ဒမ်ဘီလီ နဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မေတ္တာရပ်ခံ စကားဆိုရင်း ထရာအိုရေး ကို ချီးကျူးလိုက်တဲ့ ဇာဗီ

တနင်္ဂနွေနေ့ နူးကမ့်မှာ ကစားခဲ့တဲ့ ပွဲအပြီးမှာ ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ဟာ ပွဲမစခင် ဒမ်ဘီလီ ကို အော်ဟစ် လှောင်ပြောင် ခဲ့ကြတဲ့ ပရိသတ်တွေ အပေါ် အဲ့ဒီလို ထပ်မလုပ်ကြဖို့ မေတ္တာရပ်ခံ စကား ဆိုသွားခဲ့ပါတယ် ။

ဒမ်ဘီလီ ဟာ ဘာစီလိုနာ အသင်းနဲ့ စာချုပ် သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆို ထားပါတယ် ။ ဆွေးနွေး ညှိနှိုင်းမှုတွေ မအောင်မြင်ချိန်မှာ ဘာစီလိုနာ အသင်းရဲ့တာဝန်ရှိသူတွေဟာ ဒမ်ဘီလီ ကို ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ် ခဲ့ပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ နည်းပြ ဇာဗီ ကတော့ ဒမ်ဘီလီ ကို အသင်းမှာ ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ မနေ့က ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲမတိုင်မှီ လူစာရင်း ကြေညာချိန်မှာ ဘာစီလိုနာ ပရိသတ်တွေဟာ ဒမ်ဘီလီ နာမည် ကို အရောက် ဝိုင်းဝန်း အော်ဟစ် လှောင်ပြောင် ခဲ့ကြပါတယ် ။

ပွဲအပြီးမှာတော့ ဇာဗီ ဟာ အဲ့ဒီလို မလုပ်ကြဖို့ ဘာစီလိုနာ ပရိသတ်တွေကို မေတ္တာရပ်ခံ စကား ဆိုသွားခဲ့ပါတယ် ။ ” ကျွန်တော်ကတော့ ပရိသတ်တွေ ဒမ်ဘီလီ ကို အားပေး ကြတာမျိုးပဲ ဖြစ်စေချင်ပါတယ် ၊ သူ့ကို လှောင်ပြောင်တာမျိုး ထပ်မလုပ်ကြတော့ဖို့ ပြောချင်ပါတယ် ။ ”

” သူ့ကို လူစားလဲ ထည့်သွင်းကစားဖို့ စီစဉ် ထားခဲ့ပေမယ့် တခြား အရာတွေကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲ ခဲ့ရပါတယ် ။ အနီကဒ် ကြောင့်ရယ် ၊ ပွဲအခြေအနေ အရကြောင့်ရယ်ပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ အက်သလက်တီကို မက်ဒရစ် အသင်းကို ၄-၂ နဲ့ အနိုင်ရပြီး အဆင့် ၄ နေရာ ရောက်ရှိ လာခဲ့ပါတယ် ။ တီကို နဲ့ ပွဲမှာ ကစားသမားသစ် ထရာအိုရေး ပွဲထွက် ကစားခဲ့ပြီး ဂိုးဖန်တီးမှု တစ်ကြိမ်လည်း လုပ်နိုင် ခဲ့ပါတယ် ။

ဇာဗီ က ထရာအိုရေး ရဲ့ ခြေစွမ်း အပေါ်လည်း ခုလို မှတ်ချက် ပေးသွားခဲ့ပါတယ် ။ ” အဒါမာ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပွဲဦးထွက်ပါပဲ ။ သူက တောင်ပံ ကစားသမား စစ်စစ်ပါ ၊ ကျွန်တော်တို့ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခုပါပဲ ။ ”

” သူက ဘယ်အချိန်မှာ ကစားသမားကို ဘယ်လို ကျော်ဖြတ် ရမလဲ ၊ ဘယ်အချိန်မှာ လူပေးရမလဲ ကောင်းကောင်း သိသူပါ ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အနေအထား ကလည်း တကယ့်ကို ပြိုင်ဘက်ကင်း ပါပဲဗျာ ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။

SM