စစ်ဖြစ်ဖို့ ပြင်ဆင်နေတဲ့ ယူကရိန်း ပြည်သူတွေ အတွက် ဂုဏ်ယူပြီးသားလို့ ဆိုလိုက်တဲ့ ရှက်ဖ်ချန်ကို

ယူကရိန်း နိုင်ငံ ရဲ့ ပြယုဂ် ဘောလုံးသမားကြီးလို့ သတ်မှတ်လို့ရတဲ့ အေစီ မီလန် တိုက်စစ်မှုးဟောင်းကြီး ရှက်ဖ်ချန်ကို က ရုရှား နဲ့ စစ်ဖြစ်ဖို့ ပြင်ဆင်နေတဲ့ သူ့ရဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးအတွက် “အပြည့်အ၀ ဂုဏ်ယူပြီးသား” လို့ ပြောဆိုလိုက်ပါတယ်။

ဗလာဒီမာ ပူတင် က သူ့ရဲ့ တပ်တွေကို ယူကရိန်း နယ်စပ် ကို ဖြတ်ကျော်ဖို့ အမိန့်ပေးထားပြီးပြီ ဖြစ်ကာ ၊ ဒီမနက်ကလဲ “ ရုရှား ရဲ့ သဘောထားက ညှိနှိုင်း ဆွေးနွေးမှာ မဟုတ်ကြောင်း” ကို အခုလို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

“ ကျနော် တို့ နိုင်ငံ က အရမ်း ရှုပ်ထွေးလှတဲ့ ပြသနာမျိုးတွေကို အဖြေရှာဖို့ အတွက် ပွင့်ပွင့်လင်းလင်း နဲ့ ရိုးသားစွာ ဆွေးနွေး ပြောဆိုလေ့ရှိပါတယ်။ ကျနော့်တို့ နိုင်ငံသားတွေ ရဲ့ လုံခြုံရေး နဲ့ ပတ်သက်လာရင်တော့ ရုရှား ရဲ့ သဘောထားကို လာပြီး ညှိနှိုင်းလို့ မရပါဘူး” လို့ မီဒီယာ သမားတွေကို ပြောဆိုခဲ့ ပါတယ်။

ပူတင် ရဲ့ ဆုံးဖြတ်ချက် အပေါ် တစ်ကမ္ဘာလုံးက စိုးရိမ်စိတ် အပြည့်နဲ့ စောင့်ကြည့် နားစွင့်နေကြပါတယ်။ လေ့လာ သုံးသပ်သူတွေ ကတော့ ရုရှား ဟာ 1945 ခုနှစ် နောက်ပိုင်း ဥရောပ မြေပေါ်မှာ အကြီးမားဆုံး စစ်ပွဲကို ဖန်တီးဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယူကရိန်း ကလဲ ရုရှား ရဲ့ ကျူကျော်လာမှု ကို တုန့်ပြန်ဖို့ ပြင်ဆင်နေချိန်မျိုး ဖြစ်လို့ ၊ အေစီ မီလန် နဲ့ ချဲဆီး တိုက်စစ်မှုးဟောင်းကြီး ရှက်ဖ်ချန်ကို က သူ့ နိုင်ငံသားတွေ အပေါ် အခုလို သတင်းစကား ပါးလိုက်တာ ဖြစ်ပါတယ်။

“ ယူကရိန်း က ကျနော်တို့ အမိမြေပါ။ ဒီနိုင်ငံ နဲ့ နိုင်ငံသားတွေကြောင့်ပဲ ကျနော် အမြဲတမ်း ဂုဏ်ယူခဲ့မိတာပါ။

ကျနော်တို့ဟာ အခက်ခဲပေါင်းစုံကို ကျော်ဖြတ်ခဲ့ကြပြီးပါပြီ။ လွန်ခဲ့တဲ့ နှစ် 30 အတွင်း ကြည့်လိုက်မယ် ဆိုရင် နိုင်ငံတစ်ခုကို စုဖွဲ့ တည်ဆောက်နိုင်ခဲ့ ပါတယ်။ ဒီနိုင်ငံက နွေထွေးတယ် ၊ အလုပ်ကြိုးစားပြီး ၊ လွတ်လပ်မှုကို မြတ်နိုးတဲ့ ပြည်သူတွေ နေထိုင်ကြတာပါ။ ဒါက ကျနော်တို့ ရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုပါပဲ။

ဒီနေ့မှာတော့ ကျနော်တို့ အားလုံး ခက်ခဲတဲ့ အခိုက်အတန့် တစ်ခုကို ရင်ဆိုင်နေကြရပါတယ်။ ဒါပေမယ့် နိုင်ပွဲရတဲ့ အချိန်ထိ အားလုံး စုစည်းနေကြရအောင်ပါ။ အောင်ပွဲက ယူကရိန်း အတွက်ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

သူဟာ အေစီ မီလန် အတွက် စုစုပေါင်း 8 ရာသီ ပါဝင် ကစားခဲ့ကာ 322 ပွဲမှာ 175 ဂိုး အထိ သွင်းယူရင်း ဥရောပ ရဲ့ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှုး တစ်ယောက် အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ လ မှာတော့ ဂျီနိုအာ နည်းပြ အဖြစ် စီးရီးအေ ပြိုင်ပွဲဆီ ပြန်လည် အခြေချခဲ့ ပါတယ်။

သို့သေ်ာလဲ စီးရီးအေ 10 ပွဲ ကိုင်တွယ် ပြီးချိန်မှာ 3 မှတ်သာ ရယူနိုင်ခဲ့တဲ့ အတွက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

ကမ္ဘာသူ ကမ္ဘာသားတွေ စစ်ဘေးဒဏ်တွေကနေ ကင်းဝေးကြပါစေဗျာ…..

SM