ယူနိုက်တက် Vs အေတီကို ပွဲစဥ်အပေါ် ကြိုတင် ခန့်မှန်းမှု ပြုလုပ်လိုက်တဲ့ ဖာဒီနန်

ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန် ကတော့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဥ်မှာ အသင်းဟောင်းဟာ အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ ရလဒ်မျိုးကို ရယူနိုင်စွမ်း ရှိနေကြောင်း သုံးသပ်ပြောကြားသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြာသပတေး နေ့ နံနက်ခင်းမှာ ဝမ်ဒါ မက်ထရို ပိုလီတာနို ကွင်းထဲမှာ ချန်ပီယံလိဂ် 16 သင်း ရှုံးထွက် အဆင့်ရဲ့ ပထမအကျော့ ပွဲစဥ် အဖြစ် စပိန် ထိပ်သီး အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ် ။

လက်ရှိ ဘောလုံး ရာသီမှာတော့ ဥရောပ ထိပ်သီး ကလပ််တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက်ရော အက်သလက်တီကို မက်ဒရစ် အသင်းပါ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ ရုန်းကန် နေရတာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် အခုလိုပွဲမှာ ဘယ်သူ နိုင်မလဲဆိုတာ စိတ်ဝင််စားစရာ ပါပဲ ။

လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ ဘရိုက်တန် ၊ လိဒ်စ် ယူနိုက်တက် အသင်းတွေကို အနိုင် ကစားပြီး တိုးတက်လာတဲ့ ပုံစံကောင်း အချို့ကို ပြသထားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခွင့်အရေး အသုံံးချမှု အပိုင်းမှာ လိုအပ်ချက် ရှိနေဆဲပါပဲ ။

အခြားတဖက်မှာတော့ အက်သလက်တီကို မက်ဒရစ် အသင််းဟာ နောက်ဆုံး ကစားခဲ့တဲ့ အိုဆာဆူနာ အသင်းနဲ့ ပွဲစဥ်မှာ 0 – 3 ဆိုတဲ့ ဂိုးပြတ် နိုင်ပွဲကို ရယူထားနိုင်ခဲ့ပြီး စိတ်ဓါတ် တက်​ကြွနေခဲ့ပါတယ် ။ အခုလည်း ယူနိုက်တက်ကို အိမ်ကွင်း ကစားရမှာမို့ သူတို့ဖက်က အားသာနေပါတယ် ။

အခုတော့ Vibe With Five နဲ့ ပြုလုပ်ခဲ့ရတဲ့ အင်တာဗျူး အစီအစဥ်မှာ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က သူ့ရဲ့ အသင်းဟောင်းဟာ ဒီလို ပွဲစဥ်မျိုးမှာ ရလဒ်ကောင်း တစ်ခုကို ရယူနိုင်ခွင့် ရှိနေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက် ပါတယ် ။

” အဲ့ဒီမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ရလဒ်် တစ်ခု ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ အက်သလက်တီကို မက်ဒရစ် အသင်းဟာ ဆီမြွန်နီ လက်အောက််မှာ ကစားခဲ့တဲ့ ကာလတစ်လျှောက် ဒီနှစ် ပေးဂိုးတွေ အတော်လေး ပိုများနေခဲ့ပါတယ် ”

” သူတို့တွေက ဒီရာသီ အမှတ်ပေး ဖလား ပြိုင်ပွဲမှာ 34 ဂိုး အထိ ပေးထားခဲ့ပြီးပါပြီ ။ ဒါတောင် ရာသီကုန်ဖို့ 13 ပွဲ ကျန်နေပါသေးတယ် ။ အဲ့တာက အများကြီး တာသွားတဲ့ အချက်အလက် တစ်ခုပါပဲ ။ ဒါ့ကြောင့် အခုပွဲမှာ ယူနိုက်တက် အသင််းဟာ ရလဒ် တစ်ခု ရယူနိုင်တယ်လို့ ကျွန်တော်် ပြောနေရတာပါ ”

” သွင်းဂိုးတွေကိုတော့ နှစ်ဖက် အသင်းလုံးက သွင်းယူနိုင်ကြမှာပါ ။ ကျွန်တော်ကတော့ ဒီလို အနေအထား တစ်ရပ််မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အပေါင်း လက္ခဏာဆောင်တဲ့ ရလဒ် တစ်ခုကို ရယူနိုင်စွမ်း ရှိတယ်လို့ ထင်မြင်မိပါတယ် ” လို့ ဖာဒီနန် က ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar