ဗန်ဒိုက် အထူးခြေစွမ်းပြ ကစားသွားခဲ့တဲ့ အင်တာ ဝ-၂ လီဗာပူး ပွဲစဉ်မှ လီဗာပူး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ

လီဗာပူးဟာ မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ အင်တာမီလန်ကို အဝေးကွင်းမှာ ဖာမီနို ဆာလား တို့ရဲ့ ဂိုးတွေနဲ့ အတူ ၂-၀ နဲ့ အနိုင်ယူကာ နောက်တဆင့်ကို တက်ရောက်နိုင်ရန် အခွင့်အရေးကောင်းကို ပိုင်ဆိုင် သွားခဲ့ပါတယ်။ ဒီပွဲစဉ်မှ လီဗာပူး ကစားသမားတွေရဲ့ စွမ်းဆောင်ရည်တွေကို ယခုလိုပဲ အကဲဖြတ်ပေးလိုက်ပါတယ်။

အလီဆွန် – 7
တိကျတဲ့ အနီးဘော အဝေးဘော တွေနဲ့ လီဗာပူးရဲ့ build-up play ကို ကောင်းကောင်း ကူညီပေးသွားခဲ့ပြီး ချယ်ဟန်နိုဂလူးရဲ့ ကန်ချက် တိုင်ထိထွက် ခဲ့ပေမယ့် တစ်ပွဲလုံးမှာ ကာကွယ်မှုတောင် သိပ်မလုပ်ခဲ့ရပါဘူး။

အလက်ဇန်းဒါးအာနိုး – 6.5
တိုက်စစ်ကို ပံ့ပိုးကစားမှုက ကောင်းမွန်ခဲ့ပေမယ့်လည်း ထုံးစံအတိုင်းပဲ ခံစစ်ကစားပုံကတော့ မသပ်ရပ်ခဲ့ပါဘူး။ ဘောလုံးရှင်းလင်းမှုတွေ သိပ်မကောင်းခဲ့သလို ပါရီဆစ်ကို ထိန်းချုပ်နိုင်ရန် ရုန်းကန်ခဲ့ရပြီး တွဲဖက် ခံစစ်ကစားသမားတွေ ကောင်းခဲ့လို့သာ သက်သာရာ ရခဲ့တာပါ။ ဒါပေမယ့် လီဗာပူးရဲ့ ဒုတိယဂိုးမှာတော့ ပါဝင် ပက်သက်ပေးခဲ့ပါတယ်။

ကိုနာတေး – 8
အလက်ဇန်းဒါးအာနိုးကို ကောင်းစွာ ကာဗာလုပ်ပေးခဲ့ကာ ခံစစ်မှာ မာကျောတဲ့ ကစားပုံကို ပြသခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ဘောလုံး ရှင်းထုတ်မှု တစ်ချို့ကို လုပ်သွားခဲ့တာ မြင်ခဲ့ရပြီး ဒုတိယပိုင်း အင်တာတို့ ခြိမ်းခြောက်လာချိန်မှာ လိုအပ်တဲ့ ပိတ်ဆို့ကာကွယ်မှုတွေ လုပ်ပေးခဲ့ပါတယ်။

ဗန်ဒိုက် – 9
ဒီပွဲမှာတော့ လီဗာပူးရဲ့ ခံစစ် ကျောက်ဆောင် ဖြစ်ခဲ့ပြီး ပုံစံကောင်းရနေတဲ့ ဇက်ကို တစ်ပွဲလုံး ကောင်းစွာ ထိန်းချုပ် ကစားနိုင်ခဲ့သလို ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုတွေကို ကောင်းစွာ ထိန်းချုပ် ခဲ့ပါတယ်။ ဒုတိယပိုင်းရဲ့ တစ်ချို့ အချိန်တွေမှာ ဗန်ဒိုက်ဟာ အင်တာတိုက်စစ်ကို တစ်ဦးတည်း ဒိုင်ခံ ဖြေရှင်းပေးနေတဲ့ ပုံစံမျိုးတောင် ဖြစ်နေခဲ့ပြီး ပြိုင်ဘက် တိုက်စစ် ကစားသမားတွေ အတွက် အရမ်း ကောင်းလွန်း ခဲ့ပါတယ်။

ရောဘတ်ဆန် – 6.5
မာနေးရဲ့ အခွင့်အရေး အတွက် ကောင်းမွန်တဲ့ ဖြတ်တင်ဘောကို ပေးပို့ ပေးနိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းမှာ ၎င်းရဲ့ ဘောလုံး ပေးပို့မှုတွေဟာ လွဲချော်မှုတွေ များခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ခံစစ်ကို ပိုမို အာရုံစိုက် ကစားခဲ့သလို တန်ပြန် တိုက်စစ်ဆင်မှုတွေလည်း ကောင်းလာခဲ့ပြီး အဖွင့်ဂိုး အတွက် ထောင့်ကန်ဘောကနေ ဖန်တီး ပေးခဲ့ပါတယ်။

 

 

ဖာဘင်ညို – 7.5
လီဗာပူးရဲ့ ခံစစ်ကို ကွင်းလယ် ကနေ ကောင်းစွာ ကာကွယ်ပေးခဲ့သလို ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်မှုတွေ လုပ်ပေးခဲ့ပါတယ်။ ကွင်းလယ်ကနေ ဥပမာကောင်း တစ်ခု အနေနဲ့ ဦးဆောင် ကစားသွားခဲ့ပြီး လူစားလဲခံခဲ့ရတာ ကတော့ အံ့သြစရာ ဖြစ်ခဲ့ပါတယ်။

တီယာဂို – 6.5
ပထမပိုင်းမှာ ကစားပုံကောင်းမွန်ခဲ့ကာ ၎င်းရဲ့ volley ကန်ချက် ဂိုးဘားပေါ်ကနေ အနည်းငယ် လျှံသွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အခြား လီဗာပူး အသင်းဖော်တွေလိုပဲ ပွဲချိန် ကြာလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း လွှမ်းမိုးမှု အားနည်းသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးတို့ လူစားလဲမှုတွေ လုပ်ပြီးချိန်မှာ ပြန်လည် အသက်ဝင်လာခဲ့ပြန်ပါတယ်။

အယ်လီယော့ – 5
ဒီပွဲမှာ အံ့အားသင့်ဖွယ် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပြီး ကစားပုံ ကောင်းမွန်တဲ့ အခိုက်အတန့် တစ်ချို့ ရှိခဲ့ပေမယ့်လည်း များသောအားဖြင့် ၎င်းရဲ့ ကစားပုံက ပြာနေခဲ့သလို အန္တရာယ်များတဲ့ position တွေမှာ ဘောလုံး ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီကနေ အတွေ့အကြုံကောင်းကို သင်ယူနိုင်မှာ ဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရ ပါတယ်။

ဆာလား – 6.5
ပထမပိုင်း အတွင်း ပင်နယ်တီ ဧရိယာထဲမှာ နေရာလွတ်ကို ရှာဖွေနိုင်မှုတွေ ရှိခဲ့ပေမယ့်လည်း မှန်ကန်တဲ့ ရွေးချယ်မှုတော့ မလုပ်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ပြိုင်ဘက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပျောက်ဆုံး နေခဲ့ပေမယ့်လည်း ကြိုးစားအားထုတ်မှုတွေကိုတော့ တောက်လျှောက် ပြုလုပ်ခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းရဲ့ ဒုတိယမြောက်ဂိုးကို သွင်းပေးနိုင်ခဲ့ပါတယ်။

ဂျိုတာ – 6
သူ့ရဲ့ ကိုယ်ပိုင် ကစားဟန် ဖြစ်တဲ့ တားဆီးရခက်ခဲတဲ့ ပြေးလွှားမှုတွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက် ကစားသွားခဲ့ပါတယ်။ ကန်သွင်းမှု တစ်ချို့ ရခဲ့ပေမယ့် ပြိုင်ဘက် ခံစစ်ကြောင်းကာ ပိတ်ဆို့မှုတွေ လုပ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှာ ဘောလုံး ပျက်မှုတွေတော့ များနေခဲ့ပြီး ပထမပိုင်း အပြီးမှာ ဒဏ်ရာပြသနာကြောင့် လူစားလဲခဲ့ပါတယ်။

မာနေး – 6
ပွဲချိန် မိနစ် ၃၀ အတွင်းမှာ အရမ်းကောင်းတဲ့ ကစားပုံကို ပြသခဲ့ပြီး ဂိုးသွင်းနိုင်တဲ့ အကောင်းဆုံး အခွင့်အရေး ၂ ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးပေါက်နဲ့ လွဲခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံ ကျသွားခဲ့ပြီး ဒီယက်နဲ့ လူစားလဲခံခဲ့ရပါတယ်။

လူစားဝင်
ဖာမီနို – 6.5
ဒုတိယပိုင်းမှာ ဂျိုတာ အစား ဝင်ရောက်လာခဲ့ပေမယ့်လည်း ခေါင်းတိုက် အဖွင့်ဂိုး သွင်းပေးခဲ့တဲ့ အချိန် မတိုင်မီ ပွဲကို အပေါင်းလက္ခဆောင်တဲ့ သက်ရောက်မှု ပေးနိုင်ရန် အားနည်းခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရပြီးနောက်ပိုင်းမှာတော့ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။

ဟန်ဒါဆန် – 7
မိနစ် ၆၀ မှာ ဖာဘင်ညို အစား လူစားဝင်လာပြီးနောက် ကွင်းလယ်ကနေ မာမာထန်ထန် နဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ဖြတ်တောက် ပေးခဲ့သလို လီဗာပူး ကွင်းလယ်ပိုင်းက လိုအပ်နေခဲ့တဲ့ စွမ်းအင် နဲ့ ဦးဆောင်မှုတွေကို ပေးသွားခဲ့ပါတယ်။

ကီတာ – 7
လူစားဝင်လာပြီးနောက် လီဗာပူး ကွင်းလယ်ကို ကစားပုံ တည်ငြိမ်အောင် လုပ်ပေးခဲ့ပြီး ကောင်းမွန်တဲ့ passing တွေနဲ့ ထောက်ပံ့ ပေးခဲ့ပါတယ်။

ဒီယက် – 7
ဘောလုံး ရလာတဲ့ အချိန်တိုင်း တောက်ပစွာ ကစားသွားခဲ့ကာ အင်တာမီလန် ခံစစ်ပိုင်းကို ဖိအားတွေ များစေခဲ့ပြီး ၎င်းရဲ့ အနီးကပ် ကန်ချက်ကို ပြိုင်ဘက် နောက်ခံလူ ကာကွယ်သွားခဲ့လို့ ဂိုးမရခဲ့တာပါ။

မီနာ (NA)

 

SPORTS MYANMAR