လိဒ်ကိုဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်အပြီး သူ့ရဲ့အောင်ပွဲခံမှုနဲ့ပက်သက်ပြီး ၀န်ခံသွားခဲ့ကာ title race နဲ့ မာတစ်ရဲ့ ဂိုးအပေါ် မှတ်ချက်ပေးလိုက်တဲ့ ကလော့

ယာဂန်ကလော့ဟာ မနေ့ညက လိဒ်ယူနိုက်တက်ကို အန်ဖီးမှာ ၆-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ၀မ်းမြောက်လျက် ရှိနေကာ ပွဲအပြီးမှာတော့ အန်ဖီးရဲ့ the Kop တို့ ရှေ့မှာ သူ့ရဲ့ trademark ဖြစ်တဲ့ လက်သီးလက်မောင်းတန်းကာ အောင်ပွဲခံမှုကို ပြုလုပ်သွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် အပြီးမှာတော့ ကလော့က သူ့အနေနဲ့ အဆိုပါ အချိန်မှာ အနည်းငယ် စိတ်လွတ်သွားခဲ့တယ်လို့ ၀န်ခံသွားခဲ့ပါတယ်။

ကလော့က “အကယ်၍ ကျွန်တော်သာ the Kop တို့ရဲ့ ရှေ့ကို နောက်ထပ် ၁၀ စက္ကန့် အကြာလောက်မှာသာ ရောက်ခဲ့မယ် ဆိုရင် ဒီလိုမျိုး အောင်ပွဲခံမှုကို လုပ်ချင်မှ လုပ်ဖြစ်မှာပါ။ ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်တော် အနည်းငယ် စိတ်လွတ်သွားခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ဒီလိုမျိုး သိပ်ပြီး ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် အဲဒီအချိန်မှာတော့ ဒီလိုပဲ ဖြစ်သွားခဲ့ပါတယ်။ ဒီအခိုက်အတန့် အတွက် လုံး၀ အိုကေပါတယ်။

ဒီညပွဲနဲ့ ပက်သက်ပြီး တစ်ကွင်းလုံးရဲ့ တုန့်ပြန်မှုကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကြောင့် အရာတော်တော်များများ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် အကြိမ်ကြိမ် ပျော်ရွှင်မိခဲ့ပါတယ်။ ဒါမျိုးသိပ်ပြီး ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဘက်က သူတို့ကို ဒီလို ကစားပုံနဲ့ ရလဒ်ကို ပေးနိုင်ပါတယ်။ ဒါပါပဲ။” လို့ ဆိုခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးဟာ အမှတ်ပေးဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာခဲ့ပြီး title race အတွက် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကလော့က “ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ စီးတီးနောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ပွဲတွေပဲ အနိုင်ရအောင် ကြိုးစားနေပါတယ်။ အခု ကျွန်တော်တို့ အာရုံစိုက်သွားမှာက လိဂ်ဖလားဖိုင်နယ် ဖြစ်ပါတယ်။ ဒီ weekend မှာ သူတို့ ဘယ်သူနဲ့ ကစားရမလဲဆိုတာ ကျွန်တော်မသိပေမယ့် ကျွန်တော်တို့ နောက်ထပ် ပရီးမီးယားလိဂ်ပွဲ မကစားမီ ကွာဟမှုက ၆ မှတ် ဖြစ်သွားနိုင်ပါတယ်။ အကယ်၍ နောက်တစ်ပတ်မှာ သူတို့ အရင်ကစားရမယ့် ဆိုရင် ကွာဟမှုက ရုတ်တရက်ဆိုသလို ၉ မှတ် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီလိုမျိုးအရာတွေကို သိပ်ပြီး တွက်ချက်နေစရာ မလိုပါဘူး။

ကျွန်တော်တို့ ကိုယ့်ပွဲတွေကိုသာ အနိုင်ရအောင် ကြိုးစားသွားရမှာပါ။ ဒီညမှာ ကောင်လေးတွေရဲ့ အားထုတ်မှု ကစားပုံ နဲ့ ခံစစ်ကစားပုံတွေကို ကျွန်တော် တကယ်ကြိုက်ပါတယ်။ ရာသီရဲ့ စိတ်၀င်စားစရာ ကာလက ရောက်လာတော့မှာပါ။ အခုဆိုရင် ကျွန်တော်တို့ ဖိုင်နယ်ကို ကစားရတော့မှာ ဖြစ်ပြီး အဲဒီနောက် အက်ဖ်အေဖလား ၊ ၀က်ဟမ်းနဲ့ပွဲ ဖြစ်ပါတယ်။ ၀က်ဟမ်းကို ကျွန်တော်တို့ ရှုံးထားခဲ့တာကြောင့် နိုင်မယ်လို့ အပိုင်တွက်လို့ မရပါဘူး။ လာမည့် ၁၀ ရက်အတွင်းမှာပဲ အများကြီး ဖြစ်ပျက်နိုင်ပါတယ်။ ကျွန်တော်တို့ အာရုံအပြည့်စိုက်သွားရမှာ ဖြစ်ပြီး အစွမ်းကုန် အားထုတ်သွားရမှာပါ။” လို့ မှတ်ချက်ပေးသွားပါတယ်။

လီဗာပူးဟာ ပထမပိုင်းမှာ မိုဆာလား (၂ ဂိုး) ၊ မာတစ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ မာနေး (၂ ဂိုး) ဗန်ဒိုက် တို့က ဂိုးသွင်းပေးခဲ့ပြီး ၆-၀ နဲ့ ပွဲပြီးစေခဲ့ပါတယ်။

မာတစ်ရဲ့ ဂိုးနဲ့ ပက်သက်ပြီး ကလော့က “လိဒ်ရဲ့ ခံစစ်ကစားပုံအရ ဒါဟာ ဂျိုရယ်ကို ညာခြမ်းကနေ ရှေ့တက်ကစားနိုင်တဲ့ အခွင့်အရေး ဖြစ်စေပါတယ်။ အမြဲတမ်း block ကတော့ ရှိနေမှာ ဖြစ်ပြီး ကိုယ့်ဘက်က ဒါကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းကို ရှာသွားရမှာပါ။ ဒီတစ်ကြိမ်မှာ သူဟာ ဒါကို ရှာနိုင်ခဲ့ပြီး ညာခြမ်းကို pass လုပ်ခဲ့ကာ ပင်နယ်တီဧရိယာထဲ ၀င်သွားခဲ့ပါတယ်။ မျှောပေးလိုက်တဲ့ ဘောလုံးဟာ တအားကို ကောင်းခဲ့ပြီး သူဟာ ဒါကို အဆုံးသတ်ခဲ့ပါတယ်။

ဒါဟာ ပွဲတိုင်းတော့ မဖြစ်နိုင်ပါဘူး။ ပွဲတိုင်းလည်း မလိုအပ်ပါဘူး။ ဒါပေမယ့် လိဒ်နဲ့ပွဲမှာ ဒါဟာ ဖြစ်နိုင်ခဲ့ပါတယ်။ လိဒ်နဲ့ပွဲမှာ ဒါမျိုးကို လိုအပ်ပါတယ်။ သူဟာ ဒါကို အကောင်းဆုံး လုပ်ခဲ့ပြီး ဒီအတွက် ဆုပြန်ရခဲ့ပါတယ်။ ကျွန်တော် သူ့အတွက် တကယ် ပျော်မိပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM