တကယ့်ကို ကြောင်တောင်တောင်နိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်ဖို့ ရန်းဂနစ်ကို တိုက်တွန်းလိုက်တဲ့ တင်ရှားဝုဒ်

လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် နေရာကို ကြည့်လိုက်မယ်ဆိုရင် အဓိက ကစားခွင့် ရရှိနေခဲ့ကြတဲ့ ကစားသမား သုံးဦး က ဗာရန်း ၊ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ ဖြစ်တယ်ဆိုတာကို မြင်တွေ့ရပါတယ် ။

အဲ့ဒီထဲမှာတော့ ဒီရာသီ ခြေစွမ်း အတည်ငြိမ်ဆုံး ခံစစ်မှူး ဘယ်သူလဲလို့ မေးရင် ဗာရန်းပဲ လို့ အားလုံးက တညီတညွတ် ဖြေဆိုကြမှာ အသေအချာပါပဲ ။ အဲ့လို ဖြစ်လာအောင်လည်း ပြင်သစ် လက်ရွေးစင် က တည်ငြိမ်မှုတွေ ပြသထားနိုင်ခဲ့ပါတယ် ။

အဲ့တာပြီးရင်တော့ ယခင်တုန်းက အမှားတွေ ကျူးလွန်မှုကြောင့် ဝေဖန်မှုတွေအောင် ရောက်ခဲ့တဲ့ လင်ဒီလော့ဖ် က ဒီနှစ် ခြေစွမ်းပိုကောင်းလာတယ်လို့ ပြောလို့ရပါတယ် ။ ဒါပေမဲ့ အရင်တုန်းက ခေါင်းဆောင်ကောင်း ဖြစ်ခဲ့တဲ့ မက်ဂွားယား ကတော့ အခုရာသီမှာ ခြေစွမ်း အညံ့ဆုံး ဖြစ်နေခဲ့ပါတယ် ။

ဒါ့ကြောင့် လက်ရှိကစားသမားတွေ ပြသထားခဲ့တဲ့ ကွင်းအတွင်း စွမ်းဆောင်ရည်ကို အခြေခံပြီး ကြည့်လိုက်မယ်ဆိုရင် ပွဲထွက်ခွင့်ကို ဗာရန်း က သေချာပေါက် ရသင့်ပြီး သူနဲ့ ဘယ်သူ့ကို ပူးတွဲ ကစားခွင့် ပေးသင့်သလဲ ဆိုတာကိုပဲ ဆုံးဖြတ်ရမှာပါ ။

ဒါပေမဲ့ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ နည်းပြဟောင်း တစ်ဦး ဖြစ်ခဲ့တဲ့ တင်ရှားဝုဒ် ကတော့ ဗာရန်းကို ကြောက်စရာကောင်းသူ လို့ ခေါင်းစဉ်တပ်လိုက်ပြီး ဂိုးမပေးခဲ့ရတဲ့ ဘရိုက်တန် နဲ့ ပွဲစဉ်မှ စွမ်းဆောင်ရည် အရ မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့ကို ပွဲထုတ် ကစားစေသင့်တယ်လို့ ပြောခဲ့လိုက် ပါတယ် ။

သူတို့ အတွဲဟာ ယခင်ထဲက ပူးပေါင်း ကစားပုံ အားရစရာ မကောင်းခဲ့လို့ ယူနိုက်တက်တို့ ဗာရန်းကို ခေါ်ယူခဲ့ကြတာပါ ။ ဒါပေမဲ့ တင်ရှားဝုဒ် ကတော့ ပါတနာရှစ်အရ သူတို့ကိုသာ ပွဲထုတ်သင့်တယ်လို့ ပရိသတ်တွေ လက်ခံမှာ မဟုတ်တဲ့ မှတ်ချက်မျိုး ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

” အဓိက ကတော့ ဗဟိုခံစစ် နေရာမှာ ပါတနာရှစ် တစ်ခု ရှိနေစေရေး ပါပဲ ။ ဟယ်ရီ မက်ဂွားယား က ဗစ်တာ လင်ဒီလော့ဖ် နဲ့ ဆိုရင် ကစားပုံ ပိုကောင်းပါတယ် ။ အကယ်လို့ ကျွန်တော်တို့ ဗာရန်း အကြောင်း ပြောရရင် သူက လွတ်နေသလိုပါပဲ ။ သူဟာ ကြောက်မက်ဖွယ် (ဆိုးရွား) ပါပဲ ”

 

” သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ကတည်းက စွမ်းဆောင်ရည်တွေ ကြောက်မက်ဖွယ် ဖြစ်နေခဲ့ပါတယ် ။ မက်ဂွားယား ဆိုတာက half way line တွေမှာ ခုခံ ကစားလိုသူ တစ်ဦးပါ ။ ဗာရန်း ကလည်း အဲ့ဒီမှာပဲ ကစားလိုနေခဲ့ ပါတယ် ။ သူတို့ နှစ်ဦးရဲ့ ကစားပုံ level ညီမနေခဲ့ပါဘူး ”

” လင်ဒီလော့ဖ် ကစားခဲ့တဲ့ နောက်တစ်ည (ဘရိုက်တန်နဲ့ 2 – 0 ပွဲ) မှာတော့ ယူနိုက်တက်ဟာ ပိုကောင်းခဲ့ ပါတယ် ။ သူတို့ နှစ်ဦး ကစားချိန် ယူနိုက်တက် ခံစစ်က ပိုကောင်းခဲ့ပါတယ် ။ ဘောလုံးမှာတော့ ခံစစ်ပိုင်း အကောင်းဆုံး ပါတနာရှစ် ရှာနိုင်ဖို့ အရေးကြီးလှပါတယ် ”

” ဒီအတွက် မန်နေဂျာ ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ်လှ ပါတယ် ။ သူ့အနေနဲ့ ချန်ပီယံလိဂ် ဖလားတွေ နဲ့ ကမ္ဘာ့ ဖလား ပါ ဆွတ်ခူး နိုင်ခဲ့တဲ့ ကစားသမားမျိုးကို ပွဲထွက် ကစားသမား စာရင်းထဲက ချန်လှပ်ဖို့ ပြတ်သားရပါ့မယ် ” လို့ တင်ရှားဝုဒ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar