ယူနိုက်တက်ရဲ့ အရည်အသွေး အချို့ကို ချီးကျူးရင်း ပြိုင်ဖက်ကို ယှဥ်ပြိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုတာ ပြောပြလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီ က မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပွဲစဥ်မတိုင်မီ ပြိုင်ဖက် နည်းပြ ဖြစ်သူ ရဲ့လ်ဖ် ရန်းဂနစ် ကို အမွှမ်းတင် ချီးကျူးသွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန် နံနက် မှာတော့ စပိန်မြေကို သွားရောက်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ 16 သင်း ရှုံးထွက် အဆင့် ပထမ အကျော့ ပွဲစဥ် အဖြစ် ဒီယေဂို ဆီမြွန်နီရဲ့ အက်သလက်တီကို မက်ဒရစ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ နှစ်ဖက် အသင်းလုံးဟာ ဒီရာသီ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ ရုန်းကန်နေခဲ့ရတဲ့ အသင််းတွေ အဖြစ် ရပ်တည်နေခဲ့ကြရပါတယ် ။ ဒါ့ကြောင့် ခုလို ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာ ဘယ်အသင်းက အနိုင်ယူသွားမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေခဲ့ရပါတယ် ။

အခုတော့ အေတီကို နည်းပြ ဆီမြွန်နီ က ထိပ်တိုက် ရင်ဆိုင််ပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ အကောင်းဆုံး အသင်း တစ်သင်းပဲလို့ အမွှမ်းတင်ခဲ့လိုက်ပြီး ရန်းဂနစ် ဟာ ဒီအသင််းဆီ ‘ မာကျောမှု ၊ အသင်း စိတ်ဓါတ် နဲ့ ယုံကြည်ချက် ‘ တွေ ယူဆောင်ပေးခဲ့တယ်လို့ ပြောခဲ့လိုက် ပါတယ် ။

” ယူနိုက်တက် အသင်းဟာ အကောင်းဆုံး ရုန်းထွက်လာခဲ့ပြီး အခုတော့ ပြင်းထန်တဲ့၊ ပေါက်ကွဲအား ကောင်းလှတဲ့ ၊ ကွင်းလယ်ကနေ တိုက်စစ် အထိ သတ္တိကောင်းတဲ့ အသင််း တစ်သင်း ဖြစ်လာခဲ့ပါပြီ ။ သူတို့ အသင်းမှာ တကိုယ်တော်် စွမ်းရည်ကောင်းသူတွေ ရှိသလို အသင်းလိုက်မှာလည်း ကစားပုံလည်း ကောင်းမွန်စေနိုင်သူတွေပါ ”

” ဒါဟာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး တကယ့်ကို ခက်ခဲစေမယ့် ပွဲစဥ် တစ်ပွဲပါ ။ ဒါပေမဲ့ ကျွန်တော်တို့ ကတော့ ကျွန်တော််တို့ရဲ့ ကစားသမားတွေနဲ့ အတူ စိတ်လှုပ်ရှား နေကြပါတယ် ။ အနည်းဆုံးတော့ ကျွန်တော်တို့ဟာ 16 သင်းအဆင့်ကို အိမ်ကွင်းမှာ ကစားခွင့် ရကြတယ်လေ ”

” သူတို့ အမှားကျူးလွန်တဲ့ အချိန်မှာ နေရာ တစ်ခု ရှာဖို့ ခက်ခဲနေပါလိမ့်မယ် ။ ကျွန်တော်တို့ကတော့ ပြိုင်ဖက် အသင််းရဲ့ ကောင်းကွက်တွေကို အမြဲလို တန်ဖိုးထားလေ့ ရှိတတ်ကြပါတယ် ။ ကျွန်တော်တို့ အကောင်းဆုံး အရည််အသွေး ပြနိုင်ဖို့ အကောင်းဆုံး ကြိုတင် ပြင်ဆင်ပြီး သူတို့ကို နာကျင်အောင် လုပ်ဖို့ အားထုတ်သွားကြမှာပါ ”

” ကျွန်တော်တို့ နေ့စဥ်နေ့တိုင်း စိတ်ဓါတ်ပိုင်းဆိုင်ရာ တိုးတက််ဖို့ လုပ်ဆောင်နေခဲ့ကြပါတယ် ။ ဒါဟာ တိုးတက်နေခဲ့ပြီဆိုတာ စကားလုံးနဲ့ ပြောပြဖို့ မလိုပါဘူး ၊ ခင်ဗျားတို့ မြင်တွေ့ကြမှာပါ ။ ယူနိုက်တက် နဲ့ ပွဲမှာလည်း အကောင်းဆုံး စိတ်ဓါတ်ကို ပြနိုင်ဖို့ မျှော်လင့်နေပါတယ် ။ ဒါက ပွဲစဥ် တစ်ပွဲကို ယှဥ်ပြိုင်ဖို့ အကောင်းဆုံး နည်းလမ်းပဲလေ ” လို့ ဆီမြွန်နီ က ထုတ်ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar