မန်စီးတီး ဂိုးမိုးရွာချိန်မှာ ရီးရဲ ကို အနိုင်ယူတဲ့ PSG ၊ Crypto တွေကို စမ်းသုံးမယ့် UEFA တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ ကို ဒီကနေ့ နံနက်ပိုင်းမှာ စတင် ကစားခဲ့ ကြပါတယ် ။ ပြင်သစ်မြေက ပွဲမှတော့ PSG ဟာ ရီးရဲမက်ဒရစ် ကို ဘာပေ ရဲ့ ၉၀+၄ မိနစ် သွင်းဂိုး နဲ့ ကပ်ပြီး အနိုင် ရရှိခဲ့ ပါတယ် ။

ပေါ်တူဂီမှာ ကစားခဲ့တဲ့ ပွဲမှာတော့ မန်စီးတီး ဟာ အိမ်ရှင် စပို့တင်း ကို ၅-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့ပြီး ဒုတိယ အကျော့ အတွက် စိတ်အေးသွားခဲ့ရပြီ ဖြစ်ပါတယ် ။

PSG ဥက္ကဌ အယ်ခါလီဖီ ဟာ ချန်ပီယံလိဂ် ပွဲအပြီး ရီးရဲ ဥက္ကဌ ပီရက်ဇ် နဲ့ တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆို သွားခဲ့ပြီး သူတို့ ၂ သင်း အကြားမှာ ဘယ်လို ဆက်ဆံရေးမှ မရှိကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။

 

ဒေါ့မွန် ကို ရောက်မယ်လို့ သတင်းကြီး နေပြီး ဥရောပ ကလပ်တွေ ရဲ့ စောင့်ကြည့်ခြင်း ခံနေရတဲ့ ရက်ဘူး ဆဲလ်ဘတ် ကြယ်ပွင့်လေး အဒီယီမီ ကတော့ နွေရာသီမှာ ဖြစ်လာမယ့် ကိစ္စတွေကို နွေရာသီမှသာ သိရမှာ ဖြစ်ပြီး လက်ရှိမှာ ဆဲလ်ဘတ် အတွက်သာ အာရုံစိုက် ကစားနေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်းကုန်မယ့် ပေါ့ဘာ ကလည်း အနာဂါတ် အတွက် အလောသုံးဆယ် ဆုံးဖြတ်ဖို့ မရှိသေးဘူးလို့ ကြားသိရ ပါတယ် ။

အီတလီ နိုင်ငံက တရားရုံး ဟာ ရော်ဘင်ဟို ကို လွှဲပြောင်းပေးဖို့ ဘရာဇီး တရားရေး ဘက်ကို အကြောင်းကြား တောင်းဆို ထားတယ်လို့ သိရ ပါတယ် ။

အေစီမီလန် တိုက်စစ်မှူးဟောင်း ရော်ဘင်ဟို ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အတွက် ထောင်ဒဏ် ၉ နှစ်ကျခံ ဖို့ အမိန့် ချမှတ် ခံထားရသူ ဖြစ်ပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ဘရာဇီး ကလပ် အက်သလက်တီကို မင်နဲရိုး မှာ ကစားနေတဲ့ လူငယ်လေး ဆာဗင်ဟို ကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ် လိုက်တယ်လို့ သိရ ပါတယ် ။

အသက် ၁၈ နှစ် အရွယ် တောင်ပံ ကစားသမားလေး အတွက် စီးတီး က ယူရို ၆.၅ သန်း + အပိုဆုကြေး တို့နဲ့ ကမ်းလှမ်း ထားတာ ဖြစ်တယ်လို့ သိရှိရ ပါတယ် ။

လီဗာပူး ကတော့ ဝါရင့် ကစားသမားကြီး ဂျိမ်းစ် မေနာ ကို ၁ နှစ် စာချုပ်သစ် ကမ်းလှမ်း ထားပြီး ဆွေးနွေးမှု ဆက်လုပ် နေဆဲ ဖြစ်တယ်လို့ သတင်း ကြားသိရ ပါတယ် ။

ယူဗင်တပ် နည်းပြဟောင်း အန်ဒရေ ပီယာလို ဟာ ဆလီနာတီတာ အသင်းရဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် သွားခဲ့တယ်လို့ သိရပါတယ် ။

ဥရောပ ဘောလုံး အဖွဲ့ချုပ် ( UEFA ) ဟာ Crypto အဖွဲ့တခု ဖြစ်တဲ့ Socios နဲ့ အကျိုးတူ ပူးပေါင်း လိုက်ပြီး Crypto ငွေကြေးနဲ့ ဝယ်ယူ နိုင်မယ့် အရာတွေကို စမ်းသပ် လုပ်ဆောင်ဖို့ စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ဘောလုံး ပရိသတ်တွေ ကတော့ အဆိုပါ အစီအစဉ် ကို သဘောမကျသူ များပြား နေပြီး ဝေဖန်ပြောဆို နေကြတယ်လို့ သိရ ပါတယ် ။

အစာအိမ် ဝေဒနာကြောင့် လက်စတာ စီးတီး နဲ့ ပွဲကို မပါဝင် နိုင်ခဲ့တဲ့ ဝက်စ်ဟမ်း နောက်ခံလူ ကတ် ဇူးမား ဟာ ပြန်လည် သက်သာ လာပြီး ဒီပိတ်ရက် မှာ ကစားမယ့် နယူးကာဆယ် နဲ့ ပွဲကို ပြန်လည် ပါဝင် လာနိုင်ဖို့ ရှိတယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဘာစီလိုနာ တိုက်စစ်သမား မမ်းဖစ် ဒီပိုင်း ဟာလည်း အပြည့်အ၀ လေ့ကျင့်မှု ပြုလုပ် နိုင်ဖို့ နီးစပ် နေပြီလို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR