ဂျိုတာနဲ့ ဖာမီနို တို့ထဲက ကာရာဘောင်ဖလားဖိုင်နယ်ကို သေချာပေါက်လွဲမယ့် ကစားသမားကို ပြောပြလိုက်တဲ့ ပက်လင်ဒါ

လီဗာပူး လက်ထောက်နည်းပြ ပက်လင်ဒါက လာမည့် တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ ကစားရမယ့် ကာရာဘောင်ဖလား ဖိုင်နယ် ပွဲစဉ်မတိုင်မီ ကလပ် အနေနဲ့ တိုက်စစ်မှုး ဒီယေဂိုဂျိုတာရဲ့ ကြံခိုင်မှု အခြေအနေကို ဆက်လက် စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ရော်ဘတ်တိုဖာမီနို ကတော့ ၀င်ဘာလေဖိုင်နယ်မှာ ပါ၀င်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက် ပါတယ်။

ဂျိုတာ (ခြေကျင်း၀တ်) နဲ့ ဖာမီနို (ကြွက်သား) တို့ဟာ ဒဏ်ရာ ပြသနာတွေကြောင့် လီဗာပူးရဲ့ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်ထားခဲ့ပြီး ဂျိုတာက ဖာမီနိုထက် မြန်မြန် ပြန်ကောင်းလာဖို့ ရှိနေပါတယ်။

ပက်လင်ဒါက “ဘော်ဘီရဲ့ အခြေအနေကို ကျွန်တော်တို့ လာမည့် ၂ ရက်အတွင်း ဆက်လက် စောင့်ကြည့်သွားရမှာပါ။ သူဟာ ပြန်ကစားနိုင်ဖို့ အတွက် အပြင်းအထန်ကို ကြိုးစားနေပါတယ်။ ဒါပေမယ့် ဖိုင်နယ် ပွဲစဉ်မှာတော့ သူအသင်းရဲ့ လူစာရင်းမှာ ပါ၀င်နိုင်မှာ မဟုတ်ပါဘူး။ သူ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ အတွက်တော့ ကျွန်တော်တို့ မျှော်လင့်နေ ပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အားလုံး သိကြတဲ့ အတိုင်းပဲ သူ့ရဲ့ ကစားပုံဟာ ကျွန်တော်တို့ရဲ့ ကစားဟန်မှာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာ သိနိုင်ပါတယ်။

ဒါ့ကြောင့် ပြန်လာဖို့ အတွက် သူ အသဲအသန် ကြိုးစားနေတာကို ကျွန်တော် ပျော်ရွှင်မိပါတယ်။ သူ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဂျိုတာ ကတော့ အခုအချိန်မှာ တည့်တည့်ပြေးလွှားတာတွေ ၊ direction ပြောင်းတဲ့ ပြေးလွှားမှုတွေ နဲ့ ဘောလုံးနဲ့ ပက်သက်တဲ့ လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ ဒါ့ကြောင့် ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။ ဖိုင်နယ် ပွဲစဉ်အတွက် သူ မပါနိုင်ဘူးလို့ မပြောနိုင်ပေမယ့်လည်း ဒါဟာ စိန်ခေါ်မှု အဖြစ် ရှိနေပါသေးတယ်။” လို့ ဆိုလိုက်ပါတယ်။

ပြိုင်ဘက် ချဲလ်ဆီး အသင်းနဲ့ ပက်သက်ပြီး ပက်က “ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ချန်ပီယံ ချဲလ်ဆီးအသင်းဟာ ဒီဖလား အတွက် အပြင်းအထန် ပြိုင်ဆိုင်မှာပါ။ ကျွန်တော်တို့ကလည်း ဥရောပရဲ့ ချန်ပီယံ ကမ္ဘာ့ချန်ပီယံနဲ့ ယှဉ်ပြိုင်ဖို့ သွားမှာပါ။ ချဲလ်ဆီးဟာ ထိပ်တန်းအသင်းကြီး ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူတို့ဟာ အတွေ့အကြုံတင် မကဘဲ နည်းစနစ်ကလည်း ကြွယ်၀ပါတယ်။ သူတို့ဟာ ပြိုင်ဘက်ရဲ့ နေရာလွတ်တွေကို အမြဲရှာဖွေ ကစားလေ့ရှိတဲ့ အသင်းလို့ ကျွန်တော် ခံစားမိပါတယ်။

သူတို့ဟာ ကျွန်တော်တို့ ချန်ထားတဲ့ နေရာလွတ်တိုင်းကို အသုံးပြုနိုင်ပါတယ်။ လာမည့် ၂ ရက်မှာ ဒါတွေနဲ့ ပက်သက်ပြီး ကျွန်တော်တို့ လေ့လာရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ဒီဖိုင်နယ်အတွက် ရင်ခုန်နေပါတယ်။ ဘာလို့လဲဆိုတော့ မန်နေဂျာ အမြဲပြောလေ့ ရှိတဲ့ အတိုင်းပဲ ကျွန်တော်တို့ အကောင်းဆုံး အသင်း မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး အသင်းကို အနိုင်ယူနိုင်စွမ်းရှိတဲ့ အသင်း ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ လာမည့် ၂ ရက်အတွင်း ဒီလို ဖြစ်အောင် ကြိုးစားသွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM