မန်ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် ရနိုင်ချေကို အာဆင်နယ် နဲ့ နှိုင်းပြီး ဟာသလုပ် ပြောဆိုသွားခဲ့တဲ့ ကာရေဂါ

လီဗာပူး အသင်းရဲ့ ဂန္ထဝင် နောက်ခံလူ ဂျေမီ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် ဟာ ဒီနှစ် ချန်ပီယံလိဂ် ဖလား ကို ရနိုင်ဖို့ အခြေအနေ မရှိဘဲ အာဆင်နယ် ကပင်လျှင် ယူနိုက်တက်ထက် အခွင့်အရေး ပိုများနေ နိုင်တယ်လို့ ဟာသလုပ် ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

 

 

ယူနိုက်တက် ဟာ ဒီရာသီမှာ ရလဒ်တွေ မကောင်းမွန် တာကြောင့် နည်းပြ ဆိုးရှား ကို ထုတ်ပယ်ပြီး ရပ်ဖ်ရန်းနစ် ကို ယာယီ ကိုင်တွယ်ခွင့် ပေးခဲ့ ပါတယ် ။

 

ဒါပေမယ့် ရန်းနစ် လက်ထက် မှာလည်း ယူနိုက်တက် တို့ အခြေမလှ သေးဘဲ နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲသာ အနိုင် ရရှိ ထားခဲ့ ပါတယ် ။

 

 

ယူနိုက်တက် ဟာ ဒီလ အစမှာ မစ်ဒယ်ဘရော့ ကို ရှက်ဖွယ် ရှုံးနိမ့်ပြီး FA Cup ကနေ ထွက်ခဲ့ရ ပါတယ် ။ ဒီရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ် သာလျှင် ဒီရာသီ ယူနိုက်တက် အတွက် မျှော်လင့် နိုင်တဲ့ တခုတည်းသော ဆုဖလား ဖြစ်လာခဲ့ ပါတယ် ။

ဒါပေမယ့် ၁၆ သင်းဆင့်မှာ စပိန် လာလီဂါ ရဲ့ လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ် နဲ့ ရင်ဆိုင် ရမှာ ဖြစ်တာကြောင့် ယူနိုက်တက် ရဲ့ ဥရောပ ချန်ပီယံ မျှော်လင့်ချက်တွေဟာ ဒီရာသီအတွက် မဟုတ်နိုင်တော့ဘူး ဆိုတဲ့ သုံးသပ်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

 

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် တင်ဆက်မှု မှာ ကာရေဂါ က ယူနိုက်တက် ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ဟာ အာဆင်နယ် လောက်တောင် မရှိပါဘူးလို့ ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

အာဆင်နယ် ဟာ ဒီရာသီမှာ ဘာဥရောပ ပွဲမှ မကစားရပေမယ့် ဒီလို အသင်းလောက်တောင် မျှော်လင့်နိုင်မှာ မဟုတ်ဘူးလို့ အတိဿယဝုတ္တိ အင်္လကာ သုံးပြီး ကာရေဂါ က ဟာသပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

ကာရေဂါ နဲ့ အတူ တင်ဆက် သုံးသပ် ခဲ့တဲ့ အာဆင်နယ် ကစားသမားဟောင်း အဲလက်စ် စကော့ က သီယာရီ အွန်နရီ က သူမ ကို ( ချန်ပီယံလိဂ် အခွင့်အရေး နဲ့ ပတ်သက်၍ ) အာဆင်နယ် ကို ရွေးလို့ မရနိုင်ဘူး လို့ ပြောခဲ့ကြောင်း ပြောပြချိန်မှာ

 

“ကျွန်တော် ပြောမယ် ၊ အာဆင်နယ် က မန်ချက်စတာ ယူနိုက်တက် ထက်တော့ ချန်ပီယံလိဂ် ဖလားကို ရနိုင်ချေ ပိုရှိပါတယ်ဗျ” လို့ ကာရေဂါ က ဟာသလုပ်ခဲ့တာ ဖြစ်ပါတယ် ။

 

 

 

အဆိုပါ ဟာသ ဟာ အင်္ဂါနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲ တင်ဆက် သုံးသပ်မှု အစီအစဉ် ကနေ မြစ်ဖျား ခံခဲ့ တာလို့ သိရပါတယ် ။

 

မန်ယူနိုက်တက် ဂိုးသမားဟောင်း ပီတာရှမိုက်ကယ် ဟာ အွန်နရီ ၊ မီကာရစ်ချတ် ၊ ကာရေဂါ တို့နဲ့ အတူ တင်ဆက် နေစဉ် အတွင်း ယူနိုက်တက် ကို ချန်ပီယံလိဂ် ရနိုင်တယ်လို့ ပြောဆို ရာကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

မီကာရစ်ချတ် က “ပီတာ ရေ ၊ မန်ချက်စတာ ယူနိုက်တက် ချန်ပီယံလိဂ် ရမယ်လို့ ထင်သလားဗျာ ၊ ပွင့်ပွင့် လင်းလင်း ပြောလို့ရ ပါတယ် ။ အခု ဒီမှာ အရှုပ်ထုပ်တွေ မရှိပါဘူး” လို့ ပြောဆို ခဲ့ချိန်မှာ ရှမိုက်ကယ် က ခေတ္တ တုန့်ဆိုင်း သွားပြီး “ဒါပေါ့ ( ရနိုင်တာပေါ့ ) ၊ ဒါက ဘယ်လို မေးခွန်းမျိုးကြီးလဲ” လို့ ပြန်လည် ပြောဆို ခဲ့တာ ဖြစ်ပါတယ် ။

 

 

ရှမိုက်ကယ် ပြောဆို အပြီးမှာတော့ ကာရေဂါ ၊ မီကာရစ်ချတ် နဲ့ အွန်နရီ တို့ ခွက်ထိုး ခွက်လှန် ရယ်မော ခဲ့ကြပြီး ကာရေဂါ က “ဒါက ဘယ်လိုမေးခွန်းကြီးလဲဟ” လို့ ထပ်မံ ပြောဆိုကာ ယူနိုက်တက် ကို လှောင်ပြောင် ကျီစယ် သွားခဲ့ ကြပါတယ် ။

 

 

 

SPORTS MYANMAR