တော့တင်ဟမ်တို့ မန်စီးတီးကို အံ့အားသင့်ဖွယ် နိုင်သွားခဲ့တဲ့ အပေါ် သူဘယ်လို တုန့်ပြန်ခဲ့သလဲဆိုတာ ထုတ်ဖော်လိ်ုက်တဲ့ ကလော့

လီဗာပူး နည်းပြ ယာဂန်ကလော့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်တို့ မန်ချက်စတာစီးတီးကို အီတီဟတ်မှာ ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပေမယ့်လည်း ဒါဟာ အရေးပါတဲ့ အရာမဟုတ်ဘူးလို့ ပယ်ချသွားခဲ့ကာ သူ့ရဲ့ ကစားသမားတွေ အနေနဲ့ လာမည့် ဗုဒ္ဓဟူးနေ့ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်ကိုသာ ၁၀၀% အာရုံစိုက်သွားရန် တိုက်တွန်း သွားခဲ့ပါတယ်။

မန်စီးတီးဟာ အီတီဟတ်မှာ တော့တင်ဟမ်ကို ဒရမ်မာဆန်ဆန် ရှုံးနိမ့်သွားခဲ့တာကြောင့် အစောပိုင်းပွဲစဉ်က နော့ဝှစ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ မန်ချက်စတာကလပ်ရဲ့နောက် ၆ မှတ် အကွာ တစ်ပွဲလျော့ အနေအထားကို ရောက်လာခဲ့ပါတယ်။ လီဗာပူး အနေနဲ့ ကြားရက်မှာ ကစားရမယ့် ပွဲကျန်မှာ လိဒ်ကို အန်ဖီးမှာသာ နိုင်ခဲ့မယ်ဆိုရင် မန်စီးတီးနဲ့ ၃ မှတ်အကွာကို ရောက်လာမှာ ဖြစ်ပါတယ်။

ဒ့ါကြောင့် title race ဟာ alive ဖြစ်သွားခဲ့ပြီး လာမည့် ဧပြီလ ၉ ရက်နေ့ မန်စီးတီး နဲ့ လီဗာပူးတို့ အီတီဟတ်မှာ ကစားရမယ့် ပွဲစဉ်ဟာ အဆုံးအဖြတ် ဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

စပါးတို့ စီးတီးကို နိုင်သွားခဲ့တဲ့ အပေါ် ဘယ်လိုမျိုး မြင်မိသလဲဆိုတဲ့ မေးခွန်းကို ကလော့က “အမှန်တကယ်တော့ တော့တင်ဟမ်တို့ ၂-၁ နဲ့ နိုင်နေချိန်မှာ ကျွန်တော် အိမ်ကို ပြန်နေတာ ဖြစ်ပါတယ်။ အဲဒီနောက် ကျွန်တော် အိမ်ကို ပြန်ရောက်ချိန်မှာ ဒီပွဲရဲ့ ရလဒ်နဲ့ ပက်သက်ပြီး သိပ်ပြီး မသိချင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ မန်စီးတီးတို့ ဘယ်လိုပဲ ဖြစ်ဖြစ် ချေပဂိုး ပြန်သွင်းသွားမယ် ဆိုတာ ကျွန်တော် ယုံကြည်နေလို့ပါ။

အဲဒီနောက် ကျွန်တော် အပြင်ကို သွားခဲ့ပြီး ကားဒရိုက်ဘာက အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ရလဒ်က ၂-၂ ဖြစ်သွားခဲ့ပြီး အခု ၃-၂ ဖြစ်သွားပြီလို့ ပြောခဲ့ပါတယ်။ ၃-၂ လို့ သူပြောလိုက်ချိန်မှာ စီးတီးတို့ ဒီပွဲကို ၃-၂ နဲ့ နို်င်သွားပြီလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ‘NO..တော့တင်ဟမ်က ၃-၂ နဲ့ နိုင်သွားခဲ့တာ’ လို့ ပြောခဲ့ပါတယ်။ ကျွန်တော် အံ့အားသင့်မိပြီး ‘Oh!’ လို့ တုန့်ပြန်မိပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ တုန့်ပြန်မှုပါ။ ကျွန်တော်တို့ အတွက် ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။ ကျွန်တော်တို့ လက်ကျန်ပွဲတွေ အားလုံးကို အနိုင်ယူသွားရမှာပါ။

မန်စီးတီးတို့ သူတို့ရဲ့ ပွဲတွေ အားလုံး အနိုင်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သမိုင်းကြောင်းအရ tradition အရ သူတို့ဟာ ဒီလိုမျိုး လုပ်နိုင်ခဲ့လေ့ ရှိပါတယ်။ ကျွန်တော်တို့ သူတို့နဲ့ တစ်ပွဲ ကစားရအုံးမှာပါ။ ဒါဟာ ကျွန်တော်တို့ သေချာပေါက် အနိုင်ချင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ကလော့က တော့တင်ဟမ်တို့ အီတီဟတ်မှာ နိုင်ခဲ့ခြင်းဟာ ဘာမှ ပြောင်းလဲသွားတာ မရှိဘူးလို့ ဆိုလိုက်ပြီး သူ့ရဲ့ လီဗာပူး အသင်းအနေနဲ့ title race ကို စဉ်းစားနေမယ်ဆိုရင် လိဒ်က စားသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

ကလော့က “ရမှတ်ကွာဟမှုက ၁၂ မှတ် ၁၅ မှတ် ဆိုရင်တော့ ဒါဟာ လုံးဝြခားနားတဲ့ အခြေအနေ ဖြစ်နေမှာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ တော့တင်ဟမ်ရဲ့ နိုင်ပွဲဟာ သိပ်ပြီး ပြောင်းလဲသွားတာတော့ မရှိပါဘူး။ တကယ်တော့ ဘာမှ မပြောင်းလဲပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ လိဒ်နဲ့ပွဲစဉ်ကို ၁၀၀% အာရုံစိုက်သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ပွဲတည်းနဲ့ အမှတ်ပေးဖလားကို မဆွတ်ခူးပါဘူး။ ကျွန်တော်တို့ အရမ်းခက်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲကို အနိုင်ရအောင် ကြိုးစားသွားရမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လိဒ်က ဘယ်လို အသင်းလဲ ဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ အရမ်းကို ရဲရင့်ကာ တိုက်စစ်ပိုင်းက စိတ်လှုပ်ရှားစရာ ကောင်းပြီး ရှိသမျှ အစွမ်းကုန် ကစားခဲ့ကြပါတယ်။ ခံစစ်ပိုင်းမှာတော့ ကျွန်တော်တို့ သူတို့ကို ပြသနာတွေ ပေးနိုင်ပေမယ့် တစ်ကွင်းလုံး လူကပ်ကစားတဲ့ system ကြောင့် ကစားရတာ ခက်ခဲပါတယ်။ ဒါဟာ ကစားရ ခက်ခဲစေပြီး ကိုယ့်အနေနဲ့ ပုံစံကောင်း မပြသနိုင်ဘူးဆိုရင် လိဒ်က ကိုယ့်ကို စားသွားမှာပါ။” လို့ ပြောလိုက်ပါတယ်။

SM