ထိပ်သီး လေးသင်း စာရင်းဝင်ရေးမှ မန်ချက်စတာ ယူနိုက်တက်ကို ဟန့်တားနိုင်တဲ့ တစ်ခုထဲသော အသင်း အမည််ကို ပြောပြလိုက်တဲ့ ရှမိုက်ကယ်

ယူနိုက်တက် ဂန္တဝင် ပီတာ ရှမိုက်ကယ် ကတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး လမ်းကြောင်းကို ဟန့်တားနိုင်တဲ့ အသင်း တစ်သင်းသာ ရှိနေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင််းက အီလန်ရုဒ် ကွင်းထဲမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ရင်ဆိုင်ခဲ့ရပြီး 2 – 4 ဆိုတဲ့ ရလဒ် နဲ့ နိုင်ခဲ့တဲ့ အတွက် ပရီးမီးယားလိဂ် အမှတ်ပေး ဇယားရဲ့ အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပါတယ် ။

ဒီပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အဖွင့်ဂိုးကို လုခ်ရှောရဲ့ ထောင့်ကန်ဘော ကန်တင်ပေးမှုမှတဆင့် မက်ဂွားယား က ခေါင်းတိုက် သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါက ယူနိုက်တက် အတွက် 1 နှစ်ကျော် အကြာမှ ထောင့်ကန်ဘောမှ ဂိုးသွင်းနိုင်ခြင်း ဖြစ်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက် အတွက် ဘရူနို ဖာနန်ဒက်စ် က ဂိုးသွင်းပေးခဲ့ပြီး ဒုတိယပိုင်း စတင်ပြီး မကြာမီမှာ လိဒ်စ် ဖက်မှ ရိုဒရီဂို ၊ ရာဖင်ဟာ တို့က ဂိုးတွေ ဆက်လက် သွင်းယူပေးခဲ့ကြတဲ့ အတွက် ယူနိုက်တက် ပရိသတ်တွေ စိတ်ပျက််ခဲ့ကြရပါသေးတယ် ။

ဒါပေမဲ့ ယူနိုက်တက် အတွက် လူစားဝင်ခဲ့ကြတဲ့ ဖရက်ဒ် နဲ့ အီလန်ဂါ တို့က တစ်ဂိုးစီ သွင်းယူပေးရင်း 2- 4 ဆိုတဲ့ ရလဒ်် နဲ့ အနိုင် ရရှိစေခဲ့ကြတာကြောင့် ယူနိုက်တက်တို့ အဆင့် 4 နေရာမှာ ဆက်လက် ရပ်တည်ရင်း ထိပ်သီး လေးသင််း စာရင်းဝင်ဖို့ မျှော်လင့်ချက် အားကောင်း သွားခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ပီတာ ရှမိုက်ကယ် က မန်ချက်းတာ ယူနိုက်တက် အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိိစေရေးမှ ဟန့်တားနိုင်စွမ်းရှိတဲ့ အသင်း တစ်သင်းသာရှိနေကြောင်း ၊ အဆိုပါ အသင်းက ပုံစံကောင်းတွေ ရရှိနေတဲ့ အာဆင်နယ် အသင်းဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အာဆင်နယ် အသင်းဟာ ခမ်းနားတဲ့ ပုံစံကောင်းအချို့ကို ပြသနိုင်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါပေမဲ့ လက်ရှိ အသင်းရဲ့ စွမ်းဆောင်ရည် ၊ ရလဒ်တွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လွန်ခဲ့တဲ့ ပွဲစဥ် 5 ပွဲ အတွင်း အာဆင်နယ်ထက် အနည်းငယ်ပိုကောင်းပြနိုင်ခဲ့ပါတယ် ”

” သူတို့ရဲ့ ကစားပုံကို ကြည့်ရတာ ခက်ခဲနေတာတော့ အမှန််ပါပဲ ။ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးအတွက် လက်ကျန် ကစားရမယ့် ပွဲစဥ် အရည်အတွက်ထက် ရမှတ်ပိုမိုစုဆောင််းနိုင်ဖို့ က အရေးကြီးလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်် ” လို့ ပီတာ ရှမိုက်ကယ် က ပြောသွားခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar