ဝက်ဖိုဒ့် နဲ့ သရေကျအပြီးမှာ မန်စီးတီး ကို အနိုင်ကစားဖို့ တိုက်တွန်းလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ဟာ စနေနေ့ တုန်းက အမှတ်ပေး ဇယားရဲ့ အဆင့် ၁၉ နေရာက ဝက်ဖိုဒ့် အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့ ပါတယ် ။

ဒါဟာ အဆင့် ၄ နေရာကို အာဆင်နယ် ၊ စပါး ၊ ဝက်စ်ဟမ်း ၊ ဝုဗ် တို့နဲ့ အပြိုင်လုနေတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပြီး ၃ ပွဲကစားဖို့ ကျန်နေသေးတဲ့ အာဆင်နယ် ကို ၂ မှတ်သာ ဖြတ်ထား နိုင်ခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ အဆိုပါ ပွဲမှာ ဝက်ဖိုဒ့် ဘက်ကို ၂၂ ကြိမ် ကန်သွင်းခဲ့ ပေမယ့် တဂိုးမှ မရခဲ့ ပါဘူး ။ ရိုနယ်ဒို အပါအဝင် ယူနိုက်တက် ကစားသမား အများအပြားဟာ ကောင်းမွန်တဲ့ အခွင့်အရေးတွေကို ဖြုန်းတီး ပစ်ခဲ့ ကြပါတယ် ။

အဲ့ဒိ အထဲမှာ အသင်းခေါင်းဆောင် လက်ပတ် ဝတ်ခွင့် ရခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်လည်း ပါဝင်ခဲ့ ပါတယ် ။

လာမယ့် တနင်္ဂနွေနေ့ မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစား ရတော့မှာပါ ။

မန်စီးတီး ဟာ အဆင့် ၁ နေရာမှာ ရပ်တည် နေပြီး ပထမ အကြိမ် တွေ့ဆုံတုန်းကလည်း ယူနိုက်တက် ကို အပြတ်အသတ် အသာစီး နဲ့ ကစားကာ အနိုင်ယူ ထားခဲ့ ပါတယ် ။

မန်ယူနိုက်တက် ရုပ်သံနဲ့ အင်တာဗျူး အစီအစဉ် မှာတော့ ဘရူနို ဖာနန်ဒက်စ် က ပြီးခဲ့တာတွေ ကို မေ့ထားပြီး မန်ချက်စတာ ဒါဘီ ကို အနိုင်ရဖို့ အစွမ်းကုန် ပေးဆပ် ကစား သွားကြဖို့ တိုက်တွန်း ပြောဆို သွားခဲ့ပါတယ် ။

“ဝက်ဖိုဒ့် နဲ့ ပွဲမှာ ဂိုးသွင်း နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ ပါတယ် ။ ဒါပေမယ့် ဘောလုံးက ကျွန်တော်တို့ ကြားမှာ ၊ သူတို့ ( ဝက်ဖိုဒ့် ကစားသမားတွေ ) ကြားမှာ ခုန်ပေါက် လျှောက်သွား နေသလို ပါပဲ ။

အရင်က ပြောဖူးသလိုပါပဲ ၊ ဘောလုံးက ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့ နေ့တွေ ရှိတတ်ပါတယ် ။ ဒီပွဲက အဲ့ဒိလို နေ့မျိုး ပါပဲ ။ တမှတ်ပဲ ရခဲ့တာက တကယ်ကို ကံမကောင်းခဲ့ တာပါ”

“တကယ်လို့သာ မလျော့သင့်တဲ့ အမှတ်တွေ မလျော့ခဲ့ဘူး ဆိုရင် အဆင့် ၃ လောက်ကိုတောင် ကျွန်တော်တို့ ရောက်နေလောက် ပါပြီ ။ ဒီပွဲ ကလည်း ချဲလ်ဆီး နဲ့ ပိုနီးကပ်စေမယ့် အခွင့်ကောင်း တခုပါ ။ ကျွန်တော်တို့ မလုပ် နိုင်ခဲ့ ပါဘူး ။

ဒါပေမယ့် အခု ပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်တွေ့ နေရမယ့် အချိန် မဟုတ်ပါဘူး ။

ရှေ့ဆက် ကစားမယ့် ပွဲတွေမှာ အမှတ်ဘယ်လောက် ကျန်နေသေးလဲ ဆိုတာ ၊ အဆုံးသတ်မှာ ဘယ်နှမှတ်လောက် ရနိုင်သလဲ ဆိုတာကို ကြည့်ရမယ့် အချိန်ပါ”

“ရှေ့လာမယ့် ပွဲတွေ ကို အဓိက အာရုံစိုက်မယ် ၊ အနိုင်ရအောင် ကြိုးစားမယ် ၊ ၃ မှတ် ရအောင် ယူပါမယ် ။

ဒီပွဲ ( မန်စီးတီး နဲ့ ) ဟာ မန်ချက်စတာမြို့ အတွက် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ၊ ပရိသတ်တွေ အတွက် ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော်တို့ အားလုံး သိထား ပါတယ် ။

ဘာတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ဒီပွဲကို ကျွန်တော်တို့ အနိုင် ကစားရမှာပါ” လို့ ဖာနန်ဒက်စ်က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မန်စီးတီး ရဲ့ အိမ်ကွင်း အစ်တီဟတ် မှာ မှတ်တမ်းကောင်းတွေ ရှိခဲ့ ပါတယ် ။

နောက်ဆုံး ကစားခဲ့တဲ့ ၇ ပွဲမှာ ယူနိုက်တက် တို့ ၅ ပွဲအထိ နိုင်ထားပြီး မနှစ်က ရာသီ တုန်းကလည်း ဖာနန်ဒက်စ် ရဲ့ ပင်နယ်တီ အပါအဝင် ၂-၀ နဲ့ မန်စီးတီးကို မန်ယူနိုက်တက် တို့ အနိုင် ရရှိ ထားခဲ့ ပါတယ် ။

 

SPORTS MYANMAR