နော့ဝှစ်ကို နောက်ကနေလိုက်ကစားပြီး အနိုင်ရခဲ့တဲ့ ပွဲမှာ ပွဲရလဒ်ကို အလှည့်အပြောင်း ဖြစ်စေခဲ့တဲ့ လီဗာပူးကစားသမား တစ်ဦးကို ချီးကျူးလိုက်တဲ့ ကလော့

လီဗာပူးမနေ့ညက အန်ဖီးမှာ နော့ဝှစ်ကို နောက်ကနေ လိုက်ကစားကာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ယာဂန်ကလော့က အရန်ခုံကနေ လူစားဝင်လာကာ ခြားနားမှုကို ပေးစွမ်းခဲ့တဲ့ ကွင်းလယ်လူ တီယာဂိုအယ်ကန်တာရာကို အထူး ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးဟာ ဒီပွဲစဉ်မှာ လူအပြောင်းအလဲတွေ များစွာ လုပ်ခဲ့ပြီး အခွင့်အရေး များစွာ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဝ-၀ နဲ့ ပွဲပြီးခဲ့ပါတယ်။ 

 

အဲဒီနောက် ဒုတိယပိုင်းအစမှာ ရာရှီဆာရဲ့ ကန်ချက် မာတစ်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဝင်သွားခဲ့တာကြောင့် ဧည့်သည်တို့ အဖွင့်ဂိုးရသွားခဲ့ပါတယ်။ အဲဒီနောက် ကလော့ဟာ ခြေစွမ်းမပြနိုင်ခဲ့ကြတဲ့ ချိန်ဘာလိန် နဲ့ ကီတာ တို့ကို ထုတ်ကာ တီယာဂိုနဲ့ အိုရီဂီ တို့ကို ပွဲချိန် ၆၃ မိနစ်မှာ လူစားဝင်စေခဲ့ပြီး ပွဲချိန် ၆၄ မိနစ်မှာ မာနေး နဲ့ ပွဲချိန် ၆၇ မိနစ်တို့မှာ ဆာလားတို့က ဂိုးတွေ သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ပွဲပြီးဖို့ ၁၀ မိနစ် အလိုမှာ လူးဝစ်ဒီယက်က ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး တီယာဂိုဟာ ဒီပွဲစဉ်မှာ အသင်းအတွက် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ပွဲရဲ့ ရလဒ်ကို အလှည့်အပြောင်း ဖြစ်စေခဲ့ရာမှာ အဓိကကျခဲ့သူ ဖြစ်ပါတယ်။

ကလော့က “ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့ပြီး ဒါတွေကို အသုံးချနိုင်ခဲ့မယ် ဆိုရင် ပွဲဟာ လုံးဝကို ခြားနားသွားမှာပါ။ အဲဒီနောက် လူထိပြီး ဝင်သွားခဲ့တဲ့ ဂိုးဟာ အဆုံးအဖြတ်တောင် ဖြစ်သွားနိုင်ခဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးတွေဟာ လုံး၀ အရှုံးမပေးခဲ့ပါဘူး။ အရန်ခုံက ကစားသမားတွေ ကလည်း အကူအညီ ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ထည့်သွင်း ကစားစေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်က လိုမျိုး ဒါဟာ ပွဲကို အလှည့်အပြောင်း ဖြစ်သွားစေခဲ့ပါတယ်။

 

ကျွန်တော်တို့ အရမ်းကောင်းအောင် ကစားနိုင်ခဲ့ကာ လှပတဲ့ ဂိုးတွေ သွင်းခဲ့ပါတယ်။ ကျွန်တော်တို့ လူစားလဲမှု လုပ်ခဲ့တဲ့ အပြင် system ကိုလည်း 4-2-2 ပြောင်းလဲခဲ့ကာ ဒီလို အခြေအနေမှာ ဒါဟာ လိုအပ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေဟာ သူတို့ကို ကောင်းမွန်တဲ့ challenge တွေ ပေးနိုင်ခဲ့ပြီး ရုတ်တရက် ဆိုသလို ကျွန်တော်တို့ သူတို့ကို ခြိမ်းခြောက်မှုတွေ များစွာ ပေးနိုင်ခဲ့ပါတယ်။

 

တီယာဂိုရဲ့ passing တွေနဲ့ သူရဲ့ တက်ကြွပြီး fresh ဖြစ်နေကာ ယုံကြည်မှု ပြည့်ဝနေတဲ့ ကစားဟန်တွေဟာ ဒီနေရာမှာ အကူအညီ ဖြစ်စေခဲ့ပါတယ်။ သူဟာ ကစားသမားကောင်း တစ်ဦး ဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ သူ့ကို ကြံ့ခိုင်မှု ပြည့်ဝေနေအောင်ပဲ လုပ်သွားရမှာပါ။” လို့ ဆိုခဲ့ပါတယ်။

ကစားသမားသစ် ဖြစ်သူ လူးဝစ်ဒီယက်ဟာ ဒီပွဲစဉ်မှာ လီဗာပူး အတွက် ပထမဦးဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကလော့က “နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ လူးဝစ်ဟာ တကယ့်ကို ကောင်းအောင် ကစားနိုင်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ ဒီနေ့ဟာ သူ့အတွက် တအားကို ကြိုးစားခဲ့ရတဲ့ နေ့ဖြစ်ပါတယ်။ ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်ပြီး သူဟာ တကယ့်ကို အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲအတွင်းမှာ system ကို အပြောင်းအလဲ လုပ်ခဲ့ပြီး လူးဝစ်ကို အထောင်တိုက်စစ်ကို ပို့ကာ ဆာဒီယိုကို သူ့ပုံမှန်နေရာမှာ ပြန်ကစား စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာဒီယိုဟာ အထောင်တိုက်စစ်ကနေ ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် လူးဝစ်ဟာ ဒီဂိုးမှာ အရမ်းကို ကောင်းတဲ့ ပြေးလွှားမှုကို လုပ်သွားခဲ့တာပါ။ သူဟာ ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး အရမ်းအရမ်းကို ကောင်းတဲ့ ကစားသမားပါ။ သူ ဒီနေ့မှာ ပျော်ရွှင်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

 

SM