ဖရက်ဒ် ၊ အီလန်ဂါ တို့ကို လူစားဝင် ကစားစေခဲ့တာနဲ့ ပတ်သက်လို့ ဝန်ခံမှုတစ်ခု ပြုလုပ်လိုက်တဲ့ ရန်းဂနစ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညတုန်းက အီလန်ရုဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဥ် 26 ကစားခဲ့ရပြီး 2 – 4 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူနိုင်ခဲ့ကာ အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်သွားနိုင်ခဲ့ပါတယ် ။

ဒီပွဲစဥ်ရဲ့ အစောပိုင်း မိနစ်တွေမှာတော့ ယူနိုက်တက်တို့ အခွင့်အရေးကောင်း အချို့ကို ရရှိနိုင်ခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ ပွဲချိန် 34 မိနစ်မှာပဲ လုခ်ရှော ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို မက်ဂွားယား က ခေါင်းတိုက်ပြီး အဖွင့်ဂိုး ရယူပေးနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပထမပိုင်း ပြီးခါနီးမှာ ဆန်ချို ကလော်တင်ပေးလိုက်တဲ့ ဘောလုံးကို ဘရူနို ဖာနန်ဒက်စ်က ခေါင်းတိုက််ခဲ့ပြီး အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိစေနိုင်ခဲ့ ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ပထမပိုင်းကို 2 – 0 နဲ့ ဦးဆောင်ခွင့် ရရှိနိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်း စတင်ပြီး 8 မိနစ် အကြာမှာပဲ ယူနိုက်တက် တို့ ခြေပဂိုး ပေးခဲ့ရပြီး တစ်မိနစ် မပြည့်မီမှာပဲ နောက်တစ်ဂိုးပါ ပေးခဲ့လိုက်ရတဲ့ အတွက် ပွဲစဥ်ဟာ 2 – 2 ဖြစ်သွားခဲ့ရပါတယ် ။ ဒါဟာ ပရိသတ်တွေ အတွက်တော့ တကယ့်ကို စိတ်ပျက်ဖွယ် အခိုက်အတန့် ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် မကြာမီမှာပဲ ယူနိုက်တက် နည်းပြ ရန်းဂနစ် က မိုးထဲလေထဲ ခြေစွမ်း မပြနိုင် ဖြစ်နေခဲ့ကြတဲ့ လင်ဂတ် နဲ့ ပေါ့ဂ်ဘာ တို့ကို ထုတ်ပြီး ပရိသတ်တွေ အမြဲလို ဝေဖန်နေခဲ့ကြတဲ့ ဖရက်ဒ် နဲ့ လူငယ် တိုက်စစ်ကစားသမားလေး အီလန်ဂါ တို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ် ။

ဒါဟာလည်း ပရိသတ်တွေ အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ လက်တွေ့မှာတော့ ရန်းဂနစ် ထည့်သွင်းလိုက်တဲ့ ကစားသမား နှစ်ဦးက အသင်း အတွက် လိုအပ်နေခဲ့တဲ့ တတိယမြောက် နဲ့ စတုတ္ထမြောက် ဂိုးတွေကို သွင်းယူပေးသွားနိုင်ခဲ့ကြပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ ရန်းဂနစ်က ပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဂိုးတွေ သွင်းပေးကြလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ဖရက်ဒ် ၊ အီလန်ဂါ တို့ကို ထည့်သွင်း ကစားစေခဲ့မိတာ မဟုတ်ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့လိုက် ပါတယ် ။

” ပေါ့ဂ်ဘာဟာ ပထမပိုင်းထဲက ကစားပုံ ကောင်းမွန်နေခဲ့ပါတယ် ။ ဒါပေမဲ့ သူ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးလို ကစားခဲ့တာ မဟုတ်ပဲ နံပါတ် 8 ကစားသမား နှစ်ဦး ကစားသလိုမျိုး ဘရူနို နဲ့ တွဲဖက် ကစားခဲ့ ပါတယ် ။ ကျွန်တော်တို့ဟာ တောင်ပံမှာ လင်ဂတ် နဲ့ ဆန်ချို တို့ကို ကစားစေခဲ့ကြပါတယ် ”

” ပေါ့ဂ်ဘာ ကစားပုံ တကယ့်ကို ကောင်းခဲ့ပါတယ် ။ ဒါပေမဲဲ့ ပွဲချိန် မိနစ် 60 ကျော်လာတဲ့ အခါမှာ သူဟာ မောပမ်းပုံ ပေါ်လာခဲ့ ပါတယ် ။ ကာလရှည် ဒဏ်ရာ ရရှိထားတဲ့ ကစားသမားတွေမှာ ဒါဟာ ဖြစ်လေ့ ရှိတတ်တယ်လေ ။ အဲ့ဒီလို အချိန်မှာ ကစားအားကောင်းတဲ့ ဖရက်ဒ်နဲ့ အီလန်ဂါ တို့လို ကစားသမား နှစ်ဦးကို ထည့်သွင်းခြင်းက တကယ့်ကို လိုအပ်လှပါတယ် ”

” အဆုံးသတ်မှာ သူတို့ နှစ်ယောက်လုံး ဂိုးသွင်းနိုင်ခဲ့ကြတယ်လေ ။ ဒါဟာ ပွဲစဥ်ရဲ့ အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ရပါတယ် ။ ကျွန်တော်ဟာ ဂိုးတွေ သွင်းစေဖို့ သူတို့ကို ထည့်သွင်းခဲ့တာ မဟုတ်ပါဘူး ။ အသင်းထဲ ခွန်အား အချို့ကို ပေါင်းထည့်ဖို့ လိုအပ်နေခဲ့တာကြောင့် သူတို့ကို လူစားဝင် ကစားစေခဲ့တာပါ ”

” ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က ပထမပိုင်း အတွင်းမှာ ကစားခဲ့သလိုမျိုး ခွန်အား အပြည့် နဲ့ ဆက်ကစားကြမယ့် ကစားသမား စာရင်းတစ်ခုကို လိုချင်နေခဲ့တာပါ ” လို့ ရန်းဂနစ် က အနိုင်ဂိုးရှင်းတွေကို လူစားဝင် ကစားစေခဲ့တဲ့ အကြောင််းအရင်းကို ရှင်းပြသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar