ချဲလ်ဆီးနဲ့ ကာရာဘောင်ဖလား ဖိုင်နယ် မတိုင်မီ ဂျိုတာရဲ့ ဒဏ်ရာအခြေအနေကို ပြောပြလိုက်တဲ့ ကလော့

ယာဂန်ကလော့က လီဗာပူး တိုက်စစ်မှုး ဒီယေဂိုဂျိုတာ အနေနဲ့ လာမည့် စနေနေ့ နော့ဝှစ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြု သွားခဲ့ကာ ပေါ်တူဂီ စတားရဲ့ ဒဏ်ရာ အတိမ်အနက်ကို ဆက်လက် စစ်ဆေးမှုတွေ လုပ်သွားဖို့ လိုအပ်နေသေးတယ်လို့ ပြောခဲ့ပါတယ်။ 

 

 

 

 

ဂျိုတာဟာ အင်တာကို လီဗာပူးတို့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ဖာမီနိုနဲ့ လူစားလဲထိုး ခဲ့ရပြီး အီတလီ ကနေ protective boot နဲ့ ထွက်သွားခဲ့တာကို မြင်ခဲ့ရပါတယ်။

လီဗာပူး ပရိတ်သတ်တွေ ကတော့ ဒီရာသီ ဂိုးသွင်းခြေစွမ်းပြသနေတဲ့ ဂျိုတာ အနေနဲ့ လာမည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ချဲလ်ဆီးနဲ့ ဝင်ဘာလေမှာ ကစားရမယ့် လိဂ်ဖလားဖိုင်နယ်ကို လွဲချော်မှာကို စိုးရိမ်နေကြ ပါတယ်။

 

 

 

ဂျိုတာ အနေနဲ့ အဆိုပါ ပွဲစဉ်မှာ ပါဝင် ကစားနိုင် မကစားနိုင် ဆိုတာ မသေချာပေမယ့် ကလော့က မနက်ဖြန် နော့ဝှစ်ကို အန်ဖီးမှာ လက်ခံ ကစားရမယ့် ပွဲစဉ်ကိုတော့ သေချာပေါက် လွဲချော်သွားမှာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

 

 

 

 

ယနေ့ညမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကလော့က “သူ ဒီတစ်ပတ် ပွဲစဉ်မှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒဏ်ရာကို နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ လုပ်သွားရ အုံးမှာပါ။ သူ့ရဲ့ ဒဏ်ရာက ခြေကျင်းဝတ် ပတ်ဝန်းကျင်က အရွတ်မှာ ဖြစ်ခဲ့တာပါ။

သူ အကာအကွယ် ဖိနပ်ကို ဝတ်ဆင်ထားခဲ့တာကို ပြီးခဲ့တဲ့ နေ့က အားလုံးလည်း မြင်တွေ့ ခဲ့မှာပါ။ ဒါပေမယ့် အတိအကျ သိရဖို့ အတွက် ကျွန်တော်တို့ စောင့်သွားရမှာပါ။

 

 

 

ဒီတစ်ပတ် ပွဲစဉ် အတွက်တော့ သေချာပေါက် ပါဝင် ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်ထပ် စစ်ဆေးမှုတွေ လုပ်သွားဖို့ လိုအပ်ပါသေးတယ်။ ခြေကျင်းဝတ်နားက အရွတ်တွေမှာ ထိခိုက်မှု ရှိခဲ့တာပါ။ အရာအားလုံး ဖြစ်နိုင်ပါတယ်။

လျှင်လျှင်မြန်မြန်နဲ့ ပြန်လည် သက်သာ လာနိုင်သလို နောက်တစ်မျိုးလည်း ဖြစ်သွားနိုင် ပါတယ်။ ကျွန်တော်တို့ စောင့်သွားရမှာပါ။ ဒါပေမယ့် ဒီတစ်ပတ် ပွဲစဉ် အတွက် လုံး၀ အခွင့်အရေး မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

 

 

 

 

ဂျိုတာ ဒဏ်ရာ ရသွားခဲ့ပေမယ့်လည်း လီဗာပူး အသင်းဟာ လက်ရှိမှာ လူစုံတက်စုံ ဖြစ်နေတာကြောင့် ကလော့ အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ကစားသမားကောင်းတွေ ဖြစ်ကြတဲ့ ဂျိုးဂိုးမက်ဇ် အိုရီဂီ မီနာမီနို နဲ့ ကာတစ်ဂျုံး တို့ကို အသင်းရဲ့ Matchday squad ကနေ ဖယ်ထုတ်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး မန်နေဂျာက ကစားသမားအားလုံး အတွက် အခွင့်အရေးက ရှိနေဆဲလို့ ပြောသွားခဲ့ပါတယ်။

 

 

 

 

ကလော့က “ကစားသမားတွေကို matchday squad မှာ မပါဝင်ဘူးလို့ ပြောရတာဟာ အခက်ခဲဆုံး အပိုင်းတော့ မဟုတ်ပေမယ့် ကျွန်တော် ကြိုက်နှစ်သက်မှု အနည်းဆုံး အပိုင်းတော့ ဖြစ်ပါတယ်။ ကောင်လေးတွေဘက်က ကိုယ့်ကို အကြောင်းပြချင် ပေးနိုင်အောင် ပြုမူမယ် ဆိုရင် ကိုယ့်ဘက်က ပြောရတာ လွယ်ပါတယ်။

ဥပမာ ဘားကို ၃ ရက်လောက် သွားတာတို့ pub ထဲမှာ ရှိခဲ့တဲ့ ဓာတ်ပုံတွေ တွေ့တာတို့ ဘာတို့ပေါ့။ ကောင်လေးတွေဟာ ဒါမျိုး တစ်ခါမှ မရှိခဲ့တာကြောင့် ကျွန်တော်တို့ ဒါကို သုံးလို့ မရခဲ့ပါဘူး။

 

 

 

ဘယ်ကစားသမားမှ ဒီလို ချန်လှပ်ခံရတာနဲ့ မထိုက်တန်ပါဘူး။ ဒီလို ဆုံးဖြတ်ရတာ မလွယ်ပါဘူး။ အားလုံးဟာ ခက်ခဲပါတယ်။ ကျွန်တော် မကြိုက်ပါဘူး။ ဒါပေမယ့် ဒါဟာ game ရဲ့ အစိတ်အပိုင်းပါပဲ။ ဒါပေမယ့် နောက်တစ်ပတ်မှာ ပွဲထွက်ခွင့်ရဖို့ အခွင့်အရေးက ရှိနေဆဲပါ။

ကိုယ့်ရဲ့ အနေအထားကောင်းကို ထိန်းထားဖို့ပဲ လိုပါတယ်။ ကျွန်တော့်ကို စိတ်ဆိုးပါ။ ပြ ဿနာကိုယ့်ရဲ့ အနေအထားကောင်းကို ထိန်းထားဖို့ပဲ လိုပါတယ်။ ကျွန်တော့်ကို စိတ်ဆိုးပါ။ ပြဿနာမရှိပါဘူး။ စိတ်ပျက်ပါ။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နောက်တစ်နေ့မှာ ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသပြီး ကျွန်တော့်ကို ဆုံးဖြတ်ရ ခက်ခဲအောင် လုပ်သွားပါ။ရှိပါဘူး။ စိတ်ပျက်ပါ။ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် နောက်တစ်နေ့မှာ ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံကို ပြသပြီး ကျွန်တော့်ကို ဆုံးဖြတ်ရ ခက်ခဲအောင် လုပ်သွားပါ။

ဘာလို့လဲဆိုတော့ လေ့ကျင့်ရေးကွင်းမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ချလိုက်မယ်ဆိုရင် ဒါဟာ ကောင်းမွန်တဲ့ ဖြေရှင်းချက် မဟုတ်ပါဘူး။ ဒါဟာ မှားယွင်းတဲ့ လမ်းကို လျှောက်သလို ဖြစ်သွားမှာပါ။ ဒီလိုမျိုးတော့ မဖြစ်ခဲ့ပါဘူး။ ဒီအုပ်စုဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။” လို့ ဆိုခဲ့ပါတယ်။

 

 

 

 

SM

 

 

 

 

 

 

 

 

 

SM