ûမန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲရလဒ် နဲ့ ပတ်သက်ပြီး စီးတီး အသင်းရဲ့ ကစားပုံ ၊ ကစားသမားတွေ ရဲ့ ခြေစွမ်းတွေ အပေါ် အပြစ်တင် စရာ အကြောင်းအရင်း မရှိကြောင်း နဲ့ တော့တင်ဟမ် ဟော့စပါး ရဲ့ ခံစစ် ကစားပုံဟာ အရမ်း ကျစ်လျစ် ကောင်းမွန် ခဲ့တာကြောင့် အခုလို ရှုံးပွဲ ကြုံ ခဲ့ရတာ ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။
စီးတီး ဟာ တော့တင်ဟမ် ဟော့စပါး ကို အစ်တီဟတ် မှာ ဧည့်ခံ ခဲ့ပြီး ၃-၂ နဲ့ ရှုံးနိမ့် ခဲ့တာပဲ ဖြစ်ပါတယ် ။
စပါး ဟာ ပွဲအစ ၄ မိနစ် ကတည်းက ကူလူဆက်ဗ် စကီး ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့တာ ဖြစ်ပြီး ဂိုးစောစော ရမှုဟာ အန်တိုနီယို ကွန်တီ ရဲ့ အသင်းကို သူတို့ ကစားလိုတဲ့ ပုံစံ အတိုင်း ကစားရဖို့ ဖြစ်လာ စေခဲ့ ပါတယ် ။
စီးတီး ဟာ ဘောလုံးပိုင်ဆိုင်မှု ၇၀% လောက်အထိ ရခဲ့ပြီး ဂိုးကန်သွင်းမှုလည်း အကြိမ် ၂၀ ခန့် ပြုလုပ် ခဲ့ ပေမယ့် စပါး အသင်း ခံစစ်ရဲ့ ကျစ်လျစ် ကောင်းမွန်မှုကြောင့် ၄ ကြိမ်သာ ဂိုးပေါက် တည့်နိုင်ခဲ့ ပါတယ် ။
စီးတီး ဟာ ၉၂ မိနစ်မှာ ပင်နယ်တီ ကနေ ဒုတိယ ချေပဂိုး ရခဲ့ပေမယ့် ဟယ်ရီကိန်း က ၉၀+၅ မိနစ် မှာ စပါး ကို အနိုင် ရစေမယ့် တတိယမြောက် ဂိုးကို သွင်းယူခဲ့ ပါတယ် ။
ဒီရှုံးပွဲဟာ မန်စီးတီး ကို လီဗာပူး နဲ့ ၆ မှတ်သာ ကွာဟစေခဲ့ပြီး ပွဲကျန် တပွဲ ရှိနေသေးတဲ့ လီဗာပူး ဟာ စီးတီး ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ကာကွယ်ရေး အိပ်မက် အတွက် အကြီးမားဆုံး ဖိအား ဖြစ်လာခဲ့ ပါတယ် ။
ဂွာဒီယိုလာ က သူ့ အသင်းသားတွေ ရဲ့ ကစားပုံအပေါ် အပြစ်ဆိုစရာ မရှိဘဲ စပါး ရဲ့ ခံစစ် ကစားပုံ နဲ့ ခံစစ် တိုက်စစ်ချိတ်ဆက်မှုတွေ အပေါ်သာ အဓိက ချီးကျုူး ပြောဆို သွားခဲ့ ပါတယ် ။
“ဂိုးစောစော ပေးလိုက်ရတာ ဆိုးသွားတာပါ ။ ဂိုးလည်း ရပြီးရော သူတို့ ( စပါး ) နောက်ကို စုပြုံဆင်းပြီး ခုခံ တော့တာ ပါပဲ ။
ဒီနေ့ပွဲ မှာ ကျွန်တော့ လူတွေ ကစားပုံ ကောင်းခဲ့ပါတယ် ၊ အခွင့်အရေးတွေလည်း အများကြီး ဖန်တီး နိုင်ခဲ့ ပါတယ် ။ သူတို့ ကစားပုံမှာ ဘာမှားယွင်းမှုမှ မရှိခဲ့ ပါဘူး ။
ဒါပေမယ့် စပါး ရဲ့ ခံစစ် က အရမ်း ကျစ်လျစ် ခဲ့ပါတယ်”
“သူတို့ ရသမျှ ဘောလုံးတွေကို ဟယ်ရီကိန်း ဆီ ဦးတည်ပေးတယ် ၊ အပျက်လည်း နည်းခဲ့ပါတယ် ။
ဆွန် ၊ ကူလူဆက်ဗ် စကီး တို့ရဲ့ ပြေးအားတွေ ကလည်း ကျွန်တော်တို့ ကို ပြန်ခြိမ်းခြောက် နိုင်ခဲ့ ပါတယ် ။
သူတို့ ဒီလို ကစားလာမယ် ဆိုတာ ကြိုတွေး ထားပြီးသားပါ ။ အဲ့ဒိ အတိုင်းပဲ သူတို့ ကစားခဲ့ ပါတယ် ။
ပြဿနာ က သူတို့ ဒီည အရမ်း ကောင်းနေခဲ့တာပါပဲ”
“ဂိုးစောစော ရသွားတာက သူတို့ ကို တန်ပြန် တိုက်စစ် ကစားပုံ နဲ့ ကစားဖို့ အခွင့်အရေး ရသွားစေခဲ့ ပါတယ် ။ သူတို့ရဲ့ တိုက်စစ် တည်ဆောက်ပုံ ၊ နေရာလွတ်တွေ ဖန်တီးပုံတွေ ကလည်း တော်တော် ကောင်းပါတယ် ။
တကယ့် ပွဲကောင်း တပွဲကို ကစားခဲ့ရတာပါ ။ အဲ့ဒိပွဲ ကို ကျွန်တော်တို့ လွှမ်းမိုး နိုင်ခဲ့ ပေမယ့် အရေးအကြီးဆုံး အရာ ( ၃ မှတ် ) ကိုတော့ မယူ နိုင်ခဲ့ပါဘူး” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။
ဆက်လက်ပြီး ဂွာဒီယိုလာ က ပရီးမီးယားလိဂ် ချန်ပီယံဆု ဟာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာကို သူ သိရှိ နားလည် ထားပြီး ဖြစ်ကြောင်းနဲ့ ဒီလို နားလည်ဖို့ အတွက် ကစားပွဲ တပွဲ အရှုံး ခံစရာ အကြောင်းလုံး၀ မရှိကြောင်း ၊ ဘောလုံးမှာ ဒါမျိုးတွေက ဖြစ်တတ်တဲ့ အရာတွေပါလို့ ဖြေကြား သွားခဲ့ ပါတယ် ။
SPORTS MYANMAR