ဘာဆာနည်းပြဟောင်းကို ယူနိုက်တက်ဆီ ခေါ်စေချင်သူ ၊ အာဆင်နယ် ရဲ့ စာရင်းထဲ ပါလာတဲ့ မာတီနက် တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

မန်ချက်စတာ စီးတီး အသင်းရဲ့ နောက်ခံလူဟောင်း လက်စ်ကော့ က မန်ယူနိုက်တက် အနေနဲ့ ဘာစီလိုနာ နည်းပြဟောင်း ( လက်ရှိ စပိန် နည်းပြ ) လူးဝစ် အန်နရီကေး ကို ခေါ်ယူ နိုင်ဖို့ ကြိုးစား သင့်ကြောင်း ၊ အန်နရီကေး ဟာ တိုက်စစ် အသားပေး ကစားသူ ဖြစ်သလို ယုံကြည်မှု အပြည့် ရှိသူ တယောက်လည်း ဖြစ်ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

 

ဒါပေမယ့် လက်စ်ကော့ က ယူနိုက်တက် အနေနဲ့ လက်ရှိမှာ ဘယ်နည်းပြ ကို ခေါ်ယူသည် ဖြစ်စေ မန်စီးတီး ကို ပုခုံးချင်း ယှဉ်နိုင်ဖို့ မလွယ်ကူသေးကြောင်းလည်း ပြောဆိုသ ွားခဲ့ ပါတယ် ။

 

 

ဝက်စ်ဟမ်း တိုက်စစ်မှူး အန်တိုနီယို က အသင်းဖော် ဂျရတ် ဘိုဝင် ဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ ထိုက်တန်တဲ့ ခြေစွမ်းတွေ ပြသနေ ပါပြီလို့ တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

 

 

အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးသစ် ရှာပုံတော် အတွက် စာရင်းထဲမှာ အင်တာ မီလန် တိုက်စစ်မှူး လူတာရို မာတီနက် ပါဝင် လာခဲ့တယ်လို့ သတင်း ထွက်လာခဲ ပါတယ် ။

 

PSG တိုက်စစ်မှူး မက်ဆီ အပေါ် အလွန်အကျူး ဝေဖန်ပြစ်တင် နေမှုအပေါ် ဆာဂျီယို အဂွေရို က တုန်ပြန် ပြောဆို အပြီးမှာတော့ ဘာစီလိုနာ မှာ အတူ ကစားခဲ့ဖူးတဲ့ ဆက် ဖာဘရီဂတ် ကလည်း မက်ဆီ ရဲ့ ဘက်ကနေ ရပ်တည် ပြောဆို သွားခဲ့ ပါတယ် ။

 

 

မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ် က ယူနိုက်တက် အသင်းထဲမှာ ခေါင်းဆောင်သူ ကိစ္စ နဲ့ ပတ်သက်ပြီး အဖွဲ့ကွဲနေပါက အမြန်ဆုံး မျက်နှာချင်းဆိုင် ဖြေရှင်းကြဖို့ ပြောဆို အကြံပြု သွားခဲ့ ပါတယ် ။

 

လီဗာပူး ဂန္ထဝင်ကြီး အီရန်ရှပ် က လီဗာပူး ပရိသတ်တွေ အနေနဲ့ အမ်ဘာပေ အန်ဖီးလ် ကို ရောက်လာမယ် ဆိုတဲ့ စိတ်ကူးယဉ်မှုတွေ ကို အဆုံးသတ်ပစ်ဖို့ ပြောဆို ခဲ့ပြီး ဂျာဂင် ကလော့ ရဲ့ လက်ရှိ အသင်းဟာ ကြောက်စရာ ကောင်းတဲ့ တိုက်စစ် အင်အားကို ပိုင်ဆိုင် ထားပြီး ဖြစ်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

 

 

လီဗာပူး တိုက်စစ်မှူး ဂျိုတာ ကတော့ ဒီတပတ် ပွဲကို မပါဝင် နိုင်သလို နောက်အပတ်လောက်ထိ နားရ နိုင်တယ်လို့ သိရ ပါတယ် ။

နယူးကာဆယ် နောက်ခံလူသစ် ထရစ်ပီယာ ကတော့ ဒဏ်ရာကို ခွဲစိတ် ကုသရဖို့ ရှိနေပြီး ရာသီ ကုန်ခါနီးလောက် အထိ နားရဖို့ ရှိနိုင်တယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

 

 

မန်စီးတီး အသင်း ပေါ်တူဂီ ကနေ ချန်ပီယံလိဂ် ကစားအပြီး ပြန်လာချိန်မှာ ပြင်းထန်တဲ့ လေတိုက်ခတ်မှု ကနေ လွတ်မြောက်အောင် မောင်းနှင် လာနိုင်ခဲ့တဲ့ လေယာဉ်မှူး ကို မန်စီးတီး နည်းပြ ဂွာဒီယိုလာ က ချီးကျုး ပြောဆို သွားခဲ့တယ် လို့ သိရှိရ ပါတယ် ။

 

 

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာတော့ ယူဗင်တပ် ဟာ တိုရီနို နဲ့ ၁ ဂိုးစီ သရေကျ ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားလျော့ သွားခဲ့ရပါတယ် ။

 

 

SPORTS MYANMAR