မက်ဆီ နဲ့ ရော်နယ်ဒို အနက် ဘယ်သူ ပိုကောင်းသလဲဆိုတဲ့ debate အပေါ် အမြင် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း ဖွင့်ဟလိုက်တဲ့ ဖရက်ဒ်

ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က စီ ရော်နယ်ဒို နဲ့ အတူ တွဲဖက် ကစားခွင့် ရရှိခဲ့တဲ့နောက်တော့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ အနက် ဘယ်သူက ပိုကောင်းသလဲ ဆိုပြီး ကာလရှည် ဖြစ်ပေါ်နေခဲ့တဲ့ debate အပေါ် အမြင်တွေ ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

မက်ဆီ နဲ့ ရော်နယ်ဒို တို့ နှစ်ဦးဆိုတာ ဘောလုံး လောကမှာ ဆယ်စုနှစ် တစ်ခုကျော် အထိ အကောင်းဆုံး ဆုတွေကို တစ်လှည့်စီ ဆွတ်ခူးရင်း ကမ္ဘာ့ ဘောလုံး အားကစား လောကရဲ့ အကောင်းဆုံး ကစားသမား နှစ်ဦး အဖြစ် သတ််မှတ်ခံခဲ့ရတာ ကြာမြင့်လွန်းခဲ့ပါပြီ ။

အဲ့ဒီထဲမှာမှ ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ အသံတွေဟာလည်း ဘောလုံး အားကစား ရပ်ဝန်းမှာ နေ့စဥ်နဲ့ အမျှ ပြောစရာ ဖြစ်နေခဲ့ရပါသေးတယ် ။ ဒါ့အပြင် မန်နေဂျာ ၊ သတင်း သုံးသပ်သူတွေ နဲ့ ကစားသမားတွေလည်း ထင်မြင််ချက် အမျိုးစုံ ပေးနေကြဆဲပါပဲ ။

အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် က မက်ဆီ ရဲ့ ကစားပုံကို ပျော်ရွှင် ခံစားတတ်သူ တစ်ဦး ဖြစ်တဲ့ အတွက် ယခင်ထဲက မက်ဆီကို အကောင်းဆုံးလို့ ထင်ခဲ့ကြောင်း ၊ ဒါပေမဲ့ လက်ရှိ ရာသီမှာတော့ သူ့ရဲ့ အမြင်တွေ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော်ကတော့ မက်ဆီပဲလို့ ပြောလေ့ ရှိခဲ့ပါတယ် ။ သူ ကစားတဲ့ ပုံစံကို ကျွန်တော် နှစ်သက်လွန်းတယ်လေ ။ ဒါပေမဲ့ ခရစ္စတီယာနို နဲ့ အလုပ်တွေ တွဲဖက် လုပ်ဆောင်ခဲ့တဲ့နောက် သူဟာ ဘောလုံး အပေါ် သူ့ရဲ့ ဘဝကို ဘယ်လို မြှုပ်နှံထားသလဲ ဆိုတာကိုပါ မြင်တွေ့နေခဲ့ရပါတယ် ”

” ကွင်းထဲမှာဆိုရင် သူဟာ အမြဲတမ်း မှန်ကန်တဲ့ နေရာမှာ နေရာယူလေ့ ရှိနေတတ်ခဲ့ပါတယ် ။ ကျွန်တော် မြင်ဖူးသမျှထဲတော့ သူက ပွဲအဖြေကို အပြောင်းအလဲ လုပ်ပေးနိုင်စွမ်း အရှိဆုံး ကစားသမား တစ်ဦးပါပဲ ။ ဒါ့ကြောင့် ခုတော့ ကျွန်တော် သူ့ကိုပဲ ရွေးချယ်ပါတော့မယ် ”

” သူဟာ ကွင်းအထဲရော ကွင်းအပြင်မှာပါ သာမန်တွေထက် တူးကဲလွန်းသူ တစ်ဦးပါ ။ သူဟာ နေ့စဥ်နေ့တိုင်း ပိုမို တိုးတက်ဖို့ပဲ ဦးတည်ပြီး အလုပ်လုပ်နေခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော်တို့ အားလုံး အတွက်တော့ စိတ်ဓါတ် တက်ကြွစေရေးမှာ အရမ်းကို အရေးပါတဲ့ အရာပါပဲ ”

” ရော်နယ်ဒို ဟာ ကျွန်တော်တို့ အားလုံး အတွက်တော့ စံပြ ပုဂ္ဂိုလ် တစ်ဦးပါပဲ ။ ကျွန်တော်တို့ဟာ ကွင်းထဲမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်နေခဲ့ရတဲ့ အတွက် မီဒီယာ တွေက ဖန်သားပြင် အထက်မှာ ပြောချင်ရာတွေ ပြောနေခဲ့ကြတာပါ ” လို့ ဖရက်ဒ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar