ချန်ပီယံလိဂ် ဝင်ခွင့်ရရှိရေး လမ်းကြောင်းမှာ မန်ချက်စတာ ယူနိုက်တက်ဟာ အာဆင်နယ်ထက် အခွင့်သာသေးတယ်လို့ ပြောဆိုရှင်းပြလိုက်တဲ့ အီယန်ရိုက်

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ အီယန်ရိုက်က ပြိုင်ဖက်ဟောင်းမန်ချက်စတာ ယူနိုက်တက် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရေး လမ်းကြောင်းမှာ သူ့ရဲ့ အသင်းဟောင်းထက် အခွင့်ပိုသာသေးတယ်လို့ ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင််းတုန်းက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ တန်းဆင်းဇုန်က ဝက်ဖို့ဒ် အသင်း နဲ့ ဂိုးမရှိ သရေ ရလဒ်သာ ရယူနိုင်ခဲ့တဲ့နောက် သူတို့အပေါ် ဝေဖန်သူတွေ အတော်လေး များပြားလာခဲ့ပါသေးတယ် ။

အဆိုပါ ပွဲစဥ်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင််းဖက်မှ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ အန်သိုနီ အီလန်ဂါ တို့ဟာ တကယ့် ရွှေရောင် အခွင့်အရေးတွေကို အသုံံးချနိုင်ခြင်း မရှိခဲ့ကြပါဘူး ။

ဒါ့ကြောင့် ယူနိုက်တက်တို့ဟာ မဖြစ်မနေ ဂိုးပြတ်နိုင်ခဲ့သင့်တဲ့ အိမ်ကွင်း ပွဲစဥ်မျိုးမှာ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ကျေနပ်ခဲ့လိုက်ရတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက််တို့ဟာ အမှတ်ပေး ဇယား အဆင့် 4 နေရာမှာ ဆက်လက်် ရပ်တည်နိုင်ခဲ့ပါသေးတယ် ။

အခြားတဖက်မှာတော့ အာဆင်နယ် အသင်းက အဆိုပါ ရက်သတ္တပါတ်မှာ နိုင်ပွဲ ရယူနိိုင်ခဲ့တဲ့ အတွက် ယူနိုက်တက်် အသင်းထက် 3 ပွဲလျော့ ကစားပြီးချိန် 2 မှတ် အကွာ ၊ အဆင့် 6 နေရာမှာ အနီးကပ် ဖိအားပေးသွားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ယူနိုက်တက်တို့ ဒီရာသီ ထိပ်သီး လေးသင်း စာရင်း ဝင်နိုင်မလားဆိုတာ သံသယ ဖြစ်နေရပါပြီ ။

ဒါပေမဲ့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ အီယန်ရိုက် က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လက်ရှိ ရပ်တည်နေတဲ့နေရာမှာ ဆက်လက် ရှိနေနိုင်ဖို့ အများကြီး ကြိုးစားရဦးမှာ ဖြစ်ကြောင်း ၊ ယူနိုက်တက် အသင်းမှာ အခွင့်အလမ်းကောင်းတွေ ရှိနေကြောင််း ဖွင့်ဟခဲ့လိုက် ပါတယ် ။

” အာဆင်နယ် အသင်းဟာ အခု ရှိနေတဲ့ နေရာမှာ ဆက်လက််ရှိနေဖို့ အတွက်ဆိုရင် ကြိုးစားမှုနဲ့အတူ အလုပ်တွေ အများကြီး လုပ်ရပါလိမ့်ဦးမယ် ။ လက်ရှိ အတွေ့အကြုံ နည်းတဲ့ ကစားသမားတွေ ရှိရင်းစွဲ လူငယ်တွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ အံ့ဖွယ် အရာတွေ လုပ်ပြနေတယ်လို့ ပြောလို့ရနိုင်ပါတယ် ”

” ဟုတ်ပါတယ် ၊ ပွဲကျန် 3 ပွဲ ရှိပါသေးတယ် ။ ဒါပေမဲ့ ကစားရမယ့် အသင်းတွေက တော့တင်ဟမ် ၊ ချဲလ်ဆီး နဲ့ လီဗာပူး အသင်းတွေပါ ။ ဒါ့ကြောင့် အဲ့တာက သူတို့တွေ အတွက် ခက်ခဲနေပါလိမ့်ဦးမယ် ။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သူတို့ ဘာလုပ်နိုင်လဲဆိုတာ ကြည့်လိုက််ပါ ”

” သူတို့တွေဟာ အခွင့်အရေးတွေကို မယူနိုင်ခဲ့ကြပါဘူး ။ အမှန်ဆို ဒီပွဲက သူတို့ သေချာပေါက် အနိုင်ရခဲ့သင့်တဲ့ ပွဲစဥ် တစ်ပွဲပါ ။ အာဆင်နယ် အတွက် ခက်ခဲနေဦးမှာပါ ။ ဘာလို့လဲဆိုတော့ သူတို့ အခုလုပ်ပြနေတာကို ပိုကောင်းအောင် လုပ်ဖို့ လိုအပ်နေသေးလို့ပါပဲ ”

” မန်ချက်စတာ ယူနိုက်တက် အသင်းကျတော့ သူတို့က ဒီထက် ပိုလုပ်နိုင်ပါတယ် ။ ဒီထက် ပိုပြီး လုပ်ပြနိုင်ခဲ့သင့်ပါတယ် ။ ဒီအတွက် ကစားသမား အင်အားလည်း ရှိနေတယ်လေ ။ အာဆင်နယ် အသင်းမှာကျတော့ အဲ့တာမျိုး ရှိမနေပါဘူး ။ သူတို့က ရှိတာနဲ့ ကောင်းအောင် ကစားပြနေရတာပါ ”

” ယူနိုက်တက်က ဝက်ဖို့ဒ်ကို အနိုင်ယူနိုင်စွမ်း ရှိတယ်ဆိုတာကို အားလုံး သိကြပါတယ် ။ ဒါပေမဲ့ အာဆင်နယ်မှာတော့ အဲ့ဒီလို အပိုင်တွက်လို့ရနိုင်တာမျိုး မရှိသေးပါဘူး ။ ယူနိုက်တက် နဲ့ သူ့ရဲ့ ပရိသတ်တွေ ကတော့ ရလဒ် ကို စိတ်ပျက် နေကြမှာပါ ။ ဒါက စောင့်ကြည့်ရတာ စိတ်ပျက််စရာ ဖြစ်ခဲ့ရတယ်လေ ” လို့ အီယန်ရိုက် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar