ယူနိုက်တက်တို့ ခေါ်ယူသင့်တဲ့ ပေါင်သန်း 40 တန် ကွင်းလယ်လူ အမည်ကို ပြောပြလိုက်ပြီး ဟာလန်း ယူနိုက်တက်ဆီ လာမှာမဟုတ်တဲ့ အကြောင်းကို ရှင်းပြလိုက်တဲ့ ပေါလ် အင့်စ် 

 ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ပေါလ် အင့်စ် က လက်ရှိ အသင်းရဲ့ ကွင်းလယ်ခံစစ် မှာ ဖရက်ဒ် ရဲ့ နေရာကို အစားထိုးစေဖို့ အတွက် အသင်းဟောင်း အနေနဲ့ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမား ကို ခေါ်ယူသင့်ကြောင်း ပြောခဲ့လိုက်ပါတယ် ။ 

 

လက်ရှိ ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ် နေရာကို အစားထိုးဖို့အတွက် လာမဲ့နွေမှာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကို ဈေးကြီးပေးပြီး ခေါ်ယူဖို့ ဆန္ဒ ရှိနေတယ်လို့ သိနေခဲ့ရပါတယ် ။

 

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ကတော့ လာမဲ့နွေမှာ အသင်းကနေ ထွက်ခွာပြီး စွန့်စားမှု အသစ်တွေကို ရှာဖွေသွားဖို့ ရှိနေတဲ့ ဘရိုက်တန် ကွင်းလယ်လူ ဘစ်ဆူးမားကို ခေါ်ယူသင့်ကြောင်း ၊ သူ့အတွက် ပေါင် သန်း 40 သာ ကုန်နိုင်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ခင်ဗျားတို့ အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အင်အားဖြည့်တင်းပုံကို ကြည့်ရှုရပါ့မယ် ။ သူတို့တွေဟာ ဘစ်ဆူးမားကို သိကြပုံ မပေါ်ပါဘူး ။ သူဟာ အခု ဘရိုက်တန်အသင်းမှာ ကစားနေပါတယ် ။ သူ့ရဲ့ ကုန်ကျစရိတ်က ပေါင် သန်း 40 လောက် ရှိပါလိမ့်မယ် ”

” သူတို့တွေဟာ အန်ဂိုလို ကန်တီ ကိုလည်း လိုက်ရကောင်းမှန်း မသိကြပါဘူး ။ သူဟာ လက်ရှိ ချဲလ်ဆီး အသင်းမှာ ကစားနေတာပါ ။ သူတို့တွေကို ခေါ်ယူလိုပါက ခေါ်ယူနိုင်ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘာဖြစ်လို့ သူတို့ကို အခုထိ မချိတ်ဆက်သေးတာလဲ? ”

 

” သူတို့ အနေနဲ့ ကွင်းလယ်ကစားဖို့အတွက် ဘစ်ဆူးမားလို တစ်စုံတစ်ယောက်ကို ခေါ်ယူသင့် ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ အသင်းရဲ့ ကွင်းလယ်ဟာ ပြောင်းလဲသင့်ပြီမို့လို့ပါပဲ ။ ယူနိုက်တက်ရဲ့ ကွင်းလယ်အတွက် ဖရက်ဒ် က အဖြေ မဟုတ်ပါဘူး ”

 

” မက် တော်မီနေး ကတော့ ကစားသမားကောင်းတွေထဲက တစ်ဦးပါ ။ ဒါပေမဲ့ သူရဲ့ အနားမှာ ဘစ်ဆူးမားလိုမျိုး ကစားသမား တစ်ဦးရှိမှ ပိုကောင်းနိုင်မယ့်သူပါပဲ ။ ပေါ့ဂ်ဘာ အသင်းမှာ ဆက်နေသွားမှာလား ? ကျွန်တော်တော့ သူဆက်နေမယ်လို့ လမ်းမမြင်မိပါဘူး ”

” သူတို့ တိုက်စစ်မှူးလည်း လိုအပ်နေပါတယ် ။ ဟာလန်းကို ခေါ်ယူရေးက မျက်လှည့်ဆန်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့အဖေ နဲ့ ရွိုင်ကိန်းကြား ဇာတ်လမ်း ရှိခဲ့လို့ပါပဲ ။ ဒီအချက်ကြောင့် သူ အိုးလ် ထရပ်ဖို့ဒ်ဆီ မလာလောက်ဘူးလို့ ထင်ပါတယ် ” လို့ ပေါလ် အင့်စ် က ပြောခဲ့လိုက်ပါတယ် ။

 

#Sports_Myanmar