နည်းပြ ရန်းဂနစ်ရဲ့ အမှားတစ်ခုကို အရိပ်အမြွတ် ပြောပြလိုက်ပြီး ရင်ဆိုင်ရ အခက်ဆုံး ပြိုင်ဖက် အမည်ကို ထုတ်ပြောလိုက်တဲ့ ဒါးလော့

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ညာ နောက်ခံလူ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့ ကတော့ ဆောင်းရာသီ စျေးကွက်ထဲ နည်းပြ ရန်းဂနစ် ဟာ အမှား တစ်ခု ကျူးလွန်ခဲ့တယ်လို့ သဘောသက်ရောက်စေတဲ့ စကားမျိုး ထုတ်ပြောသွားခဲ့လိုက်ပါပြီ ။

ဒီယိုဂို ဒါးလော့ ဆိုတာ လက်ရှိ နည်းပြ ရဲ့လ်ဖ် ရန်းဂနစ် လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ဝမ် ဘစ်ဆာကာကို ကျော်ပြီး ပွဲထွက်ခွင့် နေရာတစ်ခုကို အပိုင်သိမ်းထားသူပဲ ဖြစ်ပါတယ် ။

ဒါးလော့ဟာ လက်ရှိ အချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဥ် 12 ပွဲမှာ 15 ပွဲအထိ ပွဲထွက်ကစားခွင့် ရယူထားနိုင်ခဲ့သူပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဥ်တွေမှာတော့ သူဟာ လက်ရွေးစင်အသင််းဖော် ရော်နယ်ဒို၊ ဘရူနို တို့နဲ့ ကောင်းစွာ ချိတ်ဆက် ကစားပြနိုင်ခဲ့ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝက်ဘ်ဆိုက် နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ် မှာ လေ့ကျင့်ရေး ကွင်းထဲ အန်သိုနီ မာရှယ် ဟာ ရင်ဆိုင်ရ အခက်ခဲဆုံး အသင်းဖော် ဖြစ်ခဲ့ကြောင်း ပြောကြားခြင်းဖြင့် သူ့ကို အငှားချခဲ့တာ မှားယွင်း​ကြောင်း သဘောထားသက်ရောက််စေတဲ့ စကားမျိုး ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် ပြိုင်ပွဲတွေမှာတော့ ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင််ဖက် က ဘယ်သူလဲလို့ အမေးခံလိုက်ရချိန်မှာတော့ ဘာစီလိုနာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရစဥ်က မက်ဆီ ကို ဟန့်တားရ အခက်ခဲဆုံး ဖြစ်ခဲ့ကြောင်း ဒါးလော့ က ဆက်လက် ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ အန်သိုနီ မာရှယ် လို့ပဲ ကျွန်တော် ပြောချင်ပါတယ် ။ ပြိုင်ပွဲတွေမှာ ဆိုရင်တော့ ကျွန်တော့် အတွက် ရင်ဆိုင်ရ အခက်ခဲဆုံး က မက်ဆီပဲ လို့ ပြောပါရစေ ။ ကျွန်တော် (2019 ခုနှစ်) ဘာစီလိုနာ နဲ့ ရင်ဆိုင်ခဲ့ရစဥ်တုန်းက သူ့ကို ဟန့်တားရ ခက်ခဲခဲ့ရတယ်လေ ” လို့ ပြောရင်း ကစားခွင့်တွေ ရနေတဲ့အပေါ်…

” အခုတော့ ကစားခွင့် အတွေ့အကြုံ တွေနဲ့ ပတ်သက်လို့ ကျွန်တော် ပြောလို့ရတာ ရှိနေပါပြီ ။ ကျွန်တော့် အတွက်တော့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ရဲ့ အတွေ့အကြုံ က အရမ်းကို ကောင်းမွန်လှ ပါတယ် ။ ဒီမှာ ကျွန်တော်ဟာ လေ့လာသင်ယူခွင့်တွေ အများကြီး ရရှိနေပါတယ် ”

” ကျွန်တော်ဟာ အသင်းရဲ့ ညာနောက်ခံလူ နေရာမှာ ပွဲထွက် ကစားပေးနိုင်စွမ်း ရှိတယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့သူ တစ်ဦးပါ ။ ကျွန်တော် ပြောခဲ့ဖူးသလိုပါပဲ ၊ ကျွန်တော်် ဒီအသင်းမှာ အကြာကြီး ဆက်နေပြီး ပွဲတွေလည်း အများကြီး ဆက်ကစားပေးလိုပါတယ် ”

” ဒီအသင်းအတွက် ပွဲတွေ အများကြီး ကစားပေးရေးဆိုတာ လက်ရှိ ကျွန်တော့်ရဲ့ ရည်မှန်းချက် တစ်ခုပါပဲ ။ အခု အချိန်မှာ ကျွန်တော်ဟာ ပွဲစဥ်တွေ ကစားခွင့် ပိုပြီး ရရှိနေခဲ့ပါတယ် ။ ဒီအတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်မှုတွေ ခံစားနေခဲ့ရပါတယ် ”

” မန်နေဂျာ နဲ့ ပတ်သက်လို့ ပြောရရင် ကျွန်တော်တို့ဟာ ယဥ်ကျေးမှု ၊ ဘာသာ စကား ၊ မတူညီတဲ့ စိတ်ဓါတ် ခံယူချက် တွေကိုလည်း လေ့လာ သိရှိခွင့် ရရှိနေခဲ့ကြပါတယ် ။ ဒါက ကျွန်တော်တို့ အားလုံးအတွက် စာမျက်နှာ အသစ် တစ်ခုပါ ။ သူနဲ့ သိခွင့်ရတာ တကယ်ပဲ ကောင်းမွန်လှပါတယ် ” လို့ ဒါးလော့ က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar