မန်စီးတီးနဲ့ ပွဲစဥ်မတိုင်မီ ယူနိုက်တက်တို့ ကြိုတင်ဖြေရှင်းရမယ့် ပြသနာ 3 ခု

ပြီးခဲ့တဲ့ စနေနေ့က အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဝက်ဖို့ဒ် အသင်းကို ဂိုးမရှိ သရေရလဒ်သာ ရရှိအောင် ကစားထားနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပါတ်မှာတော့ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီပွဲ ကစားရဖို့ ရှိနေပါပြီ ။

အဲ့တာပြီးရင်တော့ ယူနိုက်တက်တို့ဟာ တော့တင်ဟမ် ၊ အေတီကို ၊ လီဗာပူး တို့နဲ့ ဆက်တိုက် ကစားသွားရဖို့ ရှိနေပါတယ် ။ အဲ့တာက ယူနိုက်တက် အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့ ပွဲမျိုး ဖြစ်တဲ့ အတွက် ဘယ်လို ရလဒ် ထွက်မလဲဆိုတာ အရေးပါလှပါတယ် ။

ဒါပေမဲ့ လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင််းရဲ့ ရလဒ် ၊ ကစားပုံတွေက အားရဖွယ်ရာ မရှိသေးပါဘူး ။ ဒီလို အနေအထားတစ်ရပ်မှာ မန်စီးတီး နဲ့ ပွဲစဥ်မတိုင််မီ ယူနိုက်တက်တို့ ကြိုတင် ဖြေရှင်းရမယ့် ပြသနာ 3 ခုကို MEN မှ ဖော်​ပြပေးလိုက်ပါတယ် ။

(1) ဂိုးသွင်း လေ့ကျင့်ခြင်း

လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကြီးမားဆုံး ပြသနာက ဂိုးပေါက် အရှေ့မှာသာ ရှိနေပါတယ် ။ ဒါကို မစ်ဒယ်ဘရော့ ၊ ဘန်လေ ၊ ဆောက်သမ်တန်် ၊ ဝက်ဖို့ဒ် အသင်းနဲ့ ပွဲစဥ်တွေမှာ သိသာထင်ရှားစွာ မြင်တွေ့ခဲ့ရပြီးပါပြီ ။

အချက်အလက်တွေအရတော့ အဆိုပါ ပွဲစဥ် 4 ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင််းဟာ အနည်းဆုံး 11 ဂိုး အထိ ရရှိခဲ့သင့်ပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ 3 ဂိုးသာ သွင်းယူနိုင်ခဲ့တာက တကယ့်ကို စိတ်ပျက်စရာ ဖြစ်ခဲ့ရတဲ့ အတွက် ယူနိုက်တက်တို့ အခုထဲက ဂိုးသွင်း တိကျဖို့ လေ့ကျင့်ရန် လိုအပ်နေတာ ထင်ရှားလှပါပြီ ။

(2) ကစားကွက် ပြောင်းလဲခြင်း

ဒီလို ပွဲကြီးပွဲကောင်းတွေမှာ ရလဒ်ကောင်း ရရှိနိုင်ဖို့ အတွက််တော့ ရဲ့လ်ဖ် ရန်းဂနစ် အနေနဲ့ ဆိုးလ်ရှား ၊ ကာရစ် တို့လို ထင်မှတ်မထားတဲ့ ပွဲထွက် ကစားသမား စာရင်းကို ပွဲထုတ်ဖို့ လိုအပ်နေမှာ အမှန်ပါပဲ ။ ဘာဖြစ်လို့လဲဆိုတော့ မန်စီးတီးက အခြားအသင်းတွေလို ဘောလုံး ပေးကိုင်မှာ မဟုတ်လို့ပါပဲ ။

မိုက်ကယ် ကာရစ် ဆိုရင် ချဲလ်ဆီး နဲ့ သရေ ရလဒ် ထွက်ခဲ့တဲ့ ပွဲစဥ်တုန်းက ရော်နယ်ဒို ကို အံ့ဖွယ်ချန်လှပ်ခဲ့ပြီး ရပ်ရှ်ဖို့ ၊ ဆန်ချို တို့ကိုသာ တိုက်စစ်မှာထားရင်း ခံစစ် ကစားနိုင်သူ 7 ဦး အထိ ထည့်သွင်းကာ ကောင်တာ တိုက်စစ်ဆင်် ကစားခဲ့ပါသေးတယ် ။

ရလဒ် တစ်ခု အနေနဲ့ အဆိုပါ အချိန်က အဖက်ဖက်မှာ ပုံစံကောင်း ရရှိနေခဲ့တဲ့ ချဲလ်ဆီးကို ယူနိုက်တက်တို့ တစ်ဖက်် တစ်ဂိုးစီ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ် ။ ဒါ့ကြောင့် ရန်းဂနစ် အနေနဲ့ ဒီပွဲမှာ တိုက်စစ် အားသန်သူတွေထက် ခံစစ်လိုက်ပါနိုင်သူတွေကိုပါ ထည့်သွင်းဖို့ လိုအပ်မှာ အမှန်ပါပဲ ။

(3) အကောင်းဆုံး XI ယောက်

ဒီလိုပွဲမှာတော့ အကောင်းဆုံး XI ယောက်ကို ပွဲထုတ်နိုင်ဖို့ အတွက် ရန်းဂနစ် အနေနဲ့ လင်ဒီလော့ဖ် ၊ မက်ဂွားယား ၊ ဗာရန်း တို့ သုံးဦးကို ခံစစ်မှာ ထားပြီး ခံစစ် ကစားပုံတွေ ပိုကောင်းကြတဲ့ ရှော ၊ ဘစ်ဆာကာကို နေရာပေးမလား ၊ ဒါမှ မဟုတ် မက်ဖရက် အတွဲကို ခံစစ် အသားပေး ကစားစေပြီး တိုက်စစ်ကို လိုအပ်ချိန်ပံ့ပိုးပေးနိုင်ကြတဲ့ ဒါးလော့ ၊ တဲလက်စ် တို့ကို နေရာပေးမလား ဆိုတာ ဆုံးဖြတ်ရပါတော့မယ် ။

အကယ်လို့ ယူနိုက်တက်တို့ ဂိုးမပေးချင်ဘူးဆိုရင်တော့ ဘစ်ဆာကာ နဲ့ ရှော အတွဲက ပိုအဆင်ပြေမှာပါ ။ ဒါပေမဲ့ သွင်းဂိုးတွေ လိုချင်ရင်တော့ ဒါးလော့ ၊ တဲလက်စ် အတွဲက ပိုပြီး အဆင်ပြေနိုင်ပါလိမ့်မယ် ။ ဒါပေမဲ့ ခံစစ်ပိုင်းကို လုံခြုံစေဖို့ မက်ဖရက် အတွဲက ဘယ်လောက် အထိ ကာကွယ်ပေးနိုင်မလဲဆိုတာ အဓိကကျသွားပါလိမ့်မယ် ။

ဒါ့အပြင် တိုက်စစ်ပိုင်းမှာ အခွင့်အရေး အနည်းငယ် ရရှိချိန် ဂိုးသွင်း ပိုကောင်းတဲ့ ရော်နယ်ဒို ကို ထားပြီး ကစားမလား ၊ ဒါမှမဟုတ် ကောင်တာ တိုက်စစ် နဲ့ ပြန်လည် ထိုးနှက််ဖို့ ရပ်ရှ်ဖို့ ၊ ဆန်ချို ၊ အီလန်ဂါ တို့ထဲက အဆင်ပြေနိုင်သူကို ပွဲထုတ်မလား ? ဒီလိုပွဲစဥ်အတွက် အကောင်းဆုံးပွဲထွက် ကစားသမား စာရင်းက ဘာဖြစ်မလဲဆိုတာ ရန်းဂနစ် အတွက် ကြီးမားတဲ့ မေးခွန်းတစ်ခု ဖြစ်သွားဖို့ ရှိနေပါတယ် ။

#Sports_Myanmar