သူ့ရဲ့အသင်းဖက် ဂိုးမသွင်းနိုင်ခဲ့တဲ့ ယူနိုက်တက်အသင်းကို ပါးပါးလေးပုတ်လိုက်တဲ့ ရွိုင်း ဟော့ဒ်ဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက အိုးလ်ထရပ်ဖို့ဒ် ကွင်းကြီးထဲမှာ ဝက်ဖို့ဒ် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး အိမ်ကွင်းမှ ပရိသတ်တွေရဲ့ ရှေ့မှောက််မှာ ဂိုးမရှိ သရေ ရလဒ် ကိုသာ ရယူသွားနိုင်ခဲ့ ပါတယ် ။

ဒါဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ ထိပ်သီး 4 သင်း စာရင်းဝင် အဖြစ် ရာသီကို ပိတ်သိမ်းလိုနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်တော့ စိတ်ပျက်လွန်းစရာကောင်းတဲ့ ရလဒ်ဆိုး တစ်ခုသာ ဖြစ်သွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းတွေ အများကြီး ရရှိထားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အဆိုပါ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင််းလဲနိုင်ရေးမှာတော့ အတော်လေး ညံ့ဖျင်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။

အဲ့ဒီလို အခွင့်အရေးတွေကို လွဲချော်ခဲ့သူတွေက အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ တက်သစ်စ လူငယ် ကြယ်ပွင့်လေး အန်သိုနီ အီလန်ဂါ တို့ ဖြစ်နေတာက ပရိသတ်တွေ အတွက် ပိုပြီး စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် အသင်းဟာ 3 ပွဲလျော့ ကစားခဲ့တဲ့ အာဆင်နယ် အသင်း ၊ ကစားပွဲ တူညီတဲ့ ဝက်စ်ဟမ်း အသင်းတွေနဲ့ 2 မှတ်သာ ကွာဟနေပါတော့တယ် ။ ဒါက သူတို့ ဒီရာသီ ထိပ်သီး လေးသင်း စာရင်းဝင်နိုင်မလားဆိုတဲ့ အပေါ် သံသယ ဖြစ်စေခဲ့ပါပြီ ။

အခုတော့ အသင်းရဲ့ website မှာ ပြုလုပ်ခဲ့တဲ့ အင််တာဗျူး အစီအစဥ်မှာ ဝက်ဖို့ဒ် အသင်းရဲ့ နည်းပြ ဖြစ်သူ ရွိုင်းဟော့ဒ်ဆန် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပြသနာကို ထုတ်ပြောလိုက်ပြီး ဂိုးမသွင်းနိုင်မှုနဲ့ ပတ်သက််လို့ ပါးပါးလေး ပုတ်ခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့လို အသင်းတွေ အတွက်တော့ အိုးလ် ထရပ်ဖို့ဒ် ဆိုတာက ခက်ခက်ခဲခဲ တိုက်ပွဲဝင်ကစားကြရမယ့် နေရာ တစ်ခုပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ကြသလောက် ကောင်းမွန်စွာပဲ ကစားပြနိုင်ခဲ့ကြပါတယ် ”

” သူတို့ကို ကြည့်ပြီးနောက် ဒီကောင်တွေ ဘောလုံးရရှိတဲ့ အခါတိုင်း ဂိုးတွေ သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ မထင်ခဲ့မိပါဘူး ။ ကွင်းထဲ ရောက်သွားရင် ကျွန်တော်တို့က ကိုယ့်ရဲ့ ဘဝအတွက် တိုက်ပွဲဝင်နေရသလိုမျိုး ကစားသင့်ပါတယ် ”

” ဒီပွဲမှာ ကျွန်တော့်အသင်းရဲ့ စိတ်ဓါတ်ခံယူချက်တွေက ဂုဏ်ထူးမှတ်နဲ့ ထိုက်တန်ခဲ့ပါတယ် ။ သူတို့တွေဟာ ကျွန််တော်တို့ရဲ့ ဂိုးဧရိယာ အနီးအနား တဝိုက်မှာ ဘောလုံးတွေ အများကြီး ကိုင်နိုင်ခဲ့ကြပါတယ် ။ ပြီးတော့ အခွင့်အရေး အချို့လည်း ရရှိခဲ့ကြပါသေးတယ် ”

” ဒါပေမဲ့ သူတို့တွေဟာ အခွင့်အရေးကောင်းတွေ များများစားစားကြီးတော့ မဖန်တီးနိုင်ခဲ့ကြပါဘူး ။ သူတို့ရဲ့ ကန်ချက် အချို့ကိုလည်း ဘန် ဖော်စတာ က ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပါတယ် ” လို့ ရွိုင်း ဟော့ဒ်ဆန် က ပြောကြားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar