ယူနိုက်တက်တို့ လိဒ်စ်ကို နိုင်ခဲ့တဲ့ ပထမပိုင်းအပြီး ရန်းဂနစ် ဘာပြောခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ မက်ဂွားယား

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အီလန်ရုဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို သွားရောက်် ရင်ဆိုင်ခဲ့ရပြီး 2 – 4 ဆိုတဲ့ ရလဒ် နဲ့ လိုအပ်နေခဲ့တဲ့ နိုင်ပွဲမျိုး ရယူနိုင်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ အစောပိုင်း မိနစ်တွေမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဦးဆောင်နိုင်ခွင့်တွေ ရရှိခဲ့ပေမဲ့ အဆုံးသတ်် မသေချာမှုတွေကြောင့် အဖွင့်ဂိုး ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ။ အထူးသဖြင့် ရော်နယ်ဒိုဟာ အစောပိုင်း မိနစ်မှာပဲ အဖွင့်ဂိုး သွင်းနိုင်ခဲ့သင့်ပေမဲ့ လွဲချော်ခဲ့ပါတယ် ။

ဒါပေမဲ့ ပွဲချိန် 34 မိနစ်မှာတော့ လုခ်ရှော ရဲ့ ထောင့်ကန်ဘော ပေးပို့မှုမှတဆင့် အသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားဟာ ခေါင်းတိုက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပွဲချိန် 45 မိနစ်မှာ ဘရူနို ဖာနန်ဒက်စ် ဟာလည်း ခေါင်းတိုက်ပြီး ဂိုးသွင်းပေးနိုင်ခဲ့ပါတယ် ။

ဒါ့​ကြောင့် ယူနိုက်တက်တို့ ပထမပိုင်း အပြီးမှာပဲ 2 ဂိုးထိ သွင်းယူပြီး ပွဲစဥ်ကို သာသာယာယာ ဦးဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ အသင်း ခေါင်းဆောင် မက်ဂွားယား က 2 ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမဲ့ ပထမပိုင်း အပြီးမှာ ဂိုးတွေ ဆက်လက်သွင်းယူဖို့ နည်းပြက မှာခဲ့ကြောင်း ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

” ဟုတ်ပါတယ် ၊ မျှမျှတတ ပြောရမယ်ဆိုရင်ဖြင့် ပွဲစဥ်အတွင်း သရေ ရလဒ် (2-2) ထွက်ပေါ်ခဲ့ပြီးမှ အကောင်းဆုံး ပြန်လာနိုင်ပြီး ဂိုးတွေသွင်း အနိုင်ယူနိုင်ခဲ့တာက တကယ့်ကို ကျေနပ်ဖွယ်ရာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ် ”

” ကျွန်တော်တို့ဟာ ဒုတိယပိုင်းကို ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ စတင်နိုင်ခဲ့သင့်ပါတယ် ။ သူတို့ဟာ အချိန်ကိုက်ပဲ ပိုကောင််းပြနိုင်ခဲ့ကြပါတယ် ။ သူတို့ ပထမဂိုး ရရှိခဲ့တာကတော့ တကယ်ပဲ ကံကောင်းတယ်လို့ ဆိုရပါ့မယ် ။ အဲ့တာကပဲ သူတို့ကို ပွဲစဥ်ထဲ ဆက်လက် ရှိစေနိုင်ခဲ့ပါတယ် ”

” အဲ့ဒီနောက် သူတို့ဟာ တကယ့်ကို ကောင်းမွန်တဲ့ သွင်းဂိုး တစ်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ကြပါတယ် ။ ဒီလိုအချိန််မှာ ကျွန်တော်တို့ ကွင်းထဲ အတူတကွ ဆက်လက်ရှိခဲ့သင့်ပါတယ် ။ ဒါဟာ ကစားရတာ ခက်ခဲတဲ့ ကွင်းပဲ ဆိုတာကို ကျွန်တော်တို့ ကြိုသိခဲ့ကြပါတယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ အသင်းမှာ အရည်အသွေးကောင််းတွေ ရှိတယ် ၊ ဒါကို ကျော်ဖြတ်နိုင်တယ် ဆိုတာကိုရော သိခဲ့ကြပါတယ် ။ ပထမပိုင်း အပြီးမှာပဲ နည်းပြက ကျွန််တော်တို့ ဂိုး ပိုသွင်းရမယ်လို့ ပြောခဲ့ပါသေးတယ် ။ ကျွန်တော််တို့ အဲ့တာကို ဒုတိယပိုင်းမှာ လုပ်ပြနိုင်ခဲ့ကြပါတယ် ” လို့ မက်ဂွားယား က ထုတ်ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက်တို့ဟာ ပွဲချိန် 53 နဲ့ 54 မိနစ် တွေမှာ 2 ဂိုးထိ ပြန်လည် ပေးခဲ့ရပါတယ် ။ ဒါပေမဲ့ လူစားဝင် ကစားပေးခဲ့ကြတဲ့ ဖရက်ဒ်နဲ့ အီလန်ဂါတို့ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ကြတာကြောင့် ယူနိုက်တက်တို့ အဖိုးတန် နိုင်ပွဲကို ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar