ယူနိုက်တက် အသင်းရဲ့အလွဲအမှားကို ထုတ်ပြေ ၊ ရန်းဂနစ်ဖက်မှ ကာကွယ်ပြီး ကစားသမားတွေကို အပြစ်တင်လိုက်တဲ့ ဟားဂရေ့ဗ်

ယူနိုက်တက် ကစားသမားဟောင်း ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ တစ်စထက် တစ်စ ကျရိပ်သမ်းလာတယ်လို့ ဝန်ခံလိုက်ပြီး လွန်ခဲ့တဲ့ လေး ၊ ငါးနှစ်လောက်ကဆို ဝက်ဖို့ဒ်ကို ဂိုးပြတ် အနိုင််ရခဲ့မှာဖြစ်ကြောင််း ထုတ်ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်ဖို့ဒ် အသင်းကို ဧည့်ခံကစားခဲ့ရပြီး အခွင့်အရေး များစွာ ဖန်တီးနိုင််ခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့တဲ့ အတွက် ဂိုးမရှိ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့လိုက်ရ ပါတယ် ။

ယူနိုက်တက်တို့ဟာ ဒီလိုပွဲစဥ်မျိုးမှာ ဝက်ဖို့ဒ် အသင်းကို သရေသာ ကစားနိုင်ခဲ့တဲ့ အတွက် အဆင့် 4 နေရာမှာ ဆက််လက် ရပ်တည်နိုင်ခဲ့ပေမဲ့ ပွဲကျန်ကစားရဖို့ ရှိနေသေးတဲ့ အာဆင်နယ် အသင်းကို အခွင့်အရေးကောင်း ပေးသလိို ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ် က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယခင်တုန်းကထက်တောင် ပိုပြီး ကျဆင်းခဲ့ပြီလို့ ဖွင့်ဟရင်း အခွင့်အရေးအသုံးမချနိုင်ခဲ့ကြတဲ့ အသင််းသားတွေကို ဝေဖန်ခဲ့လိုက်ပါတယ် ။

 

” အခြားရက်စွဲ တစ်ခုမှာဆိုရင် သူတို့တွေဟာ 4 – 5 ဂိုးလောက်နဲ့ အနိုင်ရခဲ့မှာပါ ။ ဒီပွဲမှာ သူတို့တွေ ဖန်တီးထားခဲဲ့ကြတဲ့ အခွင့်အရေး ပမာဏကို ကြည့်ရှုလိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ 4 – 5 နှစ် လောက်ကသာဆိုရင် သူတို့ သေချာပေါက်် 4 – 5 ဂိုးလောက်နဲ့ နိုင်ခဲ့ကြမှာပါ ”

” ဒီရာသီမှာတော့ ဂိုးသွင်းယူရေးဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကြီးမားလွန်းတဲ့ ပြသနာ တစ်ခုလို ဖြစ်နေခဲ့ရပါပြီ ။ သူတို့ မန်စီးတီးထက် ဂိုး 20 ၊ လီဗာပူးထက် 25 ဂိုးလောက်ထိ ဂိုးသွင်း နည်းခဲ့ကြပြီလို့ ကျွန်တော် ထင်ပါတယ် ”

” ဒါက ကြီးမားတဲ့ ပြသနာ တစ်ခုပါ ။ ခင်ဗျားတို့ အနေနဲ့ ဒီပွဲ နိုင်ကို နိုင်ခဲ့သင့်ပါတယ် ။ အခွင့်အရေးတွေ အဲ့ဒီမှာ ရှိနေခဲ့တယ်လေ ။ သူတို့တွေ စိတ်ဓါတ်ပိုင်း ဖွတ်ဖွတ်ညက်ညက် ကျေနေလောက်ပါပြီ ။ ဘာလို့လဲဆိုတော့ သူတို့က ထိပ်သီး လေးသင်း ဝင်ဖို့ ကြိုးစားနေရတာလေ ”

” ဒါပေမဲ့ သူတို့တွေဟာ အခွင့်အရေးကောင်းတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ကြပါဘူး ။ သူတို့တွေဟာ ရန်းဂနစ် လက်အောက်မှာ ကစားပုံ သိသိသာသာ ပိုကောင််းလာခဲ့ကြပါပြီ ။ သူတို့ တကယ်ပဲ တိုးတက် ကောင်းမွန်လာခဲ့ကြတာပါ ”

” အကယ်လို့ တစ်စုံတစ်ယောက်က ရန်းဂနစ် မှာနေတယ်လို့ ပြောရင်. သေချာတယ် ၊ ဒီလူ ပွဲမကြည့်ပဲ ပြောနေတာပဲဖြစ်ပါလိမ့်မယ် ။ ကွင်းထဲတာဝန်ရှိသူတွေ့ ကစားသမားတွေပါ ။ သူတို့အနေနဲ့ ရခဲ့တဲ့ အခွင့်အရေးတွေကို အသုံံးချနိုင်ခဲ့သင့်ပါတယ် ” လို့ ဟားဂရေ့ဗ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar