ယူနိုက်တက်ရဲ့ အားရစရာ မရှိတဲ့ ချန်ပီယံလိဂ် သရေပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေ ညံ့ခဲ့ကြသလဲ..

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့် ၊ ပထမ အကျော့ ပွဲစဥ် အဖြစ် ဝမ်ဒါ မက်ထရို ပိုလီတာနို ကွင်းထဲမှာ အက်သလက်တီကို မက်ဒရစ် အသင်း နဲ့ ရင်ဆိုင််ခဲ့ရပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ရယူနိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ ပွဲချိန် 7 မိနစ်ထဲက အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး ဂျွာအို ဖဲလစ် ဟာ လိုဒီ ရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ရင်း အိမ်ရှင် အသင်း အတွက် ဦးဆောင်ဂိုး ရယူပေးသွားနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန်တလျှောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရယူပြီး ကစားခဲ့ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်တို့ဟာ ပထမပိုင်း အတွင်း ပြိုင်ဖက်ဧရိယာအခြမ်းထဲ မိနစ်ပိုင်းလေးတောင် ကြာအောင် ဘောလုံးကိုင် တိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့ကြပါဘူး ။

ဒါ့အပြင် စိတ်လှုပ်ရှားဖွယ် အခွင့်အရေးကောင်းတွေကို အေတီကို အသင်းကချည်း ဖန်တီးသွားခဲ့ပါတယ် ။ ဒါပေမဲဲ့ ဂိုးတိုင်မှန်ခဲ့တာတွေ ၊ ဂိုးပေါက် ကန်သွင်းချက် တိကျမှု အားနည်းခဲ့တာတွေက အေတီကို တို့ကို နောက်တစ်ဂိုး မရအောင်် ဟန့်တားသွားခဲ့ပါတယ် ။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ကစားသမားတွေဟာ အစောပိုင်း မိနစ် ဂိုးသွင်းပြီး ခံစစ်လုံအောင် ပိတ်ကစားခဲ့ကြတဲ့ အေတီကို နောက်တန််းကို မကျော်နိုင်ခဲ့တဲ့ အတွက် အဝေးကန်ချက်တွေကိုသာ များများ လုပ်ဆောင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ အဲ့တာတွေက အရာမထင်ခဲ့သလို စိတ်လှုပ်ရှားစရာလည်း မဖြစ်ခဲ့ရပါဘူး ။ အဲ့ဒီနောက် ယူနိုက်တက် နည််းပြ ရန်းဂနစ်ဟာ လူစားလဲမှုတွေ ဆက်တိုက်လုပ်ခဲ့ပြီး ရလဒ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားသွားခဲ့ပါတယ် ။ ဒီပွဲမှာလည်း ယူနိုက်တက်အတွက် ခြေပဂိုးကို လူစားဝင် ကစား သမားလေး ဖြစ်တဲ့ အီလန်ဂါ ကပဲ သွင်းယူပေးခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ ခံစစ် မာကျောတဲ့ ဝမ်ဒါ မက်ထရို ပိုလီတာနို ကွင်းထဲမှာ ယူနိုက်တက်တို့ သရေ တစ်မှတ် ယူနိုင်ခဲ့တာက အပေါင်း လက္ခဏာ ဆောင်ကျဥ်းတဲ့ အရာတစ််ခု ပါပဲ ။ အဆိုပါ ပွဲစဥ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (5)

အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့ အစောပိုင်း မိနစ်တွေမှာ စိတ်လှုပ်ရှားနေခဲ့ပုံပါပဲ ။ ဂိုးတိုင်ထိမှန်ခဲ့တဲ့ ကန်ချက်တွေ​ ၊ ပြိုင်ဖက် အသင်းရဲ့ တိကျမှု မရှိတဲ့ ကန်ချက်တွေကြောင့် လုပ်စရာ နည်းပါးခဲ့ပါတယ် ။

လင်ဒီလော့ဖ် (4)

ကစားနေကျ မဟုတ်တဲ့ ညာခံစစ် နေရာမှာ အံ့ဖွယ် ပွဲထွံက််ခဲ့ရပါတယ် ။ အေတီကို အသင်းကလည်း အခွင့်ကောင််းယူပြီး ကစားပုံ တည်ငြိမ်မှုမရှိတဲ့ သူ့ဖက်ကပဲ ထိုးဖောက််ဖို့ ကြိုးစားခဲ့တာကို ဟန့်တားနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ်် ။

ဗာရန်း (5)

ယူနိုက်တက် အတွက် ပွဲထွက်တိုင်း ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ ပြင်သစ်သားဟာ မြို့ခံ ပြိုင်ဖက်ဟောင်းနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတော့ အကောင်းဆုံးပုံစံကို မပြနိုင်ခဲ့တဲ့ အပြင် တည်ငြိမ်မှုလည်း အားနည်းနေခဲ့ပါတယ် ။

မက်ဂွားယား (5)

ပေးဂိုးအတွက် အမှားမကင်းခဲ့ပါဘူး ။ ဒီနေရာမှာ ဖဲလစ် ရဲ့ အချိန်ကိုက် လှုပ်ရှားမှုလည်း ကောင်းခဲ့တာ ပါဝင်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကစားပုံ ပိုမို တိုးတက်လာခဲ့ပါတယ် ။

လုခ်ရှော (5)

တိုက်စစ်ရော ခံစစ်အတွက်ပါ အသင့်အတင့်ပဲ ကောင်းခဲ့ပြီး ထူးကဲတဲ့ အကျိုးသက်ရောက််မှု ပြုလုပ်ပေးနိုင်စွမ်း ကင်းမဲ့နေခဲ့ ပါတယ် ။ ဒီအတိုင််းသာ ကစားရင် Line Up ပျောက်ကောင်း ပျောက်သွားပါလိမ့်မယ် ။

ဖရက်ဒ် (4)

ယခင်ထဲက တိုက်စစ်လိုက်ပါ ကစားရတာကို နှစ်ခြိုက်တယ်လို့ ဝန်ခံဖူးတဲ့ ကစားသမားဟာ ခံစစ် အသားပေး ကစားရတဲ့ အခါမှာတော့ ကစားပုံ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ် ။

ပေါ့ဂ်ဘာ (3)

ကစားပုံ ကြမ်းတမ်းတဲ့ ပြိုင်ဖက်တွေ ရှိနေတဲ့ ပွဲမျိုးမှာ တစ်ချက်ထိကစားသင့်တာကို ဘောလုံးကိုင်ကစားနေခဲ့ပြီး မကြာခန လုယူခံခဲ့ရသလို အလျင်စလို ပေးပို့မှုတွေ ပြုလုပ်ချိန်မှာလည်း လိုရာမရောက် ဖြစ်ခဲ့ရပါတယ် ။ ပြန််လည် ကစားခွင့် ရခဲ့တဲ့နောက် အဆိုးဆုံး ခြေစွမ်းပဲလို့ ပြောရပါ့မယ် ။

ဘရူနို (6)

ကန်ချက် တစ်ကြိမ်သာ အားရစရာ ရှိခဲ့ပြီး အခြားသော ခြိမ်းခြောက်မှုတွေက ရင်ခုန်စရာကို မရှိခဲ့ရပါဘူး ။ ပေးပို့မှုအချို့လည်း လွဲခဲ့ပါသေးတယ် ။ ဒါပေမဲ့ အကောင်းဆုံး ဆက်လက် ကြိုးစားရင်း ခြေပဂိုး ဖန်ပေးနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (3)

မထင်မှတ်ပဲ ပွဲကစားခွင့် ရခဲ့ပေမဲ့ မကစားချင်တဲ့ နေရာမှာ ကစားပေးခဲ့ရပါတယ် ။ ကစားလေ့ရှိတဲ့ ဘယ်အခြမ်းမှာတောင် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ကစားသမားက ညာဖက်မှာ ကစားတဲ့အခါ ခြေစွမ်းပါ ပျောက်သွားခဲ့ရပါတယ် ။

ဆန်ချို (5)

အလုပ်တွေ ကြိုးစားပြီး ရင်ခုန်စရာ အချို့ကို ဖန်တီးခဲ့ပါတယ် ။ ဒါပေမဲ့ ဘောလုံး ဆွဲပြေးရာမှာ လမ်းကြောင်း မကြာခန မှားခဲ့ပြီး နေရာလွတ်တွေ ရယူနိုင်ဖို့လည်း ရုန််းကန်ခဲ့ရပါတယ် ။

ရော်နယ်ဒို (4)

ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ကန်ချက်တွေလည်း တလွဲဲတွေ ဖြစ်ခဲ့ရပါတယ် ။ ကွင်းထဲမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အမူအရာကတော့ ဝေဖန်မှုတွေကို ထပ်မံ ဖိတ်ခေါ်လိုက်သလိုပါပဲ ။

လူစားဝင် ကစားသမားများ…

ဘစ်ဆာကာ (6)
တဲလက်စ် (6)
မာတစ် (7)
အီလန်ဂါ (8)
လင်ဂတ် (5)

#Sports_Myanmar