ပြီးခဲ့တဲ့ ပွဲစဥ်တွေအတွင်း မန်ချက်စတာ ယူနိုက်တက််ရဲ့ အကောင်းဆုံး ကစားသမား ဘယ်သူ ဖြစ်ခဲ့သလဲဆိုတာ ပြောပြလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမားဟောင််းဖြစ်သူ ရီယို ဖာဒီနန် က တစ်စထက် တစ်စ ပုံစံကောင်းတွေ ပြသလာနိုင်ခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ််သူ ဂျေဒန် ဆန်ချိုကို ချီးကျူးရင်း ပြီးခဲ့တဲ့ ပွဲစဥ်တွေအတွင််း ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမားပဲလို့ အမွှမ်းတင်ခဲ့လိုက် ပါတယ် ။

ဂျေဒန် ဆန်ချို ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းက ပစ်မှတ်ထားခဲ့တာ အချိန် အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ် ။ ယူနိုက်တက််ကတော့ ပြီးခဲ့တဲ့ နွေတုန်းကမှ သူ့ကို ပေါင် 72 သန်း နဲ့ အရ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ စတင်ပြီး ရောက်ရှိခဲ့ချိန်တုန်းကတော့ ပုံစံကောင်းတွေ ပြသဖို့ ရုန်းကန််ခဲ့ရပြီး ပွဲထွက် ကစားခွင့်တွေတောင်မှ ပျောက်ဆုံးခဲ့ပါသေးတယ် ။ ဒါ့ကြောင့် သူဟာ ဝေဖန်မှု အချို့လည်း ခံခဲ့ရပါသေးတယ် ။

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ သူဟာ ပွဲစဥ်တိုင်းလိုလို ခြေစွမ်းကောင်းတွေ ပြသနေခဲ့ပြီး တစ်ပွဲထက် တစ်ပွဲ တိုးတက််လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ် ။ အခုတော့ သူက ဒေါ့မွန်တုန်းကလို ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပြီလို့တောင် ချီိးကျူးနေသူတွေ ရှိခဲ့ကြပါသေးတယ် ။

အခြားတစ်ဖက်မှာတော့ သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲစဥ် 4 ပွဲမှာ ကိုယ်တိုင် 2 ဂိုး သွင်းယူထားနိုင်ခဲ့ပြီး 2 ဂိုးလည်း ဖန်တီိး ပေးထားနိုင်ခဲ့ပါသေးတယ် ။ ဒါ့အပြင် ကွင်းထဲက သူ့ရဲ့ ကစားပုံကလည်း ပရိသတ်အကြိုက် ဖြစ်ခဲ့ရပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က ဆန်ချို ဟာ စွမ်းဆောင်ရည်ပိုင်းအရ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊ သူဟာ ပြီးခဲ့တဲ့ ပွဲစဥ်တွေ အတွင်း မန်ချက််စတာ ယူနိုက်တက် အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ကြောင်း ချီးကျုးခဲ့လိုက် ပါတယ် ။

” ဆန်ချိုဟာ နောက်တစ်ဆင့် တက်နိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ် ။ သူ့ ရောက်လာခဲ့တဲ့ ပထမဆုံးနေ့ထဲက ပရိိသတ်တွေ မျှော်လင့်ထားခဲ့တဲ့ ခြေစွမ်းမျိုးကို သူဟာ အခုတော့ ပြသနေခဲ့ပါပြီ ။ လက်တွေ့မှာတော့ မျှော်လင့်ထားသလို ချက်ချင်း အစွမ်းမပြနိုင်ခဲ့ပါဘူး ”

” အမှန်တရားကတော့ ‘ နားထောင်လိုက် ၊ တစ်ခါတလေ လူတွေ အံဝင်နိုင်ဖို့ အတွက် အချိန်ပေးရတယ် ‘ လို့ ပြောခဲ့ပုံ ပါပဲ ။ သူဟာ အဲ့တာကို လုပ်ဆောင်နေခဲ့ရ ပါတယ် ။ ပြီးခဲ့တဲ့ ပွဲစဥ် အနည်းငယ် တုန်းက ဆိုရင် သူက အနီရောင်် ဂျာစီ နဲ့ အကောင်းဆုံး ကစားသမား ဖြစ်နိုင်ခဲ့ပါတယ် ”

” ဒါဟာ 100 % သေချာလှ ပါတယ် ။ ဒါကို ကျွန်တော်တို့ ရှေ့ဆက် အကြာကြီး မြင်တွေ့ကြဖို့ ရှိနေပါသေးတယ် ။ ရှေ့ဆက်လိုက်ပါ ဆန်ချိုရေ ၊ ငါတို့ ဒီလို စွမ်းဆောင်ရည်မျိုး မြင်တွေ့ရတာကို နှစ်သက်မြတ်နိုးကြတယ် ” လို့ ဖာဒီနန် က ထုတ်ဖော် ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar