ရှုံးနိမ့်နေခဲ့တဲ့ ပထမပိုင်းအပြီး ကစားသမားတွေကို ဘာပြောခဲ့သလဲဆိုတာ ရန်းဂနစ် ကိုယ်တိုင် ဖွင့်ဟပြီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ဝမ်ဒါ မက်ထရို ပိုလီတာနို ကွင်းထဲ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းမှာတော့ ဂျွာအို ဖိလစ်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ဦးဆောင်မှု ခံခဲ့ရပါတယ် ။

ဒီပွဲမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဦးဆောင်ဂိုး သွင်းယူပြီးကတည်းက ခံစစ်ကို ပိတ်ကစားခဲ့တာကြောင့် ယူနိုက်တက်တို့ ထိုးဖောက်ဖို့ အခက်တွေ့ခဲ့ရပြီး အဝေးကန်ချက်တွေနဲ့သာ ခြိမ်းခြောက်သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ကစားသမားတွေရဲ့ အဝေးကန်ချက််တွေကလည်း အားရစရာ မရှိခဲ့ရပဲ ဂိုးပေါက်လွဲတာချည််း များခဲ့ပါတယ် ။ အချုပ်အားဖြင့် ပြောရရင် ယူနိုက်တက် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုသာ ရယူနိုင်ခဲ့ပြီး တိုက်စစ်ဆင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ အက်သလက်တီကို အသင်းက ဘောလုံး ပိုင်ဆိုင်မှု နည်းပါးခဲ့ပေမဲ့ ထိရောက်တဲ့ ဂိုးပေါက််ခြိမ်းခြောက်မှု အနည်းငယ် လုပ်ဆောင်နိုင်ခဲ့ပြီး တိုင်မှန်ခြင်း ၊ ဂိုးဘား ထိမှန်ခြင်းတွေကြောင့် နောက်တစ်ဂိုး သွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး ။

အဲ့ဒီနောက် ယူနိုက်တက် နည်းပြ ရန်းဂနစ် က လူစားလဲမှု 5 ကြိမ် အထိ လုပ်ဆောင်ခဲ့ပြီး လိဒ်စ် ယူနိုက်တက် နဲ့ ပွဲစဥ်တုန်းကလိုပဲ လူစားဝင် ကစားသမားတွေရဲ့ ခြေစွမ်းပြမှု ၊ အန်သိုနီ အီလန်ဂါရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ သရေရလဒ် ရယူနိုင်ခဲ့ပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ်က ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခု ကစားနေတာက လုံလောက််မှု မရှိကြောင်း ၊ ကွင်းထဲမှာ စွမ်းအင် အပြည့်နဲ့ ကစားဖို့ လိုအပ်ကြောင်း… စသဖြင့် မှာကြားခဲ့ကြောင်း ဖွင့်ဟခဲ့လိုက် ပါတယ် ။

” ကောင်းပါပြီ ၊ ဒါက လုံလောက်မှု မရှိဘူးလို့ ကျွန်တော် သူတို့ကို ပြောခဲ့ပါတယ် ။ ကျွန်တော်တို့ ဒီထက် ပိုကောင်းတဲ့ စွမ်းအင်တွေကို ပြသနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ ဒီလိုမျိုး အနေအထား တစ်ရပ်မှာ ကျွန်တော်တို့ game plan တွေ ၊ နည်းစနစ်ပိုင်း လှည့်ကွက်တွေ အကြောင်း ပြောဖို့ မလိုအပ််ပါဘူး ”

” ကျွန်တော်တို့ ယုံကြည်မှု အပြည့်နဲ့ ကွင်းထဲမှာ ဆက်ရှိနေဖို့ ၊ ပြိုင်ဖက် အသင်း ဘောလုံး ရချိန်မှာ ဖြစ်စေ ၊ ကိုယ််တိုင် ဘောလုံး ပိုင်ဆိုင်မှု ရရှိတဲ့ အခါတွေမှာ ဖြစ်စေ ၊ ကိုယ်လုပ်နေတာတွေ အပေါ်မှာ ယုံကြည်မှုတွေ ရှိနေဖို့ လိုအပ်ခဲ့ ပါတယ် ။ အခု ကစားပုံက လုံလောက်မှု မရှိခဲ့ပါဘူး ။ ဒါက ချန်ပီယံလိဂ်လေ ”

” အသင်းတွေက ချန်ပီယံလိဂ် ဝင်ခွင့်ရရှိကြဖို့ နှစ်စဥ် ရုန််းကြရပါတယ် ။ ဒါ့ကြောင့် အခုလို ရှုံးထွက် အဆင့်ကို ရောက်တဲ့ အခါတွေမှာ ယုံကြည်စိတ်ချဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ လိုအပ်လှပါတယ် ။ ဒါကို ပွဲချိန် မိနစ် 60 ကျော်တဲ့ အခါမှာ ကျွန်တော်တို့ ပြသနိုင်ခဲ့ကြပါတယ် ”

” ပြီးတော့ လူစားဝင် ကစားပေးခဲ့ကြတဲ့ ကစားသမားတိုင််းက ပွဲရှိန်ကို မြှင့်တင်ပေးနိုင်ခဲ့ကြပါတယ် ။ အဲ့ဒီနောက် ပွဲကစားချိန် နောက်ဆုံး 15 မိနစ် ၊ မိနစ် 20 အတွင်းမှာ သူတို့တွေဟာ ကျွန်တော်တို့ မျှော်လင့်ထားခဲ့ကြသလို ကစားပေးသွားနိုင်ခဲ့ကြပါတယ် ” လို့ ရန်းဂနစ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar