ဂျိုတာနဲ့ ဖာမီနို တို့ရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေကို ပြောပြသွားခဲ့တဲ့ ယာဂန်ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့က ဒီယေဂိုဂျိုတာရဲ့ ခြေကျင်းဝတ်ဒဏ်ရာဟာ ပထမထင်ထားတာထက် အနည်းငယ် ပိုကောင်းတယ်လို့ ဆိုလိုက်ပေမယ့် ရော်ဘတ်တိုဖာမီနို ကတော့ ကြွက်သားဒဏ်ရာကြောင့် အချိန်တစ်ခုတော့ နားသွားရလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ကလော့ဟာ မနေ့ညက နော့ဝှစ်ကို အနိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒီတိုက်စစ်မှုး နှစ်ဦးရဲ့ အခြေအနေကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

ဂျာမန်နည်းပြဟာ ဒီပွဲစဉ်မှာ ဂျိုတာ ပါဝင်ပေးနိုင်မှာ မဟုတ်ကြောင်းကို အစောကတည်းက ပြောထားခဲ့တာ ဖြစ်ပြီး ဖာမီနိုရဲ့ မပါဝင်မှုကနေ line-up ထွက်လာချိန်မှ သိခဲ့ရတာပါ။

နော့ဝှစ်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကလော့က “ဒီယေဂိုရဲ့ အခြေအနေဟာ ကျွန်တော်တို့ ပထမ ထင်ထားခဲ့တာထက် အနည်းငယ် ပိုကောင်းနေပါတယ်။ ဘော်ဘီ (ဖာမီနို) နဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင်တော့ သူ တစ်စုံတစ်ရာ ခံစားခဲ့ရတာကို ကြားရက်က ပွဲစဉ် အပြီးကျမှ ကျွန်တော်တို့ သိခဲ့ရတာပါ။ အသေးစား ဒဏ်ရာလို့ပဲ ကျွန်တော်တို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် ဒါဟာ ကြွက်သားဒဏ်ရာပါ။ ဒီဟာ ဘယ်လောက် ကြာကြာ နားသွားရမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဒီအချိန်မှာတော့ မသိသေးပါဘူး။ ဒါပေမယ့် သူ လာမည့် ပွဲစဉ်မှာတော့ သေချာပေါက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ သူ့အခြေအနေကို ကြည့်သွားရပါမယ်။

ဘော်ဘီဖာမီနိုဟာ ဒီ ကြွက်သားဒဏ်ရာကြောင့် တစ်ချိန်တစ်ခုတော့ နားသွားရပါမယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရှိတဲ့ ကောင်လေးတွေကို ကြံ့ခိုင်မှု ပြည့်ဝအောင် ဆက်ထားကာ ဒီနေ့ ပွဲအတွင်းမှာ ကောင်လေးတွေ ပြသခဲ့တဲ့ စိတ်ဓာတ်မျိုးတွေကို ဖန်တီး သွားရမှာပါ။” လို့ ဆိုခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာ လီဗာပူးရဲ့ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုး ကလည်း အသင်းရဲ့ လူစာရင်းမှာ ပါဝင်ခဲ့ခြင်း မရှိဘဲ ကလော့က ဒါနဲ့ ပက်သက်ပြီး ရှင်းပြမှု လုပ်သွားခဲ့ပါတယ်။

ကလော့က “ကျွန်တော်တို့ ဒီနေ့မှာ ထရန့်ကို အနားပေး ခဲ့ပါတယ်။ သူ့ကို အရန်ခုံမှာ ထားပြီး အနားပေးမလား ဒါမှမဟုတ် လုံး၀ အနားပေးမလား ဆိုပြီး စဉ်းစားခဲ့ကာ နောက်ဆုံးမှာ ဒီလို ဆုံးဖြတ်ခဲ့တာပါ။” လို့ ဆိုသွားပါတယ်။

ဂျိုတာနဲ့ ဖာမီနို တို့ ဒဏ်ရာကြောင့် နားနေရခြင်းဟာ လာမည့် busy week တွေ မတိုင်မီ လီဗာပူးအတွက် စမ်းသပ်မှု ဖြစ်လာမှာပါ။ ကလော့ဟာ နော့ဝှစ်နဲ့ ပွဲစဉ်မှာ front three အဖြစ် မာနေး ဆာလား ဒီယက် တို့ကို အသုံးပြုသွားခဲ့ပြီး မာနေးက အထောင်တိုက်စစ်မှာ ပွဲချိန် အများစုကို ကစားသွားခဲ့ပါတယ်။

လီဗာပူး အနေနဲ့ အန်ဖီးမှာ နော့ဝှစ်ကို လွယ်ကူစွာ အနိုင်ရလိမ့်မယ်လို့ လူတော်တော်များများ ထင်မှတ်ထားခဲ့ပေမယ့်လည်း ပွဲချိန် ၄၈ မိနစ်မှာ ရှာရှီဆာရဲ့ ဂိုးနဲ့ နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။ အဲဒီနောက် ကလော့ အနေနဲ့ ကီတာ ချိန်ဘာလိန် တို့နေရာမှာ တီယာဂို နဲ့ အိုရီဂီ တို့ကို ထည့်ကာ system ပြောင်းကစားခဲ့ပြီး မာနေးက bicycle kick နဲ့ ချေပဂိုးသွင်းပေးခဲ့ပါတယ်။

အဲဒီနောက် ဆာလားဟာ လီဗာပူးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး အီဂျစ်စတား ဒီပွဲစဉ်မှာ ပြိုင်ဘက်ကို အခြိမ်းခြောက်နိုင်ဆုံး နဲ့ ဖန်တီးမှု အလုပ်နိုင်ဆုံး ကစားသမား ဖြစ်ပြီး ဒီသွင်းဂိုးနဲ့ ထိုက်တန်ခဲ့ပါတယ်။

 

ဒီယက်က လီဗာပူး ကစားသမား ဘ၀ ပထမဦးဆုံး ဂိုးနဲ့ ပွဲသိမ်းဂိုးကို ရယူပေးခဲ့ပြီး ဂျိုတာ နဲ့ ဖာမီနိုတို့ မရှိပေမယ့် တိုက်စစ်က ပြိုင်ဘက်ခံစစ်တွေကို ခြိမ်းခြောက်နေနိုင်ဆဲ ဆိုတာကို ပြသသွားခဲ့ပါတယ်။

SM