လာလီဂါ ပွဲဦးထွက်မှာ ဟက်ထရစ် ရခဲ့တဲ့ အူဘာမီယန်း ကို ချီးကျူးလိုက်ကြတဲ့ ဇာဗီ ၊ ဘူးစကွက် နဲ့ အာဆင်နယ် အသင်းသားများ

အူဘာမီယန်း ဟာ ဗလန်စီယာ အသင်း နဲ့ ပွဲမှာ ဘာစီလိုနာ အတွက် ဟက်ထရစ် ရရှိ ခဲ့ပြီးနောက် စပိန် ၊ ပြင်သစ် ၊ အင်္ဂလန် နဲ့ ဂျာမနီ လိဂ်လေးခု စလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စတုတ္တမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင် သွားခဲ့ပါတယ် ။

ဂါဘွန် လက်ရွေးစင် တိုက်စစ်မှူး အူဘာမီယန်း ဟာ ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုး သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာ ပက်ဒရီ ရဲ့အဝေး ကန်ချက် သွင်းဂိုး ဟာလည်း အူဘာမီယန်း နဲ့ ထိသွားခဲ့တာကြောင့် အူဘာမီယန်း ရဲ့ သွင်းဂိုး အဖြစ် သတ်မှတ် ပေးခဲ့ပါတယ် ။

ဒါကြောင့် အူဘာမီယန်း ဟာ ပြီးခဲ့တဲ့ ၁၂ လ က လိဒ်ယူနိုက်တက် နဲ့ ပွဲမှာ အာဆင်နယ် အတွက် ဟက်ထရစ် သွင်းဂိုး သွင်းယူ ပေးခဲ့ပြီးနောက် ပထမဆုံး အကြိမ် ဟက်ထရစ် ပြန်လည် ရရှိ ခဲ့တာ ဖြစ်ပါတယ် ။

ပွဲအပြီးမှာတော့ ဘာစီလိုနာ နည်းပြ ဇာဗီ က ” သူ(အူဘာမီယန်း) က ကစားသမား ဘဝ တစ်လျှောက်လုံး ဂိုးတွေ တောက်လျှောက် သွင်းယူ လာခဲ့တာပါ ။ ကျွန်တော်တို့ အသင်းမှာလည်း သူ ဂိုးတွေ သွင်းနိုင်မယ်လို့ မျှော်လင့် ထားခဲ့ပြီးသားပါ ။ ”

” သူက နေရာလွတ်တွေကို ကောင်းကောင်း ရှာဖွေ ကစား နိုင်ပါတယ် ၊ သူက ရင့်ကျက်မှု ရှိသလို ပါးနပ် မှုလည်း ရှိပါတယ် ။ ကျွန်တော် သူ့အတွက် ဝမ်းသာ မိပါတယ် ၊ သွင်းဂိုးတွေ ရရှိ ခဲ့တာက သူ့အတွက် သိပ်ကောင်းပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာဆာ အသင်း ခေါင်းဆောင် ကွင်းလယ်လူ ဘူးစကွက်ကလည်း ပွဲအပြီးမှာ အူဘာမီယန်း ကို ခုလို ချီးကျူး သွားခဲ့ပါတယ် ။ ” သူက အလုပ် အတော် ကြိုးစားတဲ့ ကစားသမားပါ ၊ သူ အသင်းကို ရောက်တဲ့ အချိန်တုန်းက ပွဲ မကစားရတာ အတော်ကြာနေပါပြီ ၊ အခုဆို သူ ပွဲတွေ ပြန်လည် ကစား နေနိုင်ပါပြီ ။ ”

” သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ၊ သူ့လို ကစားသမားမျိုးကို အလွတ် နဲ့ ရလိုက်တာက တကယ့်ကို အကျိုးရှိတဲ့ ခေါ်ယူမှုပါပဲ ၊ အူဘာမီယန်း ရဲ့ အကူအညီ သာ မပါရင် ကျွန်တော်တို့ ရဲ့ စတုတ္တမြောက်ဂိုးကို ပြိုင်ဘက် ဂိုးသမား ကာကွယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အူဘာမီယန်း ဟာ သူ့ရဲ့ လာလီဂါ ပထမဆုံး ဟက်ထရစ် ရရှိ ခဲ့ပြီးနောက် အင်စတာဂရမ် အကောင့်မှာ ” ပထမဆုံး လာလီဂါ ပွဲဦးထွက်မှာတင် ပထမဆုံး ဟက်ထရစ် ရခဲ့ပါပြီ ၊ ခံစားချက်ကတော့ ပြောမပြတတ်အောင် ကောင်းမွန်ပါတယ် ၊ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က ထိပ်တန်း ပါပဲ ၊ ပက်ဒရီ ရေ မင်းရဲ့ ဖန်တီးမှု အတွက် ကျေးဇူး တင်ပါတယ်ကွာ ၊ နောက်တစ်ခါကျရင် မင်းသွင်းဂိုးရအောင် ငါကူညီပေးမယ်လို့ ကတိပြုပါတယ် ။ ” လို့ ရေးသား သွားခဲ့ပါတယ် ။

အဆိုပါ post အောက်မှာ အာဆင်နယ် အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ လာကာဇက် နဲ့ ဟိုးလ်းဒင်းတို့ဟာ ဝင်ရောက် မှတ်ချက် ပေးပြီး ဂုဏ်ပြု ပေးခဲ့ကြပါတယ် ။

SM