ့ ဘောလုံး ဖြတ်ထုတ်မှုတွေက တကယ့်ကို အားရကျေနပ်ဖွယ် ​ကောင်းခဲ့ပါတယ် ။ ဒါပေမဲ့ နေရာယူမှုတွေက အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (6)

ခံစစ်မှာ တည်ငြိမ်မှု ကင်းမဲ့တဲ့ အခိုက်အတန့် အချို့ကို ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဘရူနို ရဲ့ ဂိုးကို ရရှိစေရေးမှာ ကောင်းလှတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ် ။

မက်ဂွားယား (7)

ဝေဖန်မှုတွေကို အကောင်းဆုံး ပြန်လည် တုန့်ပြန်ပြနိုင်ခဲ့တဲ့ ပွဲစဥ်ပဲလို့ ပြောရပါ့မယ် ။ အခွင့်အရေးတွေ လွဲချော်ခဲ့စဥ် ဦးဆောင်ဂိုး လိုအပ်တဲ့ အခိုက်အတန့်မှာ အဖွင့်ဂိုး သွင််းယူပေးနိုင်ခဲ့ပြီး ခံစစ် ကစားပုံလည်း ကောင်းခဲ့ပါတယ် ။

 

လုခ်ရှော (5.5)

လျင်မြန်မှု ကင်းမဲ့တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပြီး မြန််ဆန်တဲ့ ပြိုင်ဖက် တိုက်စစ်ကို ဟန့်တားဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ထောင့်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ် ။

တော်မီနေး (5)

ပြိုင်ဖက် အသင်းမှ ဖိအားပေး ကစားချိန်တွေမှာ ရန်လိုမှု အပြည့်နဲ့ ပြန်လည် တုန့်ပြန် ကစားနိုင်ခဲ့ပါတယ် ။ အခွင့်အရေးကောင်း တစ်ကြိမ် လွဲချော်ခဲ့ပြီး စည်းကမ်းတကျ မကစားနိုင်ခဲ့တဲ့ အတွက် အဝါကဒ် ထိခဲ့ပါတယ် ။

ပေါ့ဂ်ဘာ (7)

ပထမပိုင်း အတွင်းမှာ အသင်းအတွက် ပထမဆုံး အခွင့်အရေးကို ဖန်တီးပေးနိုင်ခဲ့ပါတယ် ။ စိတ်လှုပ်ရှားဖွယ် စွမ််းဆောင်ရည် ပြသနိုင်ခဲ့ပြန်ပေမဲ့ ဒုတိယပိုင်းမှာ မှေးမှိန်သွားခဲ့တဲ့ အတွက် လူစားလဲခံခဲ့ရပါတယ် ။

ဘရူနို (7)

ဆန်ချိုက ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကို အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး ။ အသင်း အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို အီလန်ဂါ ရဲ့ အနိုင်ရလဒ် သေချာစေတဲ့ ဂိုးကိုလည််း ဖန်တီးပေးနိုင်ခဲ့ပါတယ် ။

လင်ဂတ် (5)

နှစ်နှစ် အကြာမှ အသင်းအတွက် ပထမဆုံး လိဂ် ပွဲစဥ်ကို ကစားပေးခွင့် ပိုင်ဆိုင်ခဲ့ရပါတယ် ။ ဒါပေမဲ့ ထူးကဲတဲ့ စွမ်းဆောင်ရည် ပြသနိုင်ခြင်း မရှိခဲ့ပါဘူး ။

ဆန်ချို (8)

ပရိသတ်တွေ မြင်တွေ့လိုကြတဲ့ ဆန်ချိုကို မြင်နေပြီလို့ ပြောလို့ရနိုင်ပါပြီ ။ 3 ဂိုး အထိ ဖန်တီးခွင့် ရနိုင်ခဲ့သင့်ပေမဲ့ အသင်းဖော်တွေရဲ့ အဆုံးသတ် စွမ်းရည် လိုအပ်ချက်ကြောင့် 2 ဂိုး ဖန်တီးမှုနဲ့သာ ကျေနပ်ခဲ့လိုက်ရပါတယ် ။

ရော်နယ်ဒို (6)

အဖွင့်ဂိုး သွင်းယူသူက သူဖြစ်ခဲ့သင့်ပါတယ် ။ အခွင့်ကောင်းတွေ ရရှိခဲ့ပေမဲ့ ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး ။ အခွင့်အရေး အချို့တော့ ဖန်တီးပေးနိုင်ပြီး ပြိုင်ဖက် နောက််တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ..

အီလန်ဂါ (7)
ဖရက်ဒ် (8)
ဗာရန်း (6)

#Sports_Myanmar