ယူနိုက်တက်တို့ ကြုံတောင့်ကြုံခဲ clean sheet နဲ့ နိုင်ခဲ့တဲ့ ပွဲမှာ ဘယ်သူတွေကောင်းပြီး ဘယ်သူတွေညံ့ခဲ့ကြသလဲ? 

 မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ဘရိုက်တန် အသင်းကို ဧည့်ခံ ကစားခဲ့ရပြီး 2 – 0 ဆိုတဲ့ ရလဒ် နဲ့ လိုအပ်နေခဲ့တဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့ပြီး သရေ ရလဒ် ထွက်ပေါ်နေမှုတွေကို အဆုံးသတ်နိုင်ခဲ့ပါတယ် ။ 

 

ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ဖက် အသင်းရဲ့ ဖိအားပေးမှုကို ခံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ဒီဂီယာ လက်စွမ်းကောင်း ပြသနိုင်ခဲ့တဲ့ အပြင် ရော်နယ်ဒို ကလည်း မျှော်လင့်ထားခဲ့သလောက် ကောင်းပြနိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ဦးဆောင်ခွင့် ရနိုင်ခဲ့ပါတယ် ။

 

အဲ့ဒီနောက် မကြာမီမှာပဲ ဘရိုက်တန် နောက်ခံလူ လူးဝစ် ဒန့်ခ် ဟာ ယူနိုက်တက် တိုက်စစ်မှူးလေး အန်သိုနီ အီလန်ဂါ ကို ပစ်ဒဏ် ကျူးလွန်ခဲ့ပြီး VAR နဲ့ စစ်ဆေးပြီးနောက် တိုက်ရိုက် အနီကဒ် ပြသခံခဲ့ရခြင်းက ယူနိုက်တက် တို့ကို ကစားရ ပိုမို ချောင်လည် သွားစေခဲ့ပါတယ် ။

ဒါ့အပြင် ဘရိုက်တန် အသင်းမှ တိုင်ထိတဲ့ ကန်ချက်က ရင်ခုန်စရာ ဖြစ်ခဲ့ရပြီး ပေါ့ဂ်ဘာ ရဲ့ ပါးနပ်မှု ၊ ဘရူနို ဖာနန်ဒက်စ် ရဲ့ ဆုံးဖြတ်ချက် ကောင်းမွန်မှုတွေကြောင့် ယူနိုက်တက် တို့ဟာ 2 ဂိုး သွင်းနိုင်ခဲ့တဲ့ အပြင် Clean Sheet ပါ ရယူနိုင်ခဲ့ကြပါတယ် ။

 

အဆိုပါ ပွဲစဉ်မှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

 

ဒီဂီယာ (8)

 

မူဒါ ရဲ့ ဂိုးဖြစ်စေနိုင်တဲ့ ခေါင်းတိုက်ချက်ကို အံ့ချီးဖွယ် ကာကွယ် ပြနိုင်ခဲ့ပြီး Clean Sheet ရရှိစေရေး အတွက် အရေးပါသူ ဖြစ်နိုင်ခဲ့ပါတယ် ။

ဒါးလော့ (6)

 

အမှားနည်းခဲ့ပါတယ်။ ဒီထက်ပိုပြီး တိုက်စစ်ဆင် ကစားနိုင်ခဲ့သင့်ပေမဲ့ ပြိုင်ဖက် အသင်းက ဖိအားပေး ကစားနိုင်ခဲ့တဲ့ ပွဲစဉ်မျိုးမှာ ပိုကောင်းတဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ် ။

 

လင်ဒီလော့ဖ် (6)

 

ယူနိုက်တက် အတွက် ပြန်လည် ပွဲထွက် ကစားပေးခွင့် ရရှိခဲ့တဲ့ လင်ဒီလော့ဖ် ဟာ လုံလောက်တဲ့ ပုံစံကောင်း ပြနိုင်ခဲ့ပါတယ် ။

 

မက်ဂွားယား (6)

 

ဘောလုံးပေးပို့မှုတွေက လျော့တိလျော့ရဲ ဖြစ်နေခဲ့ရပါတယ် ။ ဒီပွဲမှာတော့ တိုက်စစ်ဆင် ကစားနိုင်စွမ်း နည်းပါးခဲ့ပေမဲ့ clean sheet ရရှိစေနိုင်ခဲ့ပါတယ် ။

ရှော (6)

 

လက်ပစ်ဘော အမြန် မပေးခဲ့မှုကြောင့် အညှော်ခံခဲ့ရပါသေးတယ် ။ လမ့်ပ်တေး ကို ပစ်ဒဏ် ကျူးလွန်ခဲ့တဲ့အတွက် အဝါကဒ် ထိခဲ့ပါတယ် ။ တိုက်စစ်ပိုင်း ထိရောက်စွာ မကူညီနိုင်ခဲ့ပေမဲ့ ခံစစ် ကစားပုံ ကောင်းမွန်ခဲ့ပါတယ် ။

 

တော်မီနေး (6)

 

ပထမပိုင်းမှာ ဘစ်ဆူးမားနဲ့ ယှဉ်ကစားနိုင်ဖို့ အခက်ကြုံခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ဘောလုံး လုယူနိုင်ခဲ့ပြီး ရော်နယ်ဒို ရဲ့ အဖွင့်ဂိုး ရအောင် အရောက်ပေးပို့နိုင်ခဲ့ပါတယ် ။

 

ဖရက်ဒ် (4)

 

အသင်းအတွက် ပြန်ကစားခွင့် ရရှိတဲ့ ပွဲစဉ်မှာ အတော်လေး ညံ့ဖျင်းခဲ့ပါတယ် ။ လုယူမှု ၊ ပေးပို့မှု ၊ ကစားပုံတွေက အားရစရာ မရှိခဲ့တဲ့ အတွက် လူစားလဲခံခဲ့ရပါတယ် ။

 

ဘရူနို ဖာနန်ဒက်စ် (7)

 

ပထမပိုင်းအတွင်း ကစားပုံ အားရစရာသိပ်မရှိခဲ့ပဲ ကွင်းလယ်ဒိုင်ကို ဖိအားပေးရင်းနဲ့ အချိန်တွေ ကုန်ခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာ ပိုကောင်းလာခဲ့ပြီး နောက်ဆုံးမိနစ်မှာ ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ် ။

အီလန်ဂါ (6)

 

ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့တဲ့ အီလန်ဂါဟာ ညာတောင်ပံမှာ ပုံစံကောင်း ပြသနိုင်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။ ဒါပေမဲ့ တိုက်စစ်ဆင်ပုံကောင်းခဲ့ပြီး သူ့ကြောင့် ဒန့်ခ်ဟာ တိုက်ရိုက် နီခဲ့ရပါတယ် ။

 

ဆန်ချို (7)

 

အစောပိုင်း မိနစ်မှာ အခွင့်ကောင်း ရရှိခဲ့ပါတယ် ။ ဒါကိုတော့ ရော်နယ်ဒို (သို့) ဘရူနိုကို ပေးပို့လိုက်ခဲ့သင့်ပါတယ် ။ ပုံစံကောင်း ပြနိုင်တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပါတယ် ။

ရော်နယ်ဒို (8)

 

ပွဲစဉ် စတင်ပုံကောင်းခဲ့ပြီး ဆန်ချိုအတွက်လည်း အခွင့်အရေး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို အားပါးတရ ကန်သွင်းနိုင်ခဲ့ပြီး နောက်ထပ် ဂိုး ရနိုင်ခဲ့သင့်ပေမဲ့ ပြိုင်ဖက် ဂိုးသမား ကောင်းမှုကြောင့် ဆုံးရှုံးခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ…

 

ပေါ့ဂ်ဘာ (7)

ရပ်ရှ်ဖို့ (6)

တဲလက်စ် (5)

 

#Sports_Myanmar